ကိုဗစ်လူနာများကို လက်ခံ မကုသနိုင်ကြောင်း အာရှတော်ဝင်ဆေးရုံ ကြေညာ
ကိုဗစ်လူနာများကို လက်ခံ မကုသနိုင်ကြောင်း အာရှတော်ဝင်ဆေးရုံ ကြေညာ
ကိုဗစ် သံသယ လူနာများအား လက်ခံကုသမူ့ မပြုနိုင်ခြင်းအတွက် နားလည်ခွင့်လွှတ်ပေးပါရန် အာရှတော်၀င်ဆေးရုံက ကြေညာလိုက်ပါတယ်။
ကြေညာချက်အရ အာရှတော်ဝင် ဆေးရုံ သည် အယုတ်အလတ် အမြတ်မရွေး၊ လူမျိုးဘာသာ မရွေးကုသပေးနေသည့် ဆေးရုံ ဖြစ်ပါသည်။ မိမိတို့ဆေးရုံတွင် အဓိက ရောဂါဌာနများ ဖြစ်သော နှလုံး၊ ဦးနှောက်နှင့် အာရုံကြော၊ အရိုးအကြော၊ အထွေထွေ ဆေးပညာ၊ အထွေထွေခွဲစိတ်၊ မီးယပ် နှင့် ကလေး လူနာများအား အချိန်မရွေးပြုစုကုသပေးနေပါသဖြင့် ယခု လက်ရှိဆေးရုံ အနေအထားအရ ကိုဗစ် သံသယ လူနာများ လက်ခံကုသမှုမပြုနိုင်ခြင်းအား နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်ဟု ကြေညာဖော်ပြထားသည်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးကလည်း ပြင်ပ ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်လူနာကုသရန် မူအားဖြင့်သဘောတူထားကြောင်း ပြောကြားထားပါတယ်။