ကိုဗစ်ကြောင့် အမြတ်ငွေ အဆ ၂၀ တိုးခဲ့တဲ့ လက်အိတ်စက်ရုံမှ လုပ်သား ၅၀၀၀ ကျော် ပိုးကူးစက်ခံရ
ကိုဗစ်ကြောင့် အမြတ်ငွေ အဆ ၂၀ တိုးခဲ့တဲ့ လက်အိတ်စက်ရုံမှ လုပ်သား ၅၀၀၀ ကျော် ပိုးကူးစက်ခံရ
မလေးရှားနိုင်ငံ ကွာလာလမ်ပူက ကမ္ဘာ့အကြီးဆုံးလက်အိတ်စက်ရုံက နိုင်ငံခြားသားအလုပ်သမား ၅၀၀၀ ကျော်ဟာ ကိုဗစ် ကူးစက်ခံနေရပါတယ်။
လုပ်သားအင်အား ၂၁,၀၀၀ ရှိကာ စက်ရုံ ၄၁ ရုံနဲ့ တစ်နှစ်လျှင်လက်အိတ် ၉၀ ဘီလီယံထုတ်နိုင်တဲ့ ဒီကုမ္ပဏီဟာ ကိုဗစ်ကြောင့် အမှာစာတွေတက်ကာ သူ့ရှယ်ယာတန်ဖိုး ၄ ဆ အထိထိုးတက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ လပါတ်အတွင်း အသားတင်အမြတ် ၂၀ ဆ တိုးလာပါသတဲ့။
ဒါပေမယ့် အလုပ်သမားတွေဟာ အဆောင်မှာ တခန်းလျှင် ၂၅ ယောက်ခန့် စုပြုံနေကြရကာ ခုလို ကိုဗစ်ကူးစက်ခံကြရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နီပေါအလုပ်သမားတစ်ယောက် ကိုဗစ်နဲ့ အသက်ဆုံးကာမှ ဒီပြသနာဟာ မီဒီယာပေါ်တက်လာရတာပဲ ဖြစ်ပါတယ်။
ဓါတ်ပုံ ၂ ပုံရိုက်ပြီး လူ့အခွင့်အရေးအဖွဲ့ထဲ လျို့ဝှက်ပေးပို့ခဲ့တဲ့ အလုပ်သမားကို အလုပ်ဖြုတ်ပစ်ကာ ကျန်သူတွေအနေနဲ့ သူတို့ရင်ဆိုင်နေရတဲ့ ပြသနာတွေကို မပြောရဲအောင် လုပ်လိုက်ပါတယ်။
ကမ္ဘာ့လက်အိတ် လိုအပ်ချက်ရဲ့ လေးပုံတပုံကို ထုတ်ပေးနေတဲ့ ဒီ Top Glove ကုမ္ပဏီပိုင် စက်ရုံတွေထဲက ၂၈ ရုံကို ပိတ်ပစ်လို့ ကမ္ဘာ့စျေးကွက်ထဲမှာ လက်အိတ် လိုအပ်ချက်မြင့်လာကာ စျေးတက်ဖို့အတွက် တာစူခဲ့ရပါပြီ။