အရေးကြုံလာရင် ပြည်သူအချင်းချင်း ရိုင်းပင်းကူညီတတ်ကြတဲ့ မြန်မာနိုင်ငံသားများ (ပြည်သူမှ ပြည်သူသို့)
ချစ်စရာကောင်းတဲ့ တို့လူမျိုး တို့နိုင်ငံသားတွေရဲ့စိတ်ဓါတ် (ပြည်သူ မှ ပြည်သူ သို့ ပေး နိုင်သော)
မနေ့ က လမ်းထဲ က အစ်မ တစ်ယောက် အခန့် မသင့် လို့ ရောဂါ ကူးစက် ခံ ရတယ် လို့ သိရပါတယ်။ အခန့်မသင့် လို့ သုံး ရတာ အကြောင်း ရှိပါတယ် နောက် မှရှင်းပြပါ့မယ်။
သူမ P ထိပြီဆိုတော့ သူ့ မိသားစု က အိမ် မှာ နေရပြီ အပြင်ကို စျေး ထွက်မဝယ် လို့ ဟင်းချက်စရာ ကအစ အခက်ခဲရှိချိန်မှာ လမ်းထဲ က ညီမ တစ်ဦး က ကူညီညာဝိုင်းပါတယ်။
ဒီနေ့ ကျန်မိသားစု ကို FQ အတွက် လာ ခေါ်မယ် လို့ သိရချိန်မှာ ကျွန်တော် တို့ လမ်းသူ/သားတွေ က ထွက်နုတ်ဆက်အားပေး ဖို့ မတတ်သာ လို့ အောက်ကပုံတွေ အတိုင်း အားပေးနှစ်သိမ့် တယ် လို့ ဝမ်းမြောက်စွာသိရ လို့သူတို့ မိသား စု ကိုယ်စား လမ်းသူ/သားတွေကို ကျေးဇူး တင်ရပါတယ်။
ကမ္ဘာ့ ကပ်ရောဂါ ကို လူသားအချင်းချင်း ယိုင်းပင်း ခြင်းဖြင့် ဝိုင်းဝန်း အနိုင်ယူ ကြပါစို့….
တာတေ၊ သုခေတ်နဒီ