နောက်ဆိုရင် ခေတ်မီသူတိုင်း ကိုဗစ်ကူးဖူးရမယ်ဆိုတဲ့ အခြေအ‌နေ ဖြစ်တော့မယ်

များမကြာခင်မှာ ကိုဗစ်ကူးဖူးမှ ခေတ်မီတဲ့ ဘဝရောက်တော့မယ် ထင်တယ်။

ဧပြီလကနေ အခုအချိန်ထိကြားထဲမှာ ဖျားဖူး၊ အနံ့ပျောက်ဖူး၊ ဝမ်းပျက်ဖူး တာတေဖြစ်ဖူးပြီးတော့ fever clinic မရောက်လိုက်ပဲ ပြန်ပျောက်သွားသူတွေ စာရင်းကောက်ရင်တောင် လက်ရှိ total ဖြစ်ဖူးသူထက် နည်းမှာမဟုတ်ဘူး၊ အမှန်အတိုင်းဖြေကြရင်ပေါ့လေ။ ဒါတောင် ဘာရောဂါလက္ခဏာမှ မပြတဲ့ 72% ထည့်မပြောသေးဘူး။

ဒါပေမယ့် မစစ်တော့ ကိုဗစ်လား မဗစ်လား သိလိုက်မှာတောင် မဟုတ်ဘူး။ အပြင်မှာတော့ အပေါ်ကလက္ခဏာ ဖြစ်တဲ့သူတွေ ပွလို့။ antibodies serology test ကို လူတွေကြားထဲမှာ random လုပ်ကြည့်ရင် အခြေအနေမှန်သိလောက်မယ်။

ခက်တာခုထိ Home Q (Home Isolation) လုပ်ဖို့ တရားဝင် မထုတ်ပြန်သေးဘူး။ အောက်မှာတော့ မနိုင်ဝန်တွေကြောင့် လုပ်ခိုင်းနေရတာကြာပြီ။ စင်တာတွေမှာ ကြားရတဲ့သတင်းတွေကလဲမကောင်း၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ လိုက်ပြုစုမယ့်သူမပါတော့ ဒုက္ခတွေများကြ။

ငါတို့ ပြန်မလွှတ်ခိုင်းဘူး နိုင်သေးတယ်။ သူတို့ဟာသူတို့ အမိန့်မရဘဲလုပ်တာလို့ ပြောချင်နေတာလားတော့မသိဘူး။

ရွေးကောက်ပွဲပြီးလဲ ဆက်ပိတ်ထားအုံးမယ်ထင်တယ်။ ပိတ်ဆိုပြီးသာပြောတာ enforcement လဲမပါ။ ခုထိ အိမ်ထဲကအိမ်ပြင်မထွက်သူတွေကတော့ အပြင်ဘာဖြစ်နေတယ်သိပ်သိမှာမဟုတ်ဘူး။ တစ်ရက်လောက် မြို့ပတ်မောင်းကြည့်လိုက်၊ သိချင်ရင်။

ဒေါက်တာကျော်ကျော်စိုင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page