ကိုဗစ်ကာကွယ်ဆေးကို ရှုဆေးအနေနဲ့ ထုတ်လုပ်ရန် အင်္ဂလန်စတင် စမ်းသပ်ပြီ
ကိုဗစ်ကာကွယ်ဆေးအတွက် ခြေလှမ်းသစ် တရပ် (ကိုဗစ်ကာကွယ်ဆေးကို ရှုဆေးအနေနဲ့ ထုတ်လုပ်ရန် အင်္ဂလန်စတင် စမ်းသပ်ပြီ)
ယူကေနိုင်ငံ Imperial College of London ဟာ ကိုဗစ် ကာကွယ်ဆေးကို ရှုဆေးအနေနဲ့လူမှာစတင်စမ်းသပ်ပြီဖြစ်ပါတယ်။ အဲ့ဒီကာကွယ်ဆေးကို လူအယောက် ၃၀ မှာစတင်စမ်းသပ်နေပြီး အောက်စဖို့တက္ကသိုလ်က ကြိုးပမ်းနေတဲ့ ဆေး နဲ့ နှိုင်းယှဉ်ပြီးစမ်းသပ်နေတယ်လို့ ဆိုပါတယ်။
အဲ့ဒီရှုဆေးဟာ ကိုဗစ် စတင်ကူးစက်တဲ့ အသက်ရှုလမ်းကြောင်းထဲကို တိုက်ရိုက်ရောက်ရှိမှာဖြစ်ပြီး ထိုးဆေးထက် ရောဂါခံနိုင်အားပိုမိုထိရောက်နိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ကိုဗစ်မှာ ကြောက်ရတာက airborne droplets လို့ ခေါ်တဲ့ လေထဲကပိုးပါလာမယ့်အမှုန်တွေပါ။
အဲ့ဒီသိပ္ပံပညာရှင်အဖွဲ့ရဲ့ခေါင်းဆောင် ဒေါက်တာခရစ်ချူး ရဲ့အပြောအရ တုပ်ကွေးကာကွယ်ဆေးကို နှာခေါင်းဖြန်းဆေးနဲ့ သုံးရာမှာ တုပ်ကွေးကိုကာကွယ်ပေးသလို ရောဂါပိုးပြန့်ပွားမှုလျော့အောင် အထောက်အကူပြုတာကို တွေ့ရပါသတဲ့။ အခုစမ်းသပ်မှုကို ဆေးပမာဏ အနည်းအများအုပ်စုခွဲပြီး စမ်းသပ်မှာဖြစ်ပါတယ်။
သွေးနမူနာယူမယ်၊ အသက်ရှုလမ်းကြောင်း ကနေ နှာခေါင်းတို့ဖတ် နမူနာယူမယ်၊ အဆုတ်အတွင်းပိုင်းတို့ကနေ အခြေအနေနမူနာကို ယူပြီး ကာကွယ်ဆေးရှုဆေးရဲ့ အာနိသင်ကို စောင့်ကြည့်လေ့လာမှာ ဖြစ်ပါတယ်။ နှာခေါင်းနဲ့ လည်ချောင်းထဲမှာ antibodies တုန့်ပြန်မှုဘယ်လောက်ရှိသလဲကိုလည်း လေ့လာကြမှာဖြစ်ပါတယ်။
အခုလို ကိုဗစ် ကပ်ရောဂါဟာ အသက်ရှုလမ်းကြောင်းဗိုင်းရပ်စ်အမျိုးအစားဖြစ်တာကြောင့် #အခုလိုရှုဆေးအနေနဲ့ ကာကွယ်ဆေးကိုစမ်းသပ်ခြင်းဟာ အများကြီးအကျိုးကျေးဇူးဖြစ်ထွန်းနိုင်ပါတယ်။
ထိုးဆေးတွေအနေနဲ့ ကြွက်သားထဲကတစ်ဆင့် ထိုးသွင်းပြီး antibodies ကိုရရှိတာဖြစ်ပြီး အခုလို ရောဂါကူးမယ့်နေရာကို တိုက်ရိုက်ကာကွယ်ဆေးထိမိအောင်လုပ်ခြင်းဟာ antibodies တုန့်ပြန်မှုပိုမိုမြန်ဆန်ကောင်းမွန်လာနိုင်တာကြောင့် ခြေလှမ်းသစ်တစ်ရပ်မျှော်လင့်ချက်သစ်တစ်ရပ် ဖြစ်ပါကြောင်း။
Richard Myo Thant