ရုရှားရဲ့ ကိုဗစ်ကာကွယ်ဆေး မြန်မာပြည် ဘယ်တော့ရောက်မှာလဲ သိချင်သူများ အတွက်
ရုရှားနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေး မြန်မာပြည် ဘယ်တော့ ရောက်မှာလဲ သိချင်ကြတယ်။ သတင်းဖြန့်ဝေရရင်…
၁။ ရုရှာ ကာကွယ်ဆေးဟာ တကယ်အစွမ်းထက်လို့ ဖြန့်မယ်ဆိုရင် တကမ္ဘာလုံးသုံးနိုင်ဖို့ ၁၄ နှစ်ကြာအောင်ဖြန့်ရပါ့မယ်။ ကမ္ဘာက ဝိုင်းကူထုတ်ပေးတောင် တနှစ် အလုံးသန်း ၅၀၀ ပဲ ထွက်နိုင်တယ်။ ကမ္ဘာ့လူဦးရေ က ၇ ဘီလီယံကျော်တယ်။
၂။ ကာကွယ်ဆေးတွေဟာ အအေးခန်း နဲ့သယ်ရတယ်၊ မီးပျက်တဲ့နိုင်ငံတွေမှာ ထားသိုမှုမမှန်လို့ တဝက်က အာနိသင်မဲ့သွားတယ်။ တောနေလူတန်းစားအထိ ရောက်ဖို့ သယ်ယူရေး အခြေခံအဆောက်အအုံအရေးကြီးပါတယ်တဲ့။
၃။ ကမ္ဘာက ထုတ်ဖို့အရမ်းလွယ်ကူတဲ့ ကာကွယ်ဆေးမျိုး ရှာဖွေတွေ့ခဲ့ရင်တောင် တကြိမ်ထိုး တနှစ်ခံလား၊ ဘီပိုးဆေးလို သုံးခါထိုးရမှာလား အပေါ်မူတည်ပြီး အခက်အခဲတွေအများကြီးရင်ဆိုင်ရဦးမယ်။
၄။ သူဌေးနိုင်ငံတွေက စုဝယ်ကြရင် ဆင်းရဲသားနိုင်ငံရောက်ဖို့ကြာမယ်။
ဒီတော့ ကမ္ဘာ့လူဦးရေ သုံးပုံ တပုံ ထိုးနိုင်ဖို့ ကာကွယ်ဆေး ၂ ဘီလီယံကျော်လောက် ထွက်ရှိဖို့ ၂၀၂၁ ဒီဇင်ဘာလောက်မှ မှန်းနိုင်မယ်တဲ့။ ကျန်တဲ့လူတွေက ၂၀၂၁ ကျော်အထိ ဆက်စောင့်ရဦးမယ်တဲ့။ အရှိတရားကို ဒီနေ့တွက်နေကြပုံတင်ပြတာပါ။ ဒီထက်ပိုမြန်လာဖို့ ဆုတောင်းရမှာပေါ့။ (Kyaw Swa Min)