ချောင်းသာကမ်းခြေ ဟိုတယ်မှ ရေချိုးရင်း ဓါတ်လိုက်တဲ့ကိစ္စ နောက်ဆက်တွဲ

200KVA ဓာတ်ကြိုးပေါ် ရေပန်းတပ်ထားတဲ့ ချောင်းသာဟိုတယ်ကြောင့် ဓါတ်လိုက် ‌တေဆုံးခြင်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာမြို့ ….. ဟိုတယ်တွင် ၃၀-၄-၂၀၂၃ နေ့လည် (၁ နာရီ ၂၀ မိနှစ်)အချိန် ပင်လယ်မှရေကူးပြန်လာသော မောင်နိုင်မျိုးလွင်(ခ)နောင်နောင် နှင့်သူငယ်ချင်း သုံးယောက်တို့သည် 200 KVA ထရန်စမာ (မီတာအမှတ်-ECA006382) ၏ 400 ဗို့ Main Panel မှတဆင့် ဟိုတယ် အတွင်းသို့ သွယ်တန်း ထားသော Underground Cable ပေါက်ပြဲရာမှ တဆင့် လျှက်စစ်စီးကူး​နေသည်ကို မသိ၍ ရေပန်းအား ဖွင့်ရာတွင်..

သူငယ်ချင်းသုံးဦး ထိုနေရာတွင်ဓါတ်လိုက်ကာ မောင်နိုင်မျိုးလွင်(ခ)နောင်နောင် (၂၈) နှစ် ဓာတ်လိုက် ‌တေဆုံး သောကြောင့် ချောင်းသာဆေးရုံသို့ သယ်ဆောင်ပြီး ရဲဆေးစာပေးပို့ခါ တိုက်နယ်ဆရာဝန် ဒေါက်တာထွန်းထွန်းခိုင်မှ PM-အမှတ် (4/2023) ဖြင့် လက်ခံစစ်ဆေးပြီး ဓမ္မတာအတိုင်း ဓါတ်လိုက် တေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးခဲ့ကြောင်း နှင့်ချောင်းသာနယ်မြေစခန်း မှသေမူ သေခင်း အမှတ်စဉ် (3/2023) ဖြင့် ဒုရဲအုပ် ဟန်ဇော်ထွန်း ခေတ္တ စခန်းမှူးမှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်း စောရန်နိုင်(ချောင်းသာ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page