ကူးစက်သူတွေ သောင်းချီလာရင် လွဲမှားနိုင်တဲ့ လူနာစာရင်းနဲ့ မဖြစ်မနေသုံးရမယ့် ကုတ်စနစ်

ကူးစက်သူတွေ သောင်းချီလာရင် လွဲမှားနိုင်တဲ့ လူနာစာရင်းနဲ့ မဖြစ်မနေသုံးရမယ့် ကုတ်စနစ်

လူအများကြီး ကူးစက်လာနိုင်တယ် လို့ ကျနော် ထုတ်ပြောတယ်။ သို့သော် ဆဲကြတယ်။ ဒါလည်း အဆန်းမဟုတ်ဘူးလေ။ သူများနိုင်ငံတွေ သိန်းသန်းချီ ဖြစ်နေတာ ကြည့်ရင် သိနိုင်တာပဲ။

အဲလောက်နံပါတ်များလာရင် အမည် အသက် ကျားမ အဖေနာမည် နေရပ် ဆိုတာတွေ ဖတ်ပြီး အလုပ်လုပ်လို့ မရနိုင်တော့ဘူး။ လူတစ်ယောက်ကို Code တစ်ခုနဲ့ အလုပ်လုပ်ရမှာ။

Code ကြည့်လိုက်ရုံနဲ့ ဘယ် ဆေးရုံ ဘယ် Q site က လာတယ်ဆိုတာ သိနိုင်တာ။ Code system ကလည်း ရှိပြီးသားကို သုံးပါလို့ မိမိ အကြံပေးခဲ့သော်လည်း…

အကြံပေးခဲ့သော်လည်း…. ဒီလိုပေါ့လေ… ခုတော့ positive results တွေကိုင်ပြီး ရွာလည်ပြီလေ။ Negative ထင်ပြီး လွှတ်လိုက်မိမှာ Contactကို အချိန်မှီ မလိုက်မိမှာ စိုးရိမ်တယ်။

Covid-19 Outbreak ဖြစ်တဲ့ နိုင်ငံတွေထဲမှာ Coding မသုံးတဲ့ နိုင်ငံဆိုပြီး ဂုဏ်ယူရတာပေါ့လေ။ ခုလည်း စဆရက လုပ်ပြန်ပြီ ဆိုပြီး ဆဲဦီးနော။

Maung Maung Oo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page