ဒေါ်အောင်ဆန်းစုကြည် ကိုဗစ် ကူးစက်ခံရမှု သတင်းမှားသာဖြစ်၊ ဖြန့်ချိသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်

ဒေါ်အောင်ဆန်းစုကြည် ကိုဗစ် ကူးစက်ခံရမှု သတင်းမှားသာဖြစ်၊ ဖြန့်ချိသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ သတင်းမှားတွေဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

လူမှုကွန်ရက်မှာ ထွက်ပေါ်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ် ‌‌ဆေးစစ်ချက်မှာ ကိုဗစ် ရောဂါပိုး Positive အဖြေထွက် ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့ အပေါ် အခုလို ပြန်လည်ရှင်းလင်းပြောကြားခဲ့တာပါ။

လက်ရှိမှာ ကျန်းမာရေး အထူးကောင်းမွန်ပြီး စိတ်ပူပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ဦးဇော်ဌေးက ပြောဆိုထားပါတယ်။ “ကျန်းမာရေး အထူးကောင်းမွန်ပါတယ်။ စိတ်ပူပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်းမာရေး အထူး(အထူး) ကောင်းမွန်ကြောင်း သတင်းစကား ပါးလိုပါတယ်။ ဒါ့အပြင် လူ အစားထိုးတယ် ဆိုတဲ့ သတင်းမှားတွေလည်း ဖြန့်နေကြတာ တွေ့ရှိရပါတယ်။ လုံးဝ မှားယွင်းတဲ့ သတင်းတုတွေပဲ ဖြစ်ပါတယ်” လို့ ဦးဇော်ဌေး က ပြောကြားထားတာပါ။

နိုင်ငံ့အကြီးအကဲတွေနဲ့ပတ်သက်ပြီး သတင်းမှား၊သတင်းတု တွေကို စစ်ဆေးပြီး ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ဆိုပါတယ်။ “နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံ့အကြီးအကဲတွေနဲ့ ပတ်သက်ပြီး လုပ်ကြံဖန်တီးတဲ့သတင်းမှားတွေ၊ ချဲ့ကားရေးသားတဲ့ သတင်းတုတွေကို အထင်အရှား ပေါ်ပေါက်ရင် ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်ပါတယ်” လို့ ဦးဇော်ဌေးက ပြောကြားထားပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ ရောက်နေတာနဲ့အမျှ သတင်းမှားတွေ၊ လုပ်ကြံဖန်တီးတဲ့သတင်းတွေ ပိုပြီး များလာပြီး ဘယ်သူတွေက ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်လဲဆိုတာသာမန်အားဖြင့် စဉ်းစားကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါလိမ့်မယ်လို့ဆိုပါတယ်။ အဲ့ဒီ သတင်းမှားတွေ ထုတ်လွှင့်တဲ့ Page နဲ့ ပတ်သက်လို့ နည်းပညာဆိုင်ရာ လုပ်ဆောင်ဖွယ်ရာတွေကို လုပ်နေပြီး ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိရင် ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page