ကိုဗစ် အကူးခံရတာကို ထီပေါက်တာထက် ပိုပျော်နေရရှာတဲ့ ရန်ကုန်ဆေးရုံကြီးက သံသယလူနာတွေရဲ့ ဘဝ

ကိုဗစ် အကူးခံရတာကို ထီပေါက်တာထက် ပိုပျော်နေရရှာတဲ့ ရန်ကုန်ဆေးရုံကြီးက သံသယလူနာတွေရဲ့ ဘဝ

ကျနော်ဟာ ၂၁.၉.၂၀၂၀ နေ့လည် (၃:၀၀)နာရီခန့်မှာ ရေချိူးရင်း သွားတိုက်သည့်အခါသွားတိုက်ဆေးရနံမရတော့လို့ ချက်ခြင်း ကြက်သွန်နီကို အခွံခွာကာ ခြမ်း၍ ပါးစပ်ထဲထည့်ကာ ြကြိတ်ဝါးကြည့်ပြီး အနံ့ အာရုံ ခံသော်လည်း ဘာအနံမှ မရသလို ဖြစ်လာသော်ကြောင့် ကျနော့်တူတော်မောင်ကို အဝတ်အစားတောင်းယူကာလှဲလည် ဝတ်စဉ်ပြီး ထမင်းစားပွဲရှေ့ထိုင်ကာ ပုဇွန်ဟင်းနင့် ထမင်း သုံးလေးလုပ်စားကြည့်ပါသော်လည်း ဟင်းအနံ မရ၊ ကြက်သွန်ဖြူ နှစ်ဥကို ပါးစပ်ထဲ ထည့်ပြီး ကြိတ်ဝါးပြန်သော်လည်း အရသာပါ ပျောက်ဆုံးနေသည်ကို စိုးရိမ်စိတ်ဖြင့် သိရှိရလိုက်ချိန်မှာ ငရုတ်သီးစိမ်း(ယမန်နေ့က စားခဲ့သော၊အလွန်စပ်လှသော) နှစ်တောင့်ကို တစ်ပြိုင်နက် ကြိတ်ဝါး၍ လျှာအနှံ့စပ်သည့်အရသာအနံမရသည့်အပြင်လှည့်တင်ထိတွေ့ ခံစားကြည့်ပြန်တော့လည်းဘာမှ မသိရှိရသည့်အတွက်…

တူဖြစ်သူအား အကျိူးအကြောင်း ရှင်းပြ၍ အဝတ်အစားများထည့်စေ၍ ရပ်ကွက် အုပ်ချူပ်ရေးမှုးလည်းဖြစ်၊ ငယ်သူငယ်ချင်းလည်းဖြစ်သူ ဦးဇော်ဝင်းထွန်း(ခ)ကိုပေါက်စီထံ အားကိုးတစ်ကြီးများစွာနဲ့ ဖုန်းဆက်လိုက်သောအခါ …ပြန်ကြားလိုက်တဲ့ စကားသံကတော့…

” အေး..သူငယ်ချင်း ကိုလင်းရေ..ငါရယ်၊အသေးလေးရယ် ဆေးရုံကြီးကို သွားပို့တဲ့ အမေကြီးက ငါတို့ပို့ပြီး နာရီဝတ်တောင် မကြာဘူး ဆုံးသွားတယ်လေ၊ မင်းသိတယ် မဟုက်လား?အေး…အခု အဲဒီ့ အမေကြီးကို ငါတို့တွေ ထိထိရောက်ရောက် အိမ်ပေါ်ကနေအောက်ချပြီးဆေးရုံကြီး အရေးပေါ်ကို ပို့ခဲ့လို့လေ၊အခု အဖြေထွက်လာပြီ (positive)တဲ့ အခု ငါနဲ့ အသေးလေး လင်ဝှေ့ရူံမှာ Q ဝင်ရတော့မယ်ကွာ”ဆိုတဲ့ စကားသံ ကို နားဝမှာ ကြားမိ သိရှိလိုက်ချိန်မှာ ရင်ထဲမှာစို့နင့်သွားမိတယ်၊အဲဒါနဲ့ ကျနော်လည်း ငါကတော့ အနံနဲ့အရသာ ပျောက်ဆုံးသွားပြီ ဆေးရုံကြီးသွားချင်တယ် ကူညီပါဆိုပြီး တောင်းဆိုမိလိုက်တယ်ဆိုရင်ဘဲ ၊အုပ်ကြီးက မြို့နယ်ကျန်းမာရေးကို ဖုန်းဆက်ချိတ်ဆက်ပေး၊ မှာစရာရှိတာတွေ မှာကြားပြီး ဖုန်းချလိုက်မိတယ်။

စိတ်တွင်းထဲမှာတော့ အုပ်ကြီးရယ်ညီငယ်လေးစိုးသူရယ် (အသေးလေး)၊ကျနော်ရယ် သုံးယောက်လုံး တစ်ရက်ထဲ တစ်ချိန်ထဲမှာ ဖြစ်ရကြုံရလေခြင်းဆိုပြီး ရင်ထဲမှာ ဝမ်းနည်းအားငယ်မိနေမိပြီး ငါတို့ဖို့မြေပရဟိတကျမှ သုံးယောက်ပြိုင် ဖြစ်ရလေခြင်းဆိုပြီး စိတ်တွေရှုတ်ထွေးနေမိပြီး အုပ်ကြီးရှီ ဖုန်းထပ်မံဆက်မိတော့ အုပ်ကြီးက”ကျန်းမာရေးဌာနကို ဖုန်းဆက်ထားပြီးပြီ မင်းရှီဆက်လေ့မယ်”ဆိုတဲ့စကားကြားရပြီး ငါးမိနစ်လောက်မကြာခင်မှာဘဲ ကျန်းမာရေးမှဆရာမက အကျိူးအကြောင်းမေးမြန်းတာကို ပြန်ဖြေပြီးတာနဲ့ ချက်ခြင်းသတိရသွားမိတဲ့ ကိုနအီး(ဦးဝင်းမြင့်)ရှီကို ဖူန်းဆက်ပြီး ဖြစ်ကြောင်းရယ်တဲ့ကုန်စင် ရှင်းပြပြီး ဆေးရုံကိုသာ မြန်မြန်သွားရောက်လိုကြောင်း တောင်းဆိုမိလိုက်တယ်။ တစ်အောင့်လောက်အကြာမှာ ကိုနအီး(ဦးဝင်းမြင့်ထံမှ ဖုန်းဝင်လာပြီး နာရီဝတ်အတော်အတွင်း လာခေါ်မည် အစဉ်သင့်လုပ်ထားပါလို့ ပြောတော့ ကျနော်ကလည်း အစဉ်သင့်ဖြစ်နေပါပြီ ပြန်ပြောလိုက်တယ် ၊အဲလိုနဲ့ ၁၅မိနစ်လောက်အကြာမှာ ကားရောက်လာပြီ ပြောတာနဲ့ မိုးဖွဲဖွဲမှာ အိတ်လွယ်ပြီး လင်းနို့ကားပေါ် တစ်ယောက်တည်း ထိုင်ကာ စံပြဆေးရုံသို့ ဦးတည်ရာသို့ လိုက်ပါလာခဲ့တယ်။

သဃာ်ကျွန်း စံပြဆေးရုံရောက်တော့ ကားပေါ်မှာ နာရီဝတ်ကျော်ထိုင်နေရပြီး လူနာတွေ များလွန်းလို့ လက်မခံနိုင်တော့ဘူးဆိုလို့ ကိုနအီး(ဦးဝင်းမြင့်)က Y.R.Oနဲ့ ချိတ်ဆက်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြန်လည်ဦးတည်လာရာ အရေးပေါ် ဌာနရောက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားချိန်မှာ မြို့နယ်ကျန်းမာရေးရဲ့လွဲစာလက်မှတ်ပါရဲ့လားလို့ မေးမြန်းချိန်မှာ ကျနော်တို့မှာ မပါပါဘူးလို့ ကျနော်ပြန်ဖြေဆိုချိန်မှာ ကိုနအီးက ဆရာတို့ခင်ဗျာ ကျနော်တို့က Volunteer လုပ်နေတဲ့ သူတွေပါ ကိုလင်းMask ချွတ်ပြီး မျက်နာပြလိုက်လေဆိုပြီး ပြောတော့ ကျနော်လည်း Maskကို မြန်မြန်မေးအောက်ကို ချွတ်ပြလိုက်တော့ ဟာ.. အစ်ကိုကြီး ဘယ်လိုဖြစ်တာလည်းဆိုပြီး ဂရုဏာနဲ့မေးမြန်းပြီး ဆေးရုံထဲကို ချက်ခြင်း ဖုန်းဆက်သွယ်ပေးပြီး ဝင်/ထွက်အပေါက်ဝရဲ့ စတီးလေးခုံတွဲမှာ ထိုင်ခိုင်းထားတယ်။

၁၀မိနစ်လောက်နေတော့ ကိုဗစ် သံသယအဆောင်ထဲက ဆရာဝန်က ဖြစ်ပေါ်ခံစားနေရတဲ့ အကြာင်းနဲ့ ရှေ့တစ်ပတ်ကျော်က ကိစ္စတွေ ဆက်နွယ်ပတ်သပ်မှု အချက်အလက်တွေကို စုံစမ်းမေးမြန်းပြီးတော့မှ စကားတစ်ခွန်းပြောဆိုပါတယ်၊ စကားကတော့ ဝင် ပြီးရင် ပြန် ထွက်လို့မရဘူး*ဆိုတဲ့ စကားလေးပါ ၊ သူများတွေကတော့ ဘယ်လို ခံစားမလဲ မသိပြင်မဲ့ ကျနော်ကတော့ သဘောတွေကျပြီး ကျေနပ်နေမိတယ်လေ၊ဘာကြောင့်လည်းဆိုတော့ စစ်ဆေးမှု(P or N)ကို သိရှိရမယ်၊ (P)ဖြစ်ခဲ့ရင်တောင် ကုသမှု မြန်မြန်ခံယူရမယ်ဆိုပြီး အတွေးများစွာနဲ့ဖြစ်လိုက် ဘုရားစာတွေ စိတ်ထဲကနေ ရွတ်ဖတ်လိုက် သူငယ်ချင်းဖြစ်တဲ့ ကိုနအီးနဲ့ကိုဟာရှင်တို့နှစ်ယောက်ကို မျက်နာငယ်လေးနဲ့ အားငယ်စွာနဲ့ အားကိုးတကြီး ကြည့်လိုက်နဲ့ ဗျာများစွာနဲ့ဖြစ်နေချိန်မှာ စိတ်တွင်းက ဂနာမငြိမ် ဖြစ်နေတာကို ပြန်လည် သုံးသပ်မိလိုက်ပြီး အော်…. “ငါတို့တွေ အရေးပေါ် လူနာတွေ ၊ နာမကျန်းလူနာနဲ့ သံသယလူနာတွေကို ဒီလောက်ပို့ဆောင်နေတဲ့ အတွေ့အကြုံရှိရက်သားနဲ့ ငါအခု ကိုယ်တိုင်ဖြစ်လည်းဖြစ်ရော အန္ဒြေမဲ့လိုက်တဲ့စိတ် ဖြစ်နေတာ ဘာကြောင့်လည်းလို့ သုံးသပ်မိပြန်တယ်၊

အဲဒီ့မှာတင် အဖြေထွက်လာကတော့ ပုထုစဉ် သဘာဝအရ အတ္တဘောကြီးဆိုတာ သုံးသပ်မိလိုက်တယ်”၊ အတွေးထဲမြောနေချိန်မှာဘဲ P.P.E ဝတ်စုံတစ်ယောက်က ဦးထင်အောင်လင်း ဝင်မယ်ဆိုပြီး တံခါးဟကာ အော်ပြောတော့ ကျနော်လည်း အိတ်ကိုဆွဲပြီး သူငယ်ချင်းနှစ်ယောက်ကို နူတ်ဆက်ကာ ရင်ထဲမှာ ဝမ်းနည်းစို့နင့်စွာဖြင့် အပေါက်ဝမှ တံခါးမှုးက သံကြိုးဖြင့်ချီရစ်ထားသော သံကြိုးကိုဖြေကာ တစ်ကိုယ်စာ… မှန်စလိုက်ထိုးတံခါးကို ဟ ပေးသောကြောင့် ခေါင်းငုံပြီး အဆောင် ကော်ရီတာ လှမ်းဝင်လိုက်ချိန်မှာ… မြင်တွေ့လိုက်ရာကတော့ အများကြီး .. အများကြီးမှ.. အများကြီး…. လူတွေ လူတွေ အရွယ်ပေါင်းစုံတွေ အရမ်းအံအော်မိသွားတယ်… PPE နဲ့ လာခေါ်တဲ့သူက ဆရာဝန်တွေ ရှိတဲ့နေရာကို ဒီတည့်တည့်သွားလိုက်ပြီး ညာဘက်ကို ကြည့်လိုက်ရင်တွေ့မယ်လို့ လမ်းညွန်ပြောဆိုတော့ ကျနော်ကလည်း ဟုက်ကဲ့ခင်ဗျာ့ဆိုပြီး ပြန်လည်ပြောဆိုပြီး ဝဲဘက် ယာဘက်တွေကို အံအော်တုန်လှုပ်စွာနဲ့ စူးစမ်းကြည့်ကာလျောက်ရင်း ဆရာဝန်လားသူနာပြုလား ခွဲခြားလို့ မရတဲ့ PPEဝတ်ထားတဲ့ အလယ်ကောင်တာ မဟုက်တဲ့ ယာဘက်ကြောကပ်ထားတဲ့ ကောင်တာကို ရောက်ရှိသွားပါတယ် (သူများတွေထက် ကျနော်တစ်ဗန်းသာနေတာကတော့ အရေးပေါ်လူနာတွေကို ယခင်ကာလတွေတုန်းက ပို့ဘူးထားတော့ အစိမ်းသက်သက်ကြီးတော့ မဟုက်ဘူးလေ)

ကောင်တာရှေ့ရောက်တော့ Dr? Nurse? မသိရတဲ့ မေးသမျှကို ဖြေကြားလိုက်တယ်၊ ယခင်ရောဂါ ဘာအခံရှိလည်းလို့လည်း တိတိကျကျ မေမြန်းတာကိုတော့ သတိထားမိသလို လေးစားမိသွားတယ်၊မေးမြန်းမှုပြီးသွားချိန်မှာ *ကျနော်… ဘယ်မှာနေရမလဲ?လို့မေးချိန်မှာ လွတ်တဲ့နေရာ လွတ်တဲ့ကော်ထိုင်ခုံမှာ ထိုင်လို့ရတယ် ဦးလေး*ဆိုပြီးပြန်ဖြေလိုက်တာ ကြားလိုက်ရတော့ သဘောပေါက်စပြုမိသွားပြီ၊ကျနော် နောက်ထပ်မေးခွန်းထပ်မေးမိတယ်

“ဆရာမရေ ကျနော့်ကို Swab ဘယ်တော့်လောက် ယူမှာလဲ? လို့ မေးမိပြန်တော့ *မနက်ဖြန်*မှ ဆိုတော့ ကျေးဇူးပါလို့ ပြန်ပြောမိရင်း အိတ်မြန်မြန်ဆွဲကာ ကနဦး ဝင်/ထွက်ပေါက် အနီးကို သုတ်ခြေတင်လာပြီး လစ်ဟာနေတဲ့ သံမံတလင်းကွက်ပေါ် ဖိနပ်ခုထိုင်ရင်းနဲ့ အပြင်က ကိုနအီး..နဲ့ ကိုဟာရှင် ကို အကျိူးအကြောင်းပြောပြလိုက်တာနဲ့ တခဏအတွင်းမှာဘဲ မြက်ဖျာ၊ခေါင်းအုံး၊စောင်နဲ့ စားဖို့သောက်ဖို့ပါချက်ခြင်းပို့ပေးတယ် နာရီကို ကြည့်မိလိုက်တော့ ၈:၀၀ နာရီထိုးတော့မယ်၊အဲဒါနဲ့ အုပ်ကြီးရှိ ဖုန်းလှမ်းဆက်၊ အိမ်နဲ့သူငယ်ချင်းတွေရှီ အကျိူးအကြောင်းရှင်းပြတုန်း ကျနော့်နာမည် လှမ်းခေါ်တော့ ပက်ဝန်းကျင်ကလူတွေကို အထုပ်လေးကြည့်ပေးပါပြောပြိး… သုပ်ခြေမြန်မြန်တင်ရတာပေါ့၊ သွားရာလမ်းမှာလည်း ရင်စို့စရာမြင်ကွင်းတွေဘဲ ကြံကြိုက်နေရာတာပေါ့လေ၊ဟိုရောက်တော့ သွေးချို/ဆီးချိူဆေးနဲ့သွေးတိုးဆေးတွေပါလားဆိုတော့ ကျနော်က ခေါင်းညိတ်ရင်းပါတယ်ပြောပြပေါ့၊

ဒါဆိုရင် Vitacee အပြင်မှာ ဝယ်ပြီး တစ်နေ့တစ်လုံးသောက်ပါ၊ကျမတို့အော်ခေါ်သံကိုလည်း ဂရုစိုက်ပေးပါဆိုပြီး ပြောတော့ ကျနော့်စိတ်ထဲမှာ နဲနဲအချဉ်ဖောက်မိသွားတယ်၊သို့သော်လည်း ဟုက်ကဲ့ပါဆရာမ၊ ကျေးဇူးပါ ဆရာမလို့ပြောပြီး မိမိနေရာ မိမိပြန်ရောက်ချိန်မှာ ကျနော့်ရှေ့က ၂ရက် ကြိုရောက်နင့်ပြီးနေတဲ့သူတွေက… Vitacee ဝယ်ခိုင်းတာလားဆိုပြီး တန်းပြောလိုက်တော့ အံသြမိသွားတယ် ၊ဒါနဲ့ အပြင်က ကိုနအီးကို ဖုန်းဆက်မှာတော့ ချက်ခြင်းလာပို့တယ် လက်ဖက်ရည်လည်း ပါလာတော့ အားရဝမ်းသာဖြစ်မိပြီး ပူပူလေး မှုတ်သောက်ချိန်မှာ ဘာအရသာ၊ဘာအနံမှ မရတာပြန်ခံစားမိချိန်မှာ မျက်ရည်ဝဲမိသွားတာကို ကျနော့ရှေ့တည့်တည့်ကုတင်ပေါ်က ညီငယ်က ချက်ခြင်းအောက်ဆင်းလာပြီး အစ်ကိုရေ ဘာမှအားမငယ်နဲ့ အခုကျနော့တို့ လင်မယားနှစ်ယောက် လုံးက အနံရော၊အရသာရော၊ဝမ်းပါသွားပြီးကိုယ်တွေပူလို့ ရှေ့နှစ်ရက်ထဲက ရောက်နေကြတာ မနက်ဖြန်ညမှ Swab Result ထွက်မှာ ဒီက အခုရှိနေတဲ့ လူတွေအားလုံးက မနက်ဖြန်ညကို အဖြေမြန်မြန်ထွက်စေချင်ပြီး ပို့တဲ့နေရာကို အမြန်ဆုံးသွားချင်နေကြတဲ့သူတွေ…လို့…. ပြောပြလိုက်တော့ မဂ်လာမွန်ဈေးနဲ့ရွှေပြည့်စုံဈေးမှာ အလုပ်လုပ်နေတဲ့သူတွေ ၅ယောက်ကလည်း အားပေးစကားတွေပြောရှာကြတယ်၊

စကားရှိန်တွေတင်လာပြီး အားငယ်စိတ်တွေ လျော့နည်းလာချိန်မှာ ရွှေပြည့်စုံဈေးက ဆရာကြီးက ဒဲ့တိုးကြီး ပြောချလိုက်တဲ့ စကားလုံးက * ဒီ.မယ်..ဆရာရေ…ကျနော်တို့အားလုံးနီးပါး ပိုးရှိဆိုတဲ့ Positive result ဘဲထွက်မှာ မြေကြီးလက်ခပ် မလွဲစေရပါဘူးပြောသံကို စောစောက ကုတင်ကဆင်းပြီး နောက်ထပ်အားပေးတဲ့ ညီငယ်လင်မယားရော ၁၀ယောက်ကျော်ကပါ သိပ်မှန်တာပေါ့ ၊ အာမခံတယ်၊…ဒါအမှန်ဘဲဆိုပြီး ဝင်ပြောကြ ကုန်ပါလေရော*… ဘုမသိ၊ဘမသိဖြစ်နေပြီး ရေးရေးလေး သဘောပေါက်စတော့ ပြုလာရပြီလေ၊ နောက်ဆုံးကျမှ ယ္ခင်ကြိုရောက်ပြီးတဲ့သူတွေရဲ့ ပြောပြချက်ကြောင့် သူတို့လည်း အပ်တက်သေချာစွာ ပြောနိုင်သွားတယ်ဆိုတာကို ကျနော်နာရီဝတ်လောက်မှ သဘောပေါက်နာူလည်သွားရတော့တယ်။ စကားတွေ ပြောရင်းနဲ့ဘဲ ၁၂:၀၀ နာရီကျော်လာတော့ အလျှိူလျှိူ ထောင့်လေးတွေကပ်ပြီး လှဲကြအိပ်ကြတော့ ကျနော်လည်း မြတ်ဖျာလေးခင်းပြီး ထိုင်ပြီး ငေးမော်လိုက်ပေါ့ ၁၅မိနစ်တစ်ခါလောက်ကို လူနာတွေ အစုလိုက် အပြုံလိုက်ဝင်ဝင်လာရင် ကျနော်လမ်းဖယ်ဖယ်ပေးလိုက်ပေါ့လေ၊

ညည့်နက် တစ်နာရီခွဲလောက်မှာ ကျနော့်ကို ထပ်မံအော်ခေါ်ရပြန်ရော ဒီတစ်ခါတော့ ကျနော်ဘယ်ရမလဲ ဦးစွာ ဆရာမရေ စိတ်မဆိုးပါနဲ့နော်ကျနော်က ဟိုအဝင်ထိပ်မှာ နေ နေလို့ပါဆိုပြီး တောင်းပန်လိုက်တယ်၊လက်ဖြန်ကနေ သွေးဖောက်ယူတာ အကြောကရှာလို့မရ၊အပ်ကလည်းအကြီးကြီး၊အကြောမိပြန်တော့လည်း သွေးက နည်းနည်းလေးဘဲစုပ်ယူလို့ရတယ်၊ရတဲ့သွေး ပြွန်လေးထဲ ထည့်ပြန်တော့လည်း သွေးက ပြစ်ခဲနေပြန်တော့ ထည့်မရတဲ့နောက်ဆုံး အပ်ဖောက်ရာလည်း များတာနဲ့ ဆရာမက အားနာတဲ့လေသံနဲ့ *ဦးရယ် မနက်မှဘဲ ဖောက်ယူတော့မယ် အပ်အရာတွေလည်း များသွားပြီ*ဆိုပြီး ဂရုဏာသံနဲ့ ပြောရှာတယ်၊ကျနော်က နာရီဝတ်ဘဲ စောင့်ပါ ပြန်လာခဲ့မယ်ပြောပြီး၊မိမိနေရာလည်းရောက်ရော လက်ကို လေ့ကျင့်ခန်းလုပ် စိတ်ကို တည်ငြိမ်စွာ ထားပြီး ညာလက်ဖျံကို သွေးပူအောင် ပွတ်နေလိုက်တယ် ၊၁၅မိနစ်လောက်ကြာပြီးချိန်မှာ ကျနော်ပြန်သွားပြီး

“ဆရာမရေ ဖောက်ကြည့်တော့ ရပြီဆိုပြီး ဖောက်ခိုင်းလိုက်တော့ တစ်ချင်ထဲနဲ့ အစဉ်ပြေသွားတယ် ထွက်လာတဲ့သွေးကလည်း စုပ်တာနဲ့ အစဉ်ပြေစွာ ထွက်လာတော့ ဆရာမလည်း အံအော်ပြီး ဘာလုပ်လိုက်လည်းလို့မေးတော့ လေ့ကျင့်ခန်းလုပ်လိုက်တယ် အရင်တုန်းက သွေးလှူနေကြလေ သွေးတိုး/ သွေးချိူဝင်သွားလို့ ယ္ခုနှစ်နှစ်ကျော်ပြီ မလှူဖြစ်တော့တာ ဆိုပြီး ကြွားလုံးသုံးလိုက်မိတယ်”တစ်ခါ ကိုယ့်နေရာကိုယ်ပြန်ရောက်ပြီးထိုင်ခါစဘဲ ရှိသေးတယ် ထပ်ခေါ်ပြန်ရော E.C.G ဆွဲပေးပြန်ရော ချက်ခြင်းကျနော်မေးမိတယ် အဖြေက ကောင်းတယ်တဲ့ ကျနော်ပျော်ပြီး ကိုယ့်နေရာမှာ ကိုယ်ပြန်ထိုင်လိုက်ပြီး ရေတစ်ဝကြီး သောက်ဖြစ်လိုက်တယ်…. ၁၅မိနစ် နာရီဝက်လောက်ဆိုရင် တစ်ခါလာပြန်ပြီ အစုလိုက်ရော တစ်ဦးချင်းရော ကျနော်လည်း နောက်ဆုံး ဘယ်လိုမှ ထိုင်လို့မရတော့တဲ့ အဆုံး စူးစမ်းလေ့လာရေးကို စတင်လိုက်ပါတော့တယ်….

လူနာအများစုနဲ့ဝေသနာရှင်အများစုဟာ မသဲကွဲတဲ့အခြေအနေကို ရောက်ရှိနေကြပါတယ်၊တစ်ချို့က အစာအိမ်ဖြစ်လို့၊ရင်ဘက်အောင့်လို့၊သွေးတိုးလို့၊နံရိုးနာလို့(ကျနော့မိတ်ဆွေ-လွတ်လပ်ရေးရပ်ကွက်) ခေါင်းကြီးထိုးနေလို့၊သွေးချိူတက်နေလို့စတဲ့ လူနာတွေနဲ့ ကျနော်တို့လို Covidတွေနဲ့ ရောနှောနေကြပါတယ်၊*****ဒီလို အလုံပိတ်အဆောင်ကို ရောက်ရှိတာနဲ့ ပြန်လည်ထွက်လို့မရသလို Auto သံသယ လူနာ ဖြစ်သွားရပါတယ်။ ကျနော်လည်း ညောင်းညောင်းရှိတာနဲ့ ကိုယ့်ရဲ့ဘူမိဗိမ္မာန်လေးမှာ ခြေဆင်းထိုင်နေရင်း သုံးနာရီကျော်လောက်မှာ အသက်၈၅ ကျော် အမေကြီးတစ်ယောက် ရောက်ရှိလာပါတယ်၊အစ်မတစ်ယောက်က ထပြီးနေရာပေးလို့ ထိုင်တော့ ဝိုင်းမေးကြပေါ့လေ သွေးတိုးပြီးရင် ဘက်ကြီးတောင့်လို့တဲ့ အကုန်လုံး ဂရုဏာ ၊မေတ္တာတွေနဲ့ ဆက်ဆံကြပေါ့၊ အဲလိုနဲ့(၂၁.၉.၂၀၂၀)ကနေ (၂၂.၉.၂၀၂၀)ရဲ့ နံနင်ခင်းကို ရောက်ရှိသွားပါလေရော……

၂၂.၉.၂၀၂၀ နံနက် (၆:၀၀)နာရီ မထိုးခင် ကျနော့် နာမည်အော်ခေါ်တော့ အပြေးအလွှားသွားပြီးရောက်တော့ ဓာက်မှန် ရိုက်ရမယ်ဆိုလို့ ဓာက်မှန်ခန်းထဲဝင်ရိုက်ပေါ့လေ ၊အထွက်မှာ အလှငွေလေးဆိုတော့ ထည့်လိုက်ရသေးတယ်၊အပြန်မှာ အပေါ့သွားချင်လို့ သည်းခံပြီး နာရီဝတ်ကျော်စောင့်လည်းစောင့် အောင့်လည်းအောင့်ထားပြီးမှ ကိစ္စရှင်းတော့တယ်၊ ဒါနဲ့ မိမိနေရာမိမိပြန်ထိုင်ရင်း ထွေရာလေးပါးစဉ်းစားလိုက်၊ု တရားစာတွေ ရွတ်ဖတ်လိုက် ဝင်လာတဲ့သူတွေငေးလိုက်၊စကားပြောလိုက်နဲ့ နေရတဲ့နေရာကလည်း နေ့မှန်းမသိ ညမှန်းမသိနဲ့ မနက်/ည ပြောနေချိန်မှာ နာမည်တွေ အော်ခေါ်ပြီး ဆေးရုံစာအုပ်မှာ E.C.Gတွဲထားပြီး ဓာတ်မှန်ပါပေးပြီး မိမိနေရာ မိမိထိုင်ခိုင်းထားကြတယ် ၊တစ်ချိန်ထဲမှာဘဲ ကျနော့်ရှေ့က ၂ရက်ကျော်ရောင်နင့်နေတဲ့ မိတ်ဆွေတွေရဲ့ အမည်တွေအော်ပြောပြီး အထုပ်အပိုးပြင်ဆင်ခိုင်းတာကြားရမြင်ရချိန်မှာ သူတို့တွေက သွားရတော့မှာမို့ ပျော်ရွှင်နေတာကို မြင်တွေ့ရတော့ အံသြမှုတွေနဲ့ ကျနော် နားလည်ရခတ်သွားရပြီလေ၊

အဖြေကလည်း ကောင်းလိူက်တဲ့အဖြေထွက်ကြတယ် (၂၃)ယောက်မှာ (၂၁)ယောက်က Positive အဖြေထွက်ရှိပြီး နှစ်ယောက်ထဲသာ အောင်မြင်မှုရရှိခဲ့ကြတယ်။ ကျနော့်အရှေ့တည့်တည့်က ကုတင်လေးပေါ်က မိတ်ဆွေကတော့ ပျော်ရွင်ကြည့နူးစွာနဲ့ ကျနော့ကို “အစ်ကိုကြီးရေ ဒီနေရာမှာ လာနေလိုက် ဟိုမှာ ဆေးတွေအများကြီး ရှိသေးတယ် သန့်ရှင်းရေကို စိတ်သန့်တဲ့အထိလုပ်ပြီး စိတ်ညစ်ခံလိုက်အုံး ကျနော်တို့ကတော့ ပျော်နေပြီ လွတ်မြောက်သွားပြီ အစ်ကို့ကိုလည်း ကျနော်တို့ ဖောင်ကြီးကစောင့် နေမယ်ဆိုပြီး ပြောတော့ ကျန်ရှိသွားရမဲ့သူများကပါ ပျော်ရွှင်မှုတွေအပြည့်နဲ့နူက်ဆက်ကြပေါ့လေ၊ သူတို့ထွက်ခွာသွားတော့ ဝမ်းနည်းစွာ ကျန်နေခဲ့ရင်း သန့်ရှင်းရေးလုပ်ပြီး ကုတင်ပေါ်ခဏတက်ရောက်ပြီး မအိပ်ရသေးတော့ ခါးလေးဆန့်နေချိန်မှာ ဆရာဝန် (၄)ယောက် တစ်ဦးချင်းစီကို စကားတွေမေး၊ဖဓာက်မှန်နဲ့ သွေးအဖြေကြည့်တော့ ကျနော်လည်း သွေးနဲ့ဓာက်မှန်အဖြေကို မေးကြည့်တော့ ကျနော့်ကို…စိတ်ရှည်စွာနဲ ရှင်းပြပြီး ဦးလေးအကုန်ကောင်းတယ်ဆိုတဲ့စကားကြားလိုက်ရချိန်မှာ ငါဆေးရုံကြီးလာလိုက်တာ မှားများမှားသွားပြီလားဆိုပြီး တွေးတော့မှုဖြစ်မိသွားသေးတယ်၊

သို့သော်လည်း ကောင်းမွန်သောရလတ်ကြောင့် စိတ်ချမ်းသာသွားတယ်၊ အဲလိုနဲ့(၁၁:၁၅)လောက်မှာ ကိုနအီး..ဆီက ဖုန်းဝင်လာတယ် အရှေ့ရောက်ပြီ ထမင်းနဲ့မှုန့်တွေ ကွမ်းယာတွေပါတယ်ဆိုလို့ ချက်ခြင်းသွားယူချိန်မှာ ဟ ထားတဲ့ တံခါးကနေ မျက်နာလေးတွေ စက္ကန့်ပိုင်းလောက်ဘဲ တွေ့မြင်နူက်ဆက်ရတာကလည်း စိတ်ခွန်အားအတွက် အားဆေးဖြစ်ခဲ့ရတာပေါ့၊ ကျနော့်ရင်ထဲမှာကတော့ ဒီလိုကာလအချိန်၊ဒီလိုအဖြစ်ဆိုးတွေရဲ့ ပိုးပြန့်ပွားနေတဲ့နေရာမှာ ကျနော့်အတွက် စောက်ရှောက်ရိုင်းပင်းကူညီနေတဲ့ ကိုနအီးကို ရင်ထဲကနေ ဘုရားစာတွေရွတ်ဖတ်ပြီးမေတ္တာတွေပို့သနေရတာပေါ့ ကျေးဇူးတင်ပါတယ်လို့ ကျနော်မပြောတော့ဘူး… ပေါ့လျော့တဲ့စကားဖြစ်မှာစိုးရိမ်မိတယ်၊

ကျနော် ကိုနအီး..ပို့တဲ့ ထမင်းကို အရသာမရှိ၊အနံမရဘဲ စားနေချိန် မွန်းတည့်(၁၂:၀၀)နာရီ တိတိမှာ နာမည်အော်ခေါ်တော့ ပါးစပ်ထဲက ထမင်းကို… ကုန်အောင်မျိူချ ရေသောက်ပြီး သွားလိုက်တော့ နာတို့ပတ်/အာခေါင်တို့ပတ် ယူတယ်လေ(လုံးဝ နာကြင်မှုမရှိဘဲ အာခေါင်ယား)မိမိနေရာလေးပြန်ရောက်ပြီ ခဏဘဲ ထိုင်မိသေးချိန်မှာ ဗိုက်ပြသနာက စတက်ပြန်ရော၊ အိမ်သာသွားပြန်တော့လည်း တန်းစီစနစ်အတိုင်း မိမိအလှည့်လည်း ရောင်လို့ ဝင်လည်းဝင်ရော မမြင်ဖွယ်ရာတွေ ပြည့်စုံနေတဲ့ အရာတွေ မြင်တွေ့ရချိန်မှာ မိမိနာခေါင်း(Mask)အပေါ်ကို ပိတ်ပြီး ပြန်ထွက် ပြေးလာခဲ့တယ်(အနံလုံးဝမရလို့ ဖြစ်နေတာတောင် အနံရသကဲ့သို့ ရွံရှာပြီး နာခေါင်းပိတ်ပြီးထွက်လာခဲ့ရတဲ့ မိမိဖြစ်စဉ်ကို)ကိုယ့်ဟာ ကိုယ်ဘဲ ပြုံးမိလိုက်ပြီး စတင်ကြံစည်ပါတော့တယ်

ဒီအရေးပေါ်ဌာနကိုလည်း နည်းနည်းနီးစပ်မှုရှိတော့ ယ္ခုမှ သီးသန့် Covid သမားတွေအတွက် လုပ်ပေးထားတဲ့ အတွဲလိုက် အိမ်သာကို ရောက်အောင်သွားပြီး ကိစ္စကြီးကို ရှင်းလိုက်ရတော့ နေသာထိုင်သာနဲ့ ပေါ့ပါးသွားတယ်။မိမိနေရာပြန်ရောက်တော့ မနေ့ကထဲက တစ်မှေးတောင်မရသေးလို့ ခဏလဲလိုက်ရာ အိပ်ပျော်သွားပြီး ညနေ(၆:၀၀)နာရီလောက်မှာ လန့်ပြီးနိုးသွားတယ်၊ နိုးလာတော့ ဝက်တစ်ရှူးနဲ့ မျက်နာသစ်သလိုလုပ်လိုက်ရတာပေါ့၊ရေကိုလည်းတစ်အားချိူးပြစ်လိုက်ချင်ပြီလေ။ ခုနှစ်နာရီထိုးတော့ ကိုနအီးနဲ့ကိုရိုမီတို့လာပို့တဲ့ထမင်းကို စားပြီး အနံနဲ့အရသာမသိဘဲနဲ့ ဂျင်းလက်ဘက်ရည်ကို တစ်ငုံချင်းသောက်နေမိတယ် ၊

ဒီလိုနဲ့ (၉:၀၀)နာရီ နောက်ပိုင်းမှာ ဝင်လာမဆဲ တသဲသဲဖြစ်နေတဲ့ လူကြီးလူငယ်တွေငေးကြည့်လိုက် အကူအညီတောင်းရင် ရှင်းပြပြော ဆိုလိုက်နဲ့ အဝင်/အထွက် ဂိတ်ပေါက်မှာ အထဲက ဆရာကြီးလို ဖြစ်မှန်းမသိ ဖြစ်လာရောဘဲ၊ ကျနော်ရထားတဲ့ ကုတင်နေရာက နံပါက်(၁)ဆိုတော့ မြင်နေကြုံကြိုက်နေရတော့လည်း အချိန်ကြာလာသည်နင့်အမျှ ရာနူန်းပြည့် သဘောပေါက်မိလာတော့ ဝင်လာတဲ့သူတွေထဲမှာ သမာရိုးကျဖြစ်စဉ် သွေးတိုး၊ဆီးချိူမကျတာတို့၊နှလုံးအောင့်တဲ့သူ၊ ကိုဗစ်မဟုက်ရင် ဝင်မနေနဲ့လို့… တားမြစ်မိတယ်၊ လူတွေကလည်းမရပါဘူး အတင်းဝင်တော့ မကြာပါဘူး Covid ကူးတော့တာပေါ့ ၊ဖြန့်ဖြူးရေးဌာနကြီးလို ဖြစ်နေတော့ တွေးကြည့်လေ သိရှိလေ ပြေးချင်လေပေါ့ဗျာ၊ကျနော်လည်း မနက်လေးနာရွလောက်မှာ အိပ်ပျော်သွားပြီး (၈:၀၀)မထိုးခင်မှာဘဲ အရင်ရက်အတိုင်း… အသံတွေကြောင့် လန့်နိုးသွားတာပေါ့။

၂၃.၉.၂၀၂၀ နံနက်ပိုင်း နိုးလာတော့.. ဝက်တစ်ရှူးနဲ့မျက်နာသစ်ပြီး… ခိုးသွားရတဲ့.. အိမ်သာကိစ္စရှင်းပေါ့၊ မှုန့်လေးစားပြီး.. ဆရာတွေရှိ သွေးပေါင်တိုင်း သွေးချိူဖောက်စစ်ပေါ့လေ ကျနော်တို့ Result ဘယ်တော့ရမလဲ မေးတော့ မနက်ဖြန် မနက်မှဆိုပြီး ပြန်ကြားကြားခြင်း ထွက်ပြေးချင်စိတ်ပေါက်သွားတယ်၊ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း လေးစားသမှုနဲ့သနားမိတယ် PPEဝတ်စုံတွေနဲ့ လုပ်ကိုင်နေတာ ကိုယ်ချင်းစာမိသလို သောကအပူတွေနဲ့ ဒုက္ခခံနေရတဲ့ လူနာတွေ ကိုဗစ်အကူးခံလိုက်ရတဲ့ လူကောင်းလူနာစောင့်တွေ အနည်းဆုံး လူ (၂၀၀)ဟာ အောက်ထစ်ဘဲလေ ကျနော်လည်း အပေါက်ဝနားမှာ နောက်မှရောက်လာတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာ အားပေးရင်းနဲ့ ကူညီနေရရင်း တစ်ရက်သာ ကျော်ဖြတ်နေရင်း ည(၂:၀၀)နာရီလောက်မှာ မှေးကနဲ အိပ်ပျော်သွားတယ်။

၂၄.၉.၂၀၂၀(လူလည်းသက်ချင်/ ပျော်လည်းပျော်) နံနက် စောစောဆူလောင်အော်ဟစ်နေတဲ့ စကားရိုင်းသံတို့ကြောင့် ထထိုင်မိလိုက်တယ် အောင်စီဂျင်အိုးကြီးရှူနေရတဲ့ သူက ရူးသလိုလို ကြောင်သလိုလိုနဲ့ တစ်ယောက်တည်း အော်ဟစ်ပြောဆိုနေပြီး အပေါက်ဝတံခါးကို လက်နဲ့ရိုက်နေတော့ ကျနော်ဝန်ထမ်းတွေကို သွားခေါ်နေချိန်မှာဘဲ အိုးကြီးထိပ်ပိုင်းနဲ့ လှဲတိုက်ပြီး မှန်ချပ်ကြီးကို ခွဲပစ်လိုက်တဲ့အသံကြားလိုက်ရတယ်…. ၊ကျနော်နဲ့ ဆရာဝန်မတွေနဲ့ ဝန်ထမ်းတွေလည်း ပြေးလာချိန်မှာ လူအားလုံးနီးပါးက… မျက်နာချင်းဆိုင် ကယ်ကြပါအုံးဆိုပြီး ဆန့်ကျင်ဘက် ပြေးလာကြ ရော အောက်စီဂျင်အိုးကြီးလည်း လေကတစ်အားထွက်ပြီး ရေဗူးလည်းကွဲနေပြီး အိုးလဲနေတာတွေ့မြင်ရသလို အဲဒီ့ပြသနာကောင်ကိုလည်း တော်တော်ထိန်းချူပ်ထားရတယ်၊ ဒါပြင်… ကျနော်တို့ Covid သံသယဆောင်က တံခါးကြီးကတော့ ‘ဟောင်းလောင်းပေါက်ကြီး’ ဖြစ်သွားတာ တစ်နာရီကျော်လောက်ရှိမယ်။ ဝန်ထမ်းတွေ လုံခြုံရေးတွေ ရောက်ရှိလာတယ် ပလတ်စတစ်နဲ့ အမြန်ဆုံး တံခါးဖြစ်ရအောင် ပြန်လုပ်လိုက် ရတယ် ဘေးတံခါးကတော့ ၂ပေကျော်ပက်လည် ဟောင်းလောင်းပေါက် ကြီးဖြစ်နေတာ ဘယ်ရက်အထိကြာလဲဆိုတာ မသိလိုက်တော့ဘူး၊ ဒီလိုနဲ့ ကျနော့ညီအစ်ကို ဖုန်းဆက်ပြီးတော့ ပိုးတွေတော့ အပြင်ကို ထွက်ချင်တိုင်း ထွက်သွားပြီ ကိုနအီးလာရင်တော့ သတိကြီးမားစွာ ထားတော့လို့ ပြောဆိုမိပြီး စိတ်ဖြေနေလိုက်ရတယ်..

မနက် (၁၀:၃၀)ခွဲလောက်မှာ ဦးထင်အောင်လင်း အထုက်ပြင်ပါ ပြီးရင် ကားပေါ်တက်ရမယ်ဆိုတဲ့ အသံကြားလိုက်ရတော့ ပျော်လိုက်တာနဲ့ ယခင်ရှေ့ကလူတွေအတိုင်း ဝမ်းသာနေကြတာပေါ့ ၊Positive ဖြစ်သွားလို့ ဝမ်းမနည်းမိဘူး လူနာဦးရေနဲ့ ဆရာဝန်၊ သူနာပြု ၊ နေရာထိုင်ခင်း၊ အိမ်သာစတဲ့ အစီအငေါ်မတည့်တဲ့ Covid…ဖြန့်ချိရေးဌာနကြီးမှ လွတ်မြောက်နိုင်တော့မည့် အခြေအနေကို ကိုယ်တိုင်ဝင်ရောက်ခံစားဘူးတဲ့သူတွေမှ သိရှိနိုင်မယ်လေ ၊ ကျနော်လည်း စိတ်ကျေနပ်မှုတွေနဲ့ ကားကြီးပေါ်ကို အများသူငါ တွေလို ကျေနပ်စွာ တက်ပြီး ရိုးမအိမ်ရာသို့ နေ့လည် (၁:၀၀)နာရီတွင် အောင်မြင်စွာ ရောက်ရှိခဲ့ပါတယ်။

မူရင်းရေးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page