ကိုဗစ်ဟာ လေထဲက ကူးစက်နိုင်တယ်လို့ အမေရိကန် ပြန်လည် ထုတ်ပြန်

ကိုဗစ်ဟာ လေထဲက ကူးစက်နိုင်တယ်လို့ အမေရိကန် ပြန်လည် ထုတ်ပြန်

အမေရိကန် Centers for Disease Control and Prevention (CDC) က လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေကျော် ခြားထားလျက်နဲ့တောင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးက လေထဲကတစ်ဆင့်ပြန့်ပွားကူးစက်နိုင်တာကြောင့် အဆောက်အအုံထဲမှာ လူစုရုံးတဲ့အခါ နှာခေါင်းစည်းဝတ်ဆင်ဖို့နဲ့ လေဝင်လေထွက်ကောင်းဖို့ လိုအပ်တယ်လို့ အတည်ပြုပေးလိုက် ပြန်ကြောင်း သိရပါတယ်။

ရောဂါပိုးဟာ အဓိကအားဖြင့် လေထဲကနေ ပြန့်ပွားကူးစက်တာမဟုတ်ပေမယ့် လေဝင်လေထွက်မကောင်းတဲ့ အဆောက်အအုံတွင်းမှာ လေထဲကနေ ကူးစက်ဖို့ ဖြစ်နိုင်ခြေများတယ်လို့ လက်ခံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လကပဲ CDC က ကိုဗစ်ဟာ လေထဲကနေ ကူးစက်နိုင်ကြောင်း ဝက်ဆိုက်ဒ်မှာတင်ပြီးမှ ပြန်ဖျက်သွားခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၅ ရက်မှာ လေထဲကတစ်ဆင့်ကူးစက်နိုင်ကြောင်း ပြန်တင်ခဲ့ပြန်တာကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။

ရောဂါပိုးရှိသူရပ်သွားတဲ့နေရာမှာ ရောဂါပိုးကိုသယ်ဆောင်ထားတဲ့ အမှုန်အမွှားငယ်လေးတွေက နာရီနဲ့ကြာအောင် ရှိနေနိုင်တယ်လို့ CDC က ဆိုပါတယ်။ ရောဂါပိုးရှိသူနေခဲ့တဲ့အခန်းထဲမှာ ခြောက်ပေကျော်အကွာအဝေးမှာ ရှိနေတဲ့လူတောင် ရောဂါကူးစက်ခံရနိုင်တယ်လို့လည်း အဓိကထား ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page