တောင်ကိုရီးယား ကမ်းရိုးတန်းတပ်ဖွဲ့ရဲ့ ပိုစတာကို ဒဲ့ကူးလိုက်တဲ့ ပေါက်ဖော်ကြီး
တောင်ကိုရီးယား ကမ်းရိုးတန်းတပ်ဖွဲ့ရဲ့ ပိုစတာကို ဒဲ့ကူးလိုက်တဲ့ ပေါက်ဖော်ကြီး
တောင်ကိုရီးယားကမ်းခြေစောင့်တပ်ရဲ့ ပုံကို ဝါဒဖြန့် ပိုစတာတစ်ခုတွင် တရုတ်နိုင်ငံသုံးစွဲခဲ့
တောင်ကိုရီးယား ကမ်းရိုးတန်းအထူးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဓာတ်ပုံကို ဝါဒဖြန့်ပိုစတာမှာ တရုတ်နိုင်ငံက သုံးစွဲခဲ့ပါတယ်။ အဆိုပါတပ်ဖွဲ့ဝင်ပုံကို သုံးစွဲထားတဲ့ ပိုစတာဟာ နေရာအတိအကျမသိရတဲ့ တရုတ်နိုင်ငံတွင်း ဒေသတစ်ခုမှာဖြစ်ပြီး တောင်ကိုရီးယားအလံ နဲ့ ပုခုံး (တံဆိပ်)ကိုတောင် မပြုပြင်ပဲ ဒီအတိုင်းပိုစတာထဲမှာ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။
ပုံထဲက တောင်ကိုရီးယား တပ်ဖွဲ့ဝင်ကိုင်ဆောင်ထားတဲ့ အမျိုးအစားဟာ နေတိုး အဖွဲ့ဝင်နိုင်ငံတော်တော်များများရဲ့ ကမ်းခြေစောင့်တပ်၊ ရေတပ် နဲ့ ခြေမှုန်းရေးအထူးတပ်တွေမှာ ကိုင်ဆောင်ကြပါတယ်။ တရုတ်နိုင်ငံရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေ အများဆုံးကိုင်ဆောင်ကြတဲ့လက်ကတော့ အပေါ့စားရိုင်ဖယ်တွေ ဖြစ်ပါတယ်။