မိုးလေဝသပညာရှင် ဦးချစ်ကျော်ပြောတဲ့ တပတ်အတွင်း မိုးလေဝသ ထူးခြားဖြစ်စဥ်များ
မိုးလေဝသပညာရှင် ဦးချစ်ကျော်ပြောတဲ့ တပတ်အတွင်း မိုးလေဝသ ထူးခြားဖြစ်စဥ်များ
အောက်တိုဘာလ ၂၇မှ နိုဝင်ဘာလ ၂ ရက် အတွင်း မိုးအခြေအနေ (26/10/2020 10:58 mst)
ယခုတပါတ်အတွင်း ထူးခြားမှု့ကတော့ နောက်ထပ်လေပွေလှိုင်းတခု ထပ်မံဖြစ်ပေါ်နိုင်သော်လည်း ပြီးခဲ့တဲရက်သတ္တပါတ်လောက် မိုးများများရွာရန် မမီနိုင်သော်လည်း မိုးကတော့ ရွာနိုင်ပါသေးကြောင်း အသိပေးလိုပါတယ်။
အောက်တိုဘာ ၂၇ ၂၈ ၂၉ ရက်တွေမှာ မြန်မာနိုင်ငံ အထက်ပိုင်း ဖြစ်တဲ့ ကချင်နဲ့ စစ်ကိုင်းအထက် မိုးပြန်လျေ့ာကျ သွားနိုင်ပြီး ရခိုင် ဧရာဝတီ ပဲခူးတိုင်း မကွေးတိုင်းတောင်ပိုင်း နေပြည်တော်တွေမှာ နေရာကွက်ကျားမိုးဆက်ရွာနိုင်ပါသေးတယ်။
အောက်တိုဘာ ၃၀ ၃၁နဲ့ နိုဝင်ဘာ ၁၊ ၂၊ ၃ ရက်တွေမှာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသဖြစ်သော ကရင်ပြည်နယ် မွန်ပြည်နယ် ရန်ကုန့်တိုင်း ဧရာဝတီတိုင်းတွေ နေရာကျဲကျဲ မိုးအသင့်အတင့်ပြန်ရွာနိုင်ပါတယ်။ ဒီလိုဖြစ်နိုင်တာက အောက်တိုဘာ ၃၀ ၃၁ ရက် ဗီယက်နမ်ကမ်းခြေက ဖြတ်ကျော်လာမဲ့ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ မြန်မာဘက်ကို ရွေ့လာနိုင်တာကြောင့် ဖြစ်ပါတယ်။
မိုးရွာနိုင်သော်လည်း မြစ်ဝကျွန်းပေါ်က ကိုင်းစိုက်တောင်သူတွေအတွက် ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုရောက်နိုင်ခြေ နည်းပါးပါကြောင်း အသိပေးလိုပါတယ်။ နောက်တပါတ်မှာ ထပ်မံတင်ပြပါမယ်။