သူများနိုင်ငံက ကိုဗစ်သီအိုရီတွေ နည်းလမ်းတွေ အတိုင်း ပုံတူကူးချပြီး သုံးလို့ မရတဲ့ မြန်မာပြည်အခြေအနေ
သူများနိုင်ငံက ကိုဗစ်သီအိုရီတွေ နည်းလမ်းတွေ အတိုင်း ပုံတူကူးချပြီး သုံးလို့ မရတဲ့ မြန်မာပြည်ကိုဗစ်အခြေအနေ
ဆရာဝန်ကြီး တယောက် ကရေးတယ်။ ရန်ကုန်ရဲ့ လော့ဒေါင်းဟာ ဖရိုဖရဲ နိုင်လှတယ်။ သူ့ကိုသာ (၃) ပါတ်လောက် အာဏာပေးထားရင်… ရန်ကုန်မြို့ အတွက် စစ်သား (၁၀၀၀)၊ ရဲ (၁၀၀၀)၊ Volunteer (၁၀၀၀) နဲ့ check point ၁၅၀၊ Barricade တွေ ထားပြီး၊ Gate တစ်ခုချင်းစီ မွာ စစ်သား၊ ရဲ နဲ့ Volunteer ၃၀ စီ နဲ့ ၈ နာရီခြား အလဲအထပ် လုပ်ပြီး… တစ်မြို့လုံးကို ဘယ်ကားမှ မပေးဝင်၊ ဘယ်သူှ မထွက်ရဘဲ တင်းကြပ်စွာ စစ်ဆေး ကြပ်မတ်သွားမယ်တဲ့။ အဲလိုလုပ်ရင် … ကိုဗစ် ရောဂါဟာ ၂ ပါတ် အတွင်း လျော့ကျသွားမယ်လို့ အခိုင်အမာ ဆိုပါတယ်။ အခုဟာက အစိုးရ ရဲ့ ပေါ့ဆ မှုကြောင့် လူပေါင်းများစွာ သေရ၊ ကူးစက်ကြရတယ် လို့ အပြစ်တင်ထားပါတယ်။ …
ဆရာကြီးက နိုင်ငံခြားက ဆေးရုံမှာ အလုပ် လုပ်နေတော့… မြန်မာပြည်ရဲ့ အခြေအနေ ကို မေ့သွားဟန်တူတယ်။ ရန်ကုန်ကို(၂) ပါတ်တိတိ တင်းကြပ်တဲ့ လော့ဒေါင်း ချလိုက်ရင်… လုံခြုံရေး (၃၀၀၀) လောက်နဲ့ လူဦးရေ (၇) သန်းကျော်တဲ့ ရန်ကုန်မြို့ကြီးကို ဘယ်လို ကိုင်တွယ် ဖြည့်ဆည်း ပေးကြမှာပါလဲ။
နိုင်ငံခြားကလို ရေဘုံဘိုင် ဖွင့်လိုက်တာနဲ့ သန့်ရှင်းတဲ့ ရေသန့်လို ချိုးရေ၊ သုံးရေ၊ သောက်ရေ ဖြန့်ထားနိုင်တဲ့ နိုင်ငံ မဟုတ်ဘူး။ ရေသန့်တွေ ဗူးကြီး ဗူးငယ် အသွယ်သွယ်နဲ့ နေ့စဉ် ဝယ်သောက်နေရတာပါ။ One stop service Market တွေနဲ့ အိမ်တိုင်ရာ ရောက် အသားငါး၊ ဟင်းသီးဟင်းရွက်၊ အစို၊ အခြောက်တွေ မှာယူဝယ်စား နိုင်တဲ့ ဘဝမျိုး ရန်ကုန်သားတွေ အများစုက မရှိကြပါဘူး။ အသားနဲ့ ဟင်းသီးဟင်းရွက် ကို (၂) ပါတ််စာ ကြိုတင်ဝယ်ပြီးထားဖို့ ဆိုရင် ရေခဲသေတ္တာ ရှိရင်တောင် ရန်ကုန် ရာသီဥတု နဲ့ အဆင်မပြေလှဘူး။
ကမ္ဘာဦးအစကနေ ယနေ့မှ လျှပ်စစ်မီး မြင်ဖူးကြတဲ့ လူတွေ ရှိသလို၊ food delivery တွေကိုလည်း လူတိုင်း လက်လှမ်းမီ မှာစားနိုင်တဲ့ အဆင့်မရှိကြသေးဘူး။ ကိုဗစ် ကြောင့် မဟုတ်ဘဲ တစ်ခြားသော ရောဂါ တွေနဲ့ ဆေးရုံ၊ ဆေးခန်းသွားဖို့ အတွက် လူနာတွေကို သယ်ဆောင်ဖို့၊ ကုသဖို့ အတွက် မြန်မာ့ ကျန်းမာရေး စနစ်ကိုလည်း သတိမမေ့ကြဖို့ လိုပါသေးတယ်။ ကိုဗစ် လူနာတွေ၊ PUI သံသယ ရှိသူတွေကို ကိုင်တွယ်ဖို့၊ ကုသဖို့အတွက် လိုအပ်တဲ့ Gloves၊ Face Shields၊ PPE၊ masks၊ medical equipment တွေ၊ စစ်ဆေး ပေးမယ့်စက်တွေ၊ Ventilator တွေ၊ ECG တွေ စတာတွေကို တစ်နိုင်ငံလုံးကို လုံလုံလောက်လောက် ဖြန့်ကျက်ပေးဖို့ အတွက် ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။
အခြေ ခံ Public Transport တွေကို အားကိုးပြီး ရုံးတက်၊ ရုံးဆင်း လုပ်နေရတဲ့ ဝန်ထမ်း အများစုအတွက် လိုင်းကားတွေပါ ကန့်သတ် လိုက်ရင် ရန်ကုန်ဟာ အစာရေစာ မကျွေးဘဲ… အင်းစိန်ထောင်ထဲ ပိတ်သတ်သလို… လူဦးရေ(၇)သန်းလုံးဟာ ကိုဗစ် ကြောင့် မဟုတ်ဘဲ သေကြေ ပျက်စီးကြရပါလိမ့်မယ်။ အစိုးရ လည်း မသိဘူး မဟုတ်ပါဘူး။ အခြေ ခံ သောက်ရေတောင် နေ့စဉ် ဝယ်သောက်နေရတဲ့ တိုင်းပြည်မှာ နိုင်ငံခြား နဲ့ ပမာ နှိုင်းယူပြီး လိုက်လုပ်ရင် ဆိုးကျိုးက ပိုများသွားမယ် ထင်ပါတယ်။
အခုလည်း စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ထားရလို့… အလုပ်သမားတွေ လုပ်ခ လစာ ပေးနိုင်ဖို့နဲ့ လုပ်ငန်းရှင်တွေကို အတိုးနည်း ငွေထုတ်ချေးဖို့ အစိုးရက အများကြီး စီစဉ်ကြရတယ်။ ဒကာ၊ ဒကာမ တွေ ဆွမ်းအလှူ ရှိမှ ဆွမ်းဘုန်းကြရတဲ့ ဘုန်းကြီးကျောင်းတွေရဲ့ အခြေအနေကိုလည်း မေ့ထားလို့ မရပါဘူး။ ဒီအတွက်လည်း အစိုးရက စီစဉ်ပေးရပြန်ပါတယ်။ ဝင်ငွေနည်းမိသားစုတွေကို လစဉ် ကျပ် (၂) သောင်း ထောက်ပံ့နေသလို၊ လျှပ်စစ် မီတာကြေး တွေကို လစဉ် ယူနစ် ၁၀၀ အခမဲ့ သုံးနိုင်ဖို့ လုပ်ပေးရတာ၊ ဝန်ထမ်းတွေကို (၂) လစာ ထုတ်ချေး နိုင်ဖို့ လုပ်နေရတာ၊ ကိုဗစ်သံသယ ရှိသူတွေကို Quarentine မှာ ကျွေးဖို့၊ သွေးစစ် ပေးဖို့ အလကား ကုန််ကျ ခံပေးနေတာဟာ… ဘက်ဂျက် မရှိတဲ့ ဆင်းရဲတဲ့ တိုင်းပြည်အတွက်.. အလွန် ကျားကန် နေရတဲ့ အဆင့်ပါ။
ဆရာကြီး ပြောတဲ့ လုံခြုံရေး အင်အား (၃၀၀၀) က မြို့ကို ထိန်းချုပ် ပိတ်လှောင် ထားလို့ပဲရမယ်။ လူတွေရဲ့ နေ့စဉ် လိုအပ်ချက် ကို ဖြည့်ဆည်းဖို့အတွက် မစွမ်းဆောင်နိုင်ပါဘူး။ တိုက်ခန်း တစ်ခုမှာ မိသားစုများစွာ ပြွတ်သိပ်၊ ကြပ်ပိတ်နေရတဲ့ လူနေမှုစနစ်ရယ်၊ poor ventilation system ရယ်၊ poor sanitation system တွေကြောင့်… နိုင်ငံခြားမှာ ကျင့်သုံးသလို Home Quarentine မလုပ်ဘဲ.. . facility Quarentine တွေ အကုန်အကျခံပြီး လုပ်နေရကြောင်း အစိုးရက ပြောခဲ့ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ချမ်းသာနေတဲ့ နိုင်ငံမဟုတ်သလို၊ လူတဦးရဲ့ အခြေခံ ဝင်ငွေကလည်း တရက်ကို (၃၅၀၀) အောက်ပဲ ရှိနေတာပါ။ ဝမ်းရေး နဲ့ နိုင်ငံရေး စနစ်ဟာ ဆက်စပ်ကြောင်း လူတွေ သိလာတာ သိပ်တောင်မကြာ သေးပါဘူး။ အဓိက အချက. လူတဦးချင်းစီက အစိုးရ နဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း ဒီ (၂)ပါတ် အတိအကျလိုက်နာ နေထိုင်ရငန် ရန်ကုန်ကို ပြန်လည် ကယ်တင်နိူင်မှာပါ
ကိုမင်းထော်မွန်