တောင်ကိုရီးယားတွင် ကူးစက်လူနာ တထောင်ကျော်တွေ့၊ လိုအပ်လျှင် အလုံးစုံလော့ဒေါင်း ပြုလုပ်မည်

တောင်ကိုရီးယားတွင် ကူးစက်လူနာ တထောင်ကျော်တွေ့၊ လိုအပ်လျှင် အလုံးစုံလော့ဒေါင်း ပြုလုပ်မည်

ဒီနေ့ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာအသစ် ၁ ထောင်ကျော်သွားပြီ။ ဒီလအတွင်း ၄၅၁ → ၅၁၁ → ၅၃၀→ ၆၂၈→ ၅၇၇→ ၆၃၁ → ၆၁၅ → ၅၉၂ → ၆၇၁ → ၆၈၀ → ၆၈၉ → မနေ့က ၉၅၀ ကျော် → ဒီနေ့ ၁၀၃၀ ယောက်။

သမ္မတ မွန်း က အခု လော့ဒေါင်း အခြေအနေကို ‘အရေးပေါ်အခြေအနေ’ လို့ သတ်မှတ်ပြီး ဒီနေ့ပဲ အရေးပေါ် အစည်းအဝေးလုပ်ပါတယ်။ အဲ့ဒီ ဆိုးလ်မြို့အစိုးရရုံးရဲ့ ကိုဗစ် ဗဟိုဘေးအန္တရာယ်နဲ့ ဘေးအန္တရာယ်ကာကွယ်ရေးဌာနချုပ်အစည်းအဝေးမှာ သမ္မတမွန်းကိုယ်တိုင် တိုက်ရိုက်သဘာပတိလုပ်ခဲ့တယ်။ “ကာကွယ်ဆေးမရခင် အခုလိုဖြစ်နေတဲ့ နောက်ဆုံးအခြေအနေကို ကျော်လွှားရမယ်။ ဒါဟာ နောက်ဆုံးခြေလှမ်းပဲ။ လိုအပ်ရင် လော့ဒေါင်း (ကိုရိုနာဗိုင်းရပ်စ်ကာကွယ်မှု အဆင့် ၃) ချဖို့ ရဲရဲရင့်ရင့် ဆုံးဖြတ်ချက်ချရမယ်။ ကျွန်တော်တို့ အကောင်းဆုံးလုပ်ကြရအောင် ”တဲ့။

ဆောင်းရာသီမို့ အေးပြီးခြောက်သွေ့တဲ့နေရာမှာ ဗိုင်းရပ်စ်တွေက အချိန်ပိုကြာအောင်အသက်ရှင်နိုင်တာမို့ ထိန်းမရအောင်ဖြစ်နေတယ်။ မနက်ဖြန်ဆိုရင် အပူချိန် -10 C° အထိ ကျသွားမှာဖြစ်တယ်။ တောင်ကိုရီးယားက မောင်နှမတို့ သတိထားကြပါ။

ခရစ္စမတ်၊ နှစ်ကုန်ပိုင်းနဲ့ နှစ်သစ်ကူးအားလပ်ရက်တွေမှာ လူမစုကြပါနဲ့။ မိသားစု၊ အသိမိတ်ဆွေတွေနဲ့ တွေ့တာတောင် အန္တရာယ်ရှိနိုင်ပါတယ်တဲ့။

တောင်ကိုရီးယားမှာ အခု semi- lockdown တောင် စီးပွားရေးထိခိုက်နေပါပြီ။ အကယ်၍ lockdown ချမယ်ဆိုရင် စီးပွားရေးအတော်ထိခိုက်သွားမှာမို့ အားလုံးက စိုးရိမ်နေကြတယ်။

မရွှေမိုး (ကိုရီးယား)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page