အသုံးမဝင်တော့တဲ့ လော့ဒေါင်းစနစ်နဲ့ ခြောက်သင့်တာ ခြောက် ကြောက်သင့်တာ ကြောက်ရမယ့် အခြေအနေ

အသုံးမဝင်တော့တဲ့ လော့ဒေါင်းစနစ်နဲ့ ခြောက်သင့်တာ ခြောက် ကြောက်သင့်တာ ကြောက်ရမယ့် အခြေအနေ

ကိုဗစ် ဒုတိယလှိုင်း စတော့ တိတိကျကျ လော့ဒေါင်း ၂ပတ်လောက်လုပ်ပါလို့ ရေးဘူးတယ်။ ကြိုက်လွန်းလို့မဟုတ်ဘူး တနိုင်ငံလုံး ပိုးတွေ့ရှိမှု တရက် ၂၀၀ ဆို အုပ်မိနိုင်လောက်မလားလို့ ယူဆမိတုန်းကပါ။ P နဲ့ ထိတဲ့လူ တွေ P တွေ ကွန်တိန်းမန့်တို့ Q တို့ ဆိုတာ တနိုင်ငံလုံး တရက် ၁၀၀ လောက် ပိုးသစ် တွေ့ရင်တော့ အုပ်နိုင်ကောင်းအုပ်နိုင်မပေါ့။ ခုလို တရက် ၁၅၀၀ ၊ ဒါ့အပြင် ဘယ်ကကူးမှန်းမသိတဲ့ unknown sources တွေ များလာတော့ ဒီကွန်တိန်းမန့်တွေ Q ဗျူဟာတွေ အဆင်မပြေပါဘူး လူတိုင်း အော်နေတာပဲ။ ဘာလို့ ဆုပ်ကိုင်ထားကြလဲမသိဘူးဗျာ။

တနေ့က ၆၆ လမ်းမှာ သားအဖ နေပူပူထဲ ထိုင်တောင်းစားနေတာ (သူတောင်းစားခုမှ စဖြစ်တဲ့ရုပ်တွေနဲ့) မနေ့ကလည်း ကလေးတစ်ယောက် လမ်းပေါ်မှာ အကျယ်ကြီးအော်သွားတယ် ထမင်းစားစရာ မရှိလို့ တောင်းရတာပါ ပေးကြပါအုန်းဗျို့တဲ့။ လမ်းပေါ်ကြည့်လိုက် သူတောင်းစားတွေများလာပြီ။ တနေ့လုပ်တနေ့စားတွေ ဘယ်ဝင်ငွေနဲ့ သွားစားကြမလဲ။

စားသောက်ဆိုင်တွေ တစ်လ သိန်း၃၀ -၅၀ နှစ်ချီ ရင်းပြီးငှားစားရတာ အရင်းပြုတ်ပြီလေ တနှစ်နီးပါးပိတ်ရတော့။ မှီခိုတဲ့ အလုပ်သမားတွေ ၊ဆိုင်ကယ် ကယ်ရီ၊ ကားတက္ကဆီတွေ ငုတ်တုတ်မေ့ပဲ။ ဟိုတယ်တွေလဲ ဒေဝါလီခံ။ ကိုဗစ်ပြီးပြန်ဖွင့်ခိုင်းရင်ကို ဘယ်ဝင်ငွေနဲ့ လည်ပတ်မတုန်း ။ ပိတ်သွားတဲ့ လုပ်ငန်းအများစုကြောင့် အလုပ်လက်မဲ့ တွေ တောင်ပုံရာပုံဖြစ်နေမှာ။

ကိုဗစ်ကုန်မယ့်ငွေ ခုလုပ်နေတဲ့ ရပ်ကွက်ထဲက လမ်းစောင့်လမ်းတားနေတဲ့သူတွေ လခပေး ဝန်ထမ်းခန့် မှတ်ပုံတင်ထားပြီး ကာကွယ်ရေး စည်းကမ်းမလိုက်နာသူတွေ အသွင်ယူဖမ်းခိုင်းပေါ့ဗျာ။ စီးပွားရေးကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြန်ဖွင့်ပေါ့။ လူတွေက ကိုယ်တင်ထားတဲ့အစိုးရမို့ လမ်းပေါ် မတတ်ကြတာ။ အရင် အစိုးရဆို ငတ်သေတာနဲ့ မထူးဘူးဆို လမ်းပေါ်တတ်လာလောက်ပြီ။

GP တွေက P ထွက်တဲ့လူနာ တွေ့မစိုးလို့ ကုမပေးကြတာကြာပေါ့။ လူနာP ထွက် ဆရာဝန်တွေ အလုပ်ရှုပ်ပြီလေ။ ရှိတဲ့ အင်အားစု ပြုန်းတီးတာပေါ့။ ပုဂ္ဂလိက ဆေးရုံတွေ စစ်ခွင့်ကုခွင့်မရတော့ အစိုးရဆေးရုံက ဆရာဝန်ဆရာမတွေ ဝန်ပိ ရော။ ရှိတဲ့ အင်အားကို မျှဝေ မသုံးတတ်တော့ in service သမားတွေ ခံပဲ။

ရှိသမျှ P တွေ အိပ်စိုက်ကု၊ ထိတွေ့Q တွေ အလကားကျွေး မိအေး နှစ်ခါနာလည်း ပြောကြလှပေါ့။ ကိုယ့်ကိုကို ကာကွယ်ဖို့ ကိုယ့်တာဝန် ကိုယ်ယူရမယ်ဆိုတာလည်း လူထုက နားလည်ရမယ်။

အရပ်ထဲက သူတွေအတွက် ဒါပဲ ထပ်ပြောပါမယ်။ ထပ်ခါထပ်ခါပဲ။ ( ပိုးက လမ်းမလျှောက်ဘူး လူက လမ်းလျှောက်တာ ဒါကြောင့် ရှိတဲ့သူနဲ့ လူချင်းတွေ့မှ ကူးမယ်- ခပ်ခွာခွာ နေခိုင်းရခြင်း၊ ပိုးရှိတဲ့လူရဲ့ ပါးစပ် နှာခေါင်း မှ ရှုထုတ်လိုက်သောလေ တွင်ပါ ၍ မိမိထံသို့ ပါးစပ် နှာခေါင်းမှတဆင့် ရှုသွင်း​သောလေတွင် ဝင်သွားခြင်း – ထို့ကြောင့် မတ်စ်တပ်ခိုင်းတာပါ၊ ပိုးပါသောလေမှုန်မှ မျက်ကြည်လွှာပေါ်ကျ ကူးဆက်နိုင်တာကြောင့် face shields တပ်ခိုင်းတာပါ။ ပိုးရှိသူ ချောင်းဆိုးနှာချေရာမှ လွင့်လာသော ပိုးများ ထိစပ်တဲ့ အရာဝတ္တုများ ကို မိမိ လက်နဲ့ ကိုင်ပြီး ပါးစပ် နှာခေါင်း မျက်စိ မတော်တဆ ပွတ်မိရာက ပိုးဝင်သွားနိုင်တာကြောင့် လက်ကို ဆပ်ပြာနဲ့ စက္ကန့်နှစ်ဆယ်ကြာဆေးခိုင်းတာပါ) ကာကွယ်နည်းသိပြီးလိုက်နာရင် ပိုးကူးဖို့ မလွယ်ကူပါဘူး။ ကိုယ့်တာဝန်ကိုယ်မယူရင် ကိုယ်ပဲ ငတ်မှာပါ။

ကိုယ့်ထက် ဆေးပညာတိုးတတ်တဲ့ ICU care ကောင်းတဲ့ အနောက်နိုင်ငံတွေ ချမ်းသာတဲ့ နိုင်ငံတွေက ပိုးကို ဘယ်လို ယှဉ်တွဲ နေထိုင်ရမလဲ ချမှတ်လုပ်ဆောင်ချိန်၊ အကြွေးထူတဲ့ မွဲတေတဲ့ ဒီနိုင်ငံက ကိုဗစ်ကို တနှစ်ရှိပြီ ဘယ်လိုလုပ်ကြမလဲ။ ၂ ပတ်တခါ တိုးပြီး မသေပေမယ့် တဖြည်းဖြည်းချင်းသေသွားမှာပါ လုပ်ကြဦးမှာလား။

ခြောက်သင့်တာခြောက်၊ ကြောက်သင့်တာကြောက်၊ လုပ်သင့်တာလုပ်ပေါ့ဗျာ။ ကိုဗစ်ရဲ့ ရည်ရွယ်ချက်က ပွားနုန်းလျှော့ဖို့ပဲမလား။ လော့ဒေါင်း က အဖြေမဟုတ်ဘူးလို့ ခညားတို့ ဒဗလယူအိပ်အိုကြီး ကပဲ ပြောထားတာပဲ။ စဉ်းစားကြတာပေါ့။ ဒါတွေကတော့ ကျုပ်အမြင်ပဲ၊ သဘောထားမတိုက်ဆိုင်လဲ ရေးလိုက်ပြီဗျာ။

Kyawsi Thu

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page