ကိုဗစ်တိုက်ပွဲရဲ့ နည်းဗျူဟာ ထပ်ပြောင်းပြီ (ပိုးတွေ့လူနာများကို နေအိမ်တွင်သာ ထားရှိမည်)

ကိုဗစ်တိုက်ပွဲရဲ့ နည်းဗျူဟာ ထပ်ပြောင်းပြီ (ပိုးတွေ့လူနာများကို နေအိမ်တွင်သာ ထားရှိမည်)

ကိုဗစ် အတည်ပြုလူနာကို နေအိမ်တွင်ထားရှိနိုင်ရေး စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီဒုဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

အဆိုပါအခြေအနေသည် လူနာတွေ့ရှိမှု တက်လာခြင်း (သို့မဟုတ်)ထိန်းချုပ်ထားနိုင်ခြင်းအပေါ်မူတည်၍ ဖြစ်လာဖွယ်ရှိကြောင်း နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် အောက်တိုဘာ ၃ ရက်တွင် အသိပေးခဲ့ခြင်းဖြစ်ပါတယ်။

‘‘Next Step က ဘာလဲဆိုတော့ ဒီ Containment (ဟန့်တားထိန်းချုပ်ရေး)မှာ အခုက ကိုဗစ် စင်တာတွေမှာ ထားတာပေါ့။ တကယ်လို့ နောက်တစ်ဆင့်ဆိုရင် တချို့လူနာတွေကို နိုင်ငံတကာမှာလုပ်သလို အိမ်မှာထားဖို့ Contain at Home ပေါ့။ အဲဒီအခါကျရင် ရန်ကုန်တိုင်း အစိုးရအဖွဲ့နဲ့ လုံခြုံရေးနဲ့ သေချာပေါင်းစပ်ပြီး အဲဒီလိုနေနိုင်တဲ့သူတွေကို ထားဖို့ပေါ့’’ ဟု ဒေါက်တာဇော်ဝေစိုးက ရှင်းပြပါတယ်။ အဆိုပါအစီအစဉ်ကို ကိုဗစ် ထိန်းချုပ်၊ ကုသ၊ ကာကွယ် ရေးအမျိုးသားအဆင့်ဗဟိုကော် မတီက ဆုံးဖြတ်ရမည်ဖြစ်ပြီး ယခုအချိန်တွင် စတင်ဆွေးနွေး နေပြီဟု အသိပေးပါတယ်။

နေအိမ်တွင် နေထိုင်ကုသရန် အခက်အခဲရှိသူများကိုမူ ကိုဗစ် စင်တာများ၌ ဆက်လက် ကုသပေးမည်ဖြစ်ပြီး လတ်တ လော လူနာတွေ့ရှိမှုနှုန်းနှင့် တိုး ချဲ့နေသော ကိုဗစ် စင်တာများ နှင့် ထိန်းထားနိုင်သေးကြောင်း ဆေးတက္ကသိုလ် (၁) ပါမောက္ခ ချုပ် ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။ ထို့အပြင် ဆေးရုံကြီးများ တွင် ပြင်းထန်လူနာ (သို့မဟုတ်) လက္ခဏာအတော်အသင့်ရှိသူ များအတွက် အောက်ဆီဂျင်အလုံ အလောက်ရရှိရေး စီမံချက်ရေး ဆွဲကာ အရေးပေါ် လုပ်ငန်းအဖြစ် သတ်မှတ်ဆောင်ရွက်နေသည်ဟု ထပ်လောင်းအသိပေးပါတယ်။

အဆိုပါ ပိုးရှိလူနာဦးရေ ၇,၀၀၀ မှ ၈,၀၀၀ ကို ပြုစု ဆောင်ရွက်မှုများသည် နိုင်ငံ တော်၊ အထူးသဖြင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစွမ်း ကုန် ဖြည့်ဆည်းပေးမှုများဟု လည်း ပါမောက္ခချုပ်က ညွှန်းဆိုပါတယ်။

‘‘အိမ်မှာနေနိုင်တဲ့သူတွေ ထားဖို့ကတော့ ရောဂါဖြစ်တဲ့သူ ရဲ့ လက်ရှိနေထိုင်မှုပုံစံ။ ပြီးတော့ သူ့ရောဂါအခြေအနေ။ ဒါတွေအ ရေးကြီးတယ်လို့မြင်တယ်။ တစ် ခုခုဖြစ်လာပြီဆိုလည်း သူတို့အ နေနဲ့ အမြန်ဆုံးဆက်သွယ်နိုင် မယ့် တာဝန်ရှိသူဖုန်းနံပါတ်တွေ ပါဆောင်ထားရမယ်။ ဒါမှ အမြန် ဆုံး အကူအညီပေးနိုင်မယ်။ နောက် သက်ဆိုင်ရာကညွှန်ကြား ထားတဲ့ အချက်အလက်တွေ လိုက်နာဖို့က အဓိကကျလိမ့်မယ်’’ ဟု ဗိုလ်တထောင်မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိန်သောင်းက သုံးသပ်ပါတယ်။

သို့သော် အတည်ပြုလူနာ များ နေအိမ်တွင်ထားရှိပါက လို အပ်သည့် လုံခြုံရေးချထားမှုအပါ အဝင် လမ်းညွှန်ချက်တစ်စုံတစ် ရာမရရှိသေးကြောင်း ၎င်းကဆိုပါတယ်။

‘‘အခုလည်း ရောဂါလက္ခ ဏာ သိပ်မတွေ့ရတဲ့သူတွေကို နေအိမ်မှာသီးခြားနေဖို့ ကျွန် တော်တို့က ညွှန်ကြားတယ်။ အဲဒီ မှာ လိုက်နာတဲ့သူတွေရှိသလို မလိုက်နာတာတွေလည်း တွေ့ရ တယ်။ မိသားစုနဲ့ သီးခြားနေပါဆို လည်း မရဘူး။ အဲဒီတော့ ပိုးရှိတဲ့ သူတွေ များကုန်တယ်။ နောက် တစ်ချက်က ဒီ Contain at Home စနစ်က တစ်ဦးတစ်ယောက်ချင်း လိုက်နာမှ အောင်မြင်မယ်။ နိုင်ငံတကာမှာလည်း ကျင့်သုံးနေတာဆိုတော့ လိုက်နာတဲ့သူများလေ အောင်မြင်မှုများ လေဖြစ်လာလိမ့်မယ်’’ ဟု Fever Clinic တာဝန်ခံ ဒေါက်တာကျော် မင်းထွန်းက ပြောပါတယ်။

ကိုဗစ် လူနာကို နေ အိမ်တွင်နေထိုင်နိုင်သည့် အစီအ စဉ်ကို ထောက်ခံပြီး ဆေးရုံကြီး များနှင့် ကုသရေးစင်တာများ၌ အရေးပေါ်လူနာကို ကုသပေးရေး ပိုမိုအာရုံစိုက်နိုင်ကာ နေအိမ်တွင် ၁၁ ရက်ကြာ (သို့မဟုတ်) ၁၄ ရက်ကြာ နေထိုင်ပြီးစီးခဲ့သည့် အ တည်ပြုလူနာကိုမူ ၎င်းမှတစ်ဆင့် အခြားသူသို့ ရောဂါကူးစက်မှု မဖြစ်စေတော့သည့် ထောက်ခံစာ ကို မြို့နယ်များရှိ Fever Clinic များက ထုတ်ပေးနိုင်မည်ဟု ၎င်း ကဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page