ကိုဗစ်ပိုးက ဝူဟန်ကိုပို့တဲ့ သြစတြေးလျ အေးခဲအသားတွေက ပါလာတာလို့ တရုတ်စွပ်စွဲ

ကိုဗစ်ပိုးက ဝူဟန်ကိုပို့တဲ့ သြစတြေးလျ အေးခဲအသားတွေက ပါလာတာလို့ တရုတ်စွပ်စွဲ

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ကိုဗစ်ရောဂါပိုး စတင်ကူးစက်ပြီး ဒီနေ့ တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားလို့ လူပေါင်း တစ်သန်းခွဲကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရ ထိန်းချုပ်မီဒီယာဖြစ်တဲ့ ဂလိုဘယ်တိုင်းသတင်းဋ္ဌာနက ကိုဗစ်ဗိုင်းရပ်စ်ဟာ သူတို့နိုင်ငံက စတာမဟုတ်ဘဲ သြစတြေးလျအပါအဝင် အခြားနိုင်ငံတွေကနေ ဝူဟန်မြို့ သားစိမ်းငါးစိမ်းစျေးကွက်ထဲကို အေးခဲအသားတွေ တင်ပို့ရာက ပါလာခဲ့တာလို့ စွပ်စွဲရေးသားလိုက်ပါတယ်။

ကိုဗစ်ဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး အဆိုးရွားဆုံး ဖြစ်နေချိန်မှာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ သြစတြေးလျနိုင်ငံက ဝူဟန်ကို အေးခဲအသားတွေ တင်ပို့ရာက အဲဒီအသားတွေမှာ ဗိုင်းရပ်စ်ပါလာပြီး ဝူဟန်မှာ စတင်ကူးစက်ခဲ့တာလို့ ရေးသားလိုက်ပါတယ်။

ဝူဟန် အသားစိမ်း၊ ငါးစိမ်းစျေးကွက်ကို သြစတြေးလျနိုင်ငံအပြင် ဘရာဇီး၊ ဂျာမနီ၊ ချီလီနဲ့ အီကွေဒေါနိုင်ငံတွေက အေးခဲအသားတွေ တင်ပို့မှုများစွာ ရှိခဲ့ရာက ကိုဗစ်ပိုးဟာ အေးခဲအသားတွေ ထားတာကြာရင် ဖြစ်ပေါ်လာတဲ့ပိုးဖြစ်ပြီး အဲဒီကမှ တိရစ္ဆာန်တွေကိုကူးပြီး လူတွေဆီ တဆင့်ကူးတာဖြစ်တယ်လို့ ဂလိုဘယ်တိုင်းက ဖော်ပြခဲ့တာပါ။

ဒီလိုဖော်ပြရာမှာ သြစတြေးလျနိုင်ငံရဲ့ အထိမ်းအမှတ် သားပိုက်ကောင်ပုံမှာ အမေရိကန်နိုင်ငံအလံ သင်္ကေတဖြစ်တဲ့ နတ်သမီးတောင်ပံနှစ်ခုကိုတပ်ထားတဲ့ လှောင်ပြောင်ကာတွန်းပုံကိုလည်း သုံးပြီးဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ သြစတြေးလျနိုင်ငံနဲ့ စီးပွားရေး၊ နိုင်ငံရေးတင်းမာနေချိန်မှာ သြစတြေးလျက တင်သွင်းတဲ့ ဝိုင်တွေကို အခွန် (၂၁၂) ရာခိုင်နှုန်း တိုးကောက်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ အခုလိုဖြစ်ခဲ့တာပါ။

ဒီဖော်ပြချက်မှာ တရုတ်နိုင်ငံ ဝူဟန်တက္ကသိုလ်က ရောဂါဗေဒပညာရှင် ယန်ဇန်ကီဆိုသူရဲ့ လေ့လာတွေ့ရှိချက်လို့သာ ဖော်ပြထားပြီး ခိုင်မာတဲ့ အထောက်အထား၊ အချက် အလက်တွေ မပါဝင်ဘူးလို့ အနောက်တိုင်း ပညာရှင်တွေက တုံ့ပြန်ပြောဆို နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page