ကိုဗစ်ကူးစက်ခံရပါက ရောဂါလက္ခဏာ ပြင်းထန်နိုင်သည့် သွေးအမျိုးအစားများ

ကိုဗစ်ကူးစက်ခံရပါက ရောဂါလက္ခဏာ ပြင်းထန်နိုင်သည့် သွေးအမျိုးအစားများ

သွေးအမျိုးအစားအလိုက် လူတစ်ယောက်ကို ကိုဗစ် ရောဂါကူးစက်နိုင်သည့်အန္တရာယ်နှင့် ယင်းရောဂါပြင်းထန်နိုင်သည့်အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ယင်းလေ့လာမှုရလဒ်ကို အောက်တိုဘာ ၁၄ ရက်က Blood Advances ဂျာနယ်တွင် ဖော်ပြထားသည်။ လေ့လာမှုတွင် သုတေသီများက ဒိန်းမတ်နိုင်ငံရှိ ကိုဗစ် ရောဂါကူးစက်သူ ၄၇၃,၀၀၀ ဦးကို အခြားလူပေါင်း ၂ ဒသမ ၂ သန်း၏ အခြေအနေများနှင့် နှိုင်းယှဉ်လေ့လာထားသည်။

ကိုဗစ် လူနာများတွင် အိုသွေးအမျိုးအစားသည် ရာခိုင်နှုန်းအနည်းငယ်သာပါဝင်ပြီး အေ၊ ဘီနှင့် အေဘီသွေးအမျိုးအစားရှိသူများ ပါဝင်နေသည့် ရာခိုင်နှုန်းပိုများကြောင်း သုတေသီများက ပြောကြားသည်။

အေ၊ ဘီနှင့် အေဘီသွေးအမျိုးအစားရှိသူများသည် ကိုဗစ် ရောဂါကူးစက်နိုင်သည့်အန္တရာယ် မြင့်မားပုံရကြောင်း မိမိတို့၏လေ့လာမှုအတွင်း တွေ့ရှိသည်ဟု သုတေသီများက ပြောကြားသည်။

ယင်းသွေးအမျိုးအစား သုံးမျိုးရှိသူများကြားတွင် ကူးစက်မှုနှုန်းမှာ အတူတူဖြစ်ကြောင်း သုတေသီများ က ပြောကြားသည်။

အခြားလေ့လာမှုတစ်ရပ်တွင် ကနေဒါနိုင်ငံရှိ ကိုဗစ် ရောဂါဒဏ်ပြင်းပြင်းထန်ထန်ခံစားနေရ ပြီး ဆေးရုံတင်ထားရသူ ၉၅ ဦးပါဝင်ပြီး ၎င်းတို့အနက် အေ၊ ဘီနှင့် အေဘီသွေးအမျိုးအစားရှိသူများ အသက်ရှူကိရိယာအသုံးပြုရန်လိုအပ်မှုပိုများကြောင်း တွေ့ရှိထားသည်။ ယင်းသွေးအမျိုးအစားရှိသူများ သည် ကျောက်ကပ်ပျက်စီးခြင်းကြောင့် သွေးသွင်းရန်လိုအပ်မှုလည်းပိုများကြောင်း လေ့လာမှုတွင်ဖော်ပြ ထားသည်။ ယခုလေ့လာမှုကို ဗြိတိန် ကိုလံဘီယာတက္ကသိုလ်မှ သုတေသီများက ပြုလုပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page