မြန်မာပြည် ကိုဗစ်တိုက်ပွဲအတွက် နိုင်ငံစုံက ဒေါ်လာ သန်း ၈၀ ထောက်ပံ့လိုက်ခြင်းနဲ့ နောက်ဆုံးရသတင်းများ

မြန်မာပြည် ကိုဗစ်တိုက်ပွဲအတွက် နိုင်ငံစုံက ဒေါ်လာ သန်း ၈၀ ထောက်ပံ့လိုက်ခြင်းနဲ့ နောက်ဆုံးရသတင်းများ

ပိုးကူးစက်မှုခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သီးသန့်ထားရှိကုသမှာဖြစ်ပီး အဲဒီလို ကုသနိုင်ဖို့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြင်ဆင်နေပါပီ။

လိုအပ်တဲ့ ဆေးပစ္စည်းတွေ ဝယ်ယူဖို့ ဂျပန်နိုင်ငံက ပေးတဲ့ ဒေါ်လာ ၂၇ သန်းအပါအဝင် အပြည်ပြည်ဆိုင်ရာက ထောက်ပံ့ငွေ ဒေါ်လာ သန်း ၈၀ ကျော်အထိ ရရှိထားပါတယ်။ အစိုးရကလဲ ကျပ် ဘီလီယံ ၂၆၇ ကျော် ထပ်မံထောက်ပံ့ထားပါတယ်။

သတိပေးချင်တာတခုက အခုအခါ အွန်လိုင်းမှာ ရောင်းချနေတဲ့ ဗိုင်းရပ်စစ်ဆေးနိုင်တယ်ဆိုတဲ့ တက်စ်ကစ် တွေဟာ လုံးဝ မသုံးသင့်ပါဘူး။ မဝယ်သင့်ပါဘူး။ အဲဒါတွေက Antibody ကို စစ်တာဖြစ်ပီး အမှားအယွင်း အလွန်များပါတယ်။ ကိုဗစ် ကာလအစမှာ စပိန်နဲ့ နယ်သာလန်က တရုတ်ကနေ အများကြီးမှာယူခဲ့ပေမယ့် နောက်ဆုံးတော့ ပြန်လည်ပေးပို့ခဲ့ရပါတယ်။ ဒါကြောင့် လုံးဝ မဝယ်ကြပါနဲ့။

ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားတာကတော့ WHO က အသိအမှတ်ပြုလိုက်တဲ့ တက်စ်ကစ် တွေဖြစ်ပီး Antigen ကို စစ်ဆေးတာဖြစ်ပါတယ်။ မှန်ကန်တိကျမှုက ၉၅% ခန့်ရှိပါတယ်။ အခုရေ ၄ သိန်း မှာယူထားပါတယ်။ အဲဒီ တက်စ်ကစ် တွေကို ဘယ်သူ့ကိုမှ တဆင့်ခံရောင်းချခွင့်မပေးထားပါဘူး။ ပြည်သူအားလုံးကို တန်းတူညီမျှ စစ်ဆေးပေးမှာဖြစ်ပါတယ်။

နောက်တခုက ကာကွယ်ဆေးပါ။ အခုထိ ကိုဗစ် ကို ကာကွယ်နိုင်တယ်လို့ WHO က တရားဝင်အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး တခုမှ မရှိသေးပါဘူး။ အွန်လိုင်းမှာ ရောင်းချသမျှဟာ ကာကွယ်ဆေးလုံးဝ မဟုတ်ပါ။ WHO က တရားဝင်အသိအမှတ်ပြုလိုက်တဲ့ ကာကွယ်ဆေးထွက်လာရင် တရားဝင်ကြေညာပေးပီး မြန်မာပြည်က အမြန်ဆုံးရနိုင်အောင် အစိုးရက ကြိုးစားလျက်ရှိပါတယ်။ ဒါကြောင့် အတုတွေနဲ့ ငွေမကုန်ကြစေဖို့ သတိပေးရေးသားလိုက်ပါတယ်။

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page