ကိုဗစ်ဟာ လေထဲကနေ ကူးတယ်လို့ အမေရိကန်က ကြေညာလိုက်ပါပြီ (အားလုံး ဂရုစိုက်ကြပါ)

ကိုဗစ်ဟာ လေထဲကကူးတယ်လို့ CDC က ဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံကူးစက်ရောဂါဌာန CDC က ကိုရိုနာဗိုင်းရပ်စ်ဟာ (airborne) လေထဲကကူးစက်နိုင်တယ်လို့ ဆိုလိုက်ပါတယ်။

သောကြာနေ့က ထုတ်ပြန်ချက်ထဲမှာ ကိုဗစ်ဟာ လူအချင်းချင်း အနီးကပ်ထိတွေ့မှုကနေ ကူးစက်နိုင်တယ်လို့ ယူဆထားခဲ့ရာက အခုအခါ လေထဲကနေ အသက်ရှုရင်း ကူးစက်နိုင်တယ်လို့ guideline ကို ပြင်လိုက်တာဖြစ်ပါတယ်။ အရင်ကတည်းက သိပ္ပံပညာရှင်တွေက အခုလိုပြင်ဆင်ဖို့ တိုက်တွန်းခဲ့တာပါ။

ဇူလိုင်လတုန်းက သိပ္ပံပညာရှင် ၂၃၉ ယောက်ဟာ Clinical Infectious Diseases မှာ ကိုဗစ်ဟာ airborne transmission ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုပေးဖို့ case reports တွေ ဓာတ်ခွဲခန်းသုသေသနတွေကို အခြေပြုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို တောင်းဆိုခဲ့ဖူးပါတယ်။

အခုလို ကိုဗစ်ဟာလေထဲကကူးနိုင်တယ်လို့ သတ်မှတ်လိုက်တာနဲ့ ဘာလုပ်သင့်သလဲ?

ဘက်စ်ကား၊ လေယာဉ်ပျံ၊ ရထားတွေထဲမှာ ကူးစက်မှုကို ကာကွယ်တားဆီးဖို့ Mask မတပ်မနေရ စည်းကမ်းချရပါမယ်။ ကိုဗစ်လူနာကို Test စစ်ဖို့လိုက်ခေါ်ရင် အကုန်လုံးကို ကားတစ်စီးထဲ ကြာရှည်စွာမြို့ပတ်ပြီး စုခေါ်တာ မလုပ်သင့်ပါ။ ကားပေါ်မှာ ရေသောက်၊ mask ချွတ်ရာကနေ၊ စကားပြောရာကနေ ကူးစက်သွားနိုင်ပါတယ်။

ရုံးတွေမှာ လေကောင်းလေသန့်ရဖို့ ဂရုစိုက်ရပါတော့မယ်။ စင်ကာပူမှာလိုအမြဲ mask တပ်ခိုင်းနိုင်ရင် ပိုကောင်းပါတယ်။ ရုံးတွေ၊ အလုပ်တွေမှာ ထမင်းစားချိန်မှာ ထမင်းအတူ စုစားခြင်းကို လုံးဝတားမြစ်ရပါတော့မယ်။ ထမင်းစားချိန်မှာ Mask ချွတ်ရတာမို့ အတူစားရင် ကျိန်းသေကူးစက်ဖို့ များသွားပါပြီ။

လေထဲကနေ ကူးစက်နိုင်မှုလျော့အောင် ပြတင်းပေါက်တွေဖွင့်ပြီး လေကောင်းလေသန့် လေအဝင်အထွက်ကောင်းအောင် လုပ်ပေးရပါတော့မယ်။ အခု အမေရိကန်နိုင်ငံကူးစက်ရောဂါဌာန CDC က လူချင်း အနည်းဆုံး ၆ ပေအကွာကနေပြီး mask တပ်ပြီးနေဖို့ ပြောနေပါပြီ။ Mask မတပ်မနေရကို ပိုမိုတင်းကျပ်စွာ ကျင့်သုံးရပါတော့မယ်။

ကျနော်တို့က အိမ်တံခါးဝက တံခါးခေါက်ရင် Mask တပ်ပြီးမှ မေးထူးခေါ်ပြောလုပ်လို့ရပါတော့မယ်။ နေမကောင်းရင် အိမ်မှာနေခိုင်းပြီး သီးသန့်ခွဲနေနိုင်ဖို့ ကြိုးစားရပါမယ်။ အရှင်းလင်းဆုံးပြောရရင် နဂိုက နှာချေခြင်း၊ ချောင်းဆိုးခြင်းကထွက်လာတဲ့ အမှုန်အမွှားကကူးတယ်လို့ သတ်မှတ်ခဲ့ရာက အခုအခါ အသက်ရှုထုတ်ရာ၊ စကားပြောရာကနေလည်း ကူးကြောင်း သတ်မှတ်ပါပြီ။

ဗိုင်းရပ်စ်ဟာ ၆ ပေထက် ပိုခွာပြီးနေလည်း ကူးနိုင်ပါပြီ။ ဩဂတ်စ်လက တွေ့ရှိခဲ့တဲ့စာတမ်းအရ ဆေးရုံကလေကို ပိုးမွေးမြူကြည့်ရာမှာ ဗိုင်းရပ်စ်တွေ့ခဲ့ရတဲ့အတွက် လေထဲမှာ ၆ ပေထက်ပိုပြီးသွားနိုင်တယ်ဆိုတာ သိပ္ပံနည်းကျသက်သေပြနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ပိုးမွေးကြည့်တာထက် သေချာတာမရှိပါ။

သိပ္ပံပညာရှင်တွေက WHO သည် အခုလိုသိပ္ပံနည်းကျတွေ့ရှိချက်တွေကို အသိအမှတ်ပြုဖို့အချိန်ကျရောက်ပြီလို့ ဆိုလိုက်ပါတယ်။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page