ချစ်သူအသစ်ကလေးကို ထုတ်ပြလိုက်တဲ့ Bobby Soxer (လွှမ်းပိုင်ရဲ့ ပရိတ်သတ်တွေကတော့ ခနဲ့နေကြပြီ)

ယနေ့ အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ အကြောင်းအရာကတော့ အဆိုတော် Bobby Soxer ရဲ့ ချစ်သူ အသစ် အကြောင်းပဲ ဖြစ်ပါတယ်။ တေးသံရှင် Bobby Soxer ဟာ (၁၃) နှစ်ကြာ လက်တွဲခဲ့တဲ့ အဆိုတော်လွှမ်းပိုင်နဲ့ ၂၀၂၂ နှစ်ကုန်ကာနီးမှာ လမ်းခွဲခဲ့ပြီးတဲ့နောက် (၄) လ အကြာမှာ ချစ်သူအသစ် ရရှိခဲ့တာ ဖြစ်ပါတယ်။

Bobby Soxer နဲ့ ချစ်သူအသစ်တို့ရဲ့ နှစ်ယောက်တွဲ ပုံတွေကို ချစ်သူအသစ်ရဲ့ လူမှုကွန်ရက်အကောင့် မိုင်ဒေးမှာ တင်ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေအကြား ပွဲဆူသွားစေခဲ့တာ ဖြစ်ပါတယ်။

လွှမ်းပိုင်ရဲ့ ပရိသတ်တွေကတော့ ခနဲ့တဲ့တဲ့ ပြောနေကြပြီး Bobby Soxer ရဲ့ ပရိသတ်တွေကတော့ အားပေး ထောက်ခံမှု ပြုလုပ်နေကြကာ နှစ်ဖက် သဘောထားကွဲလွဲမှုတွေကိုလည်း မြင်တွေ့ နေရတာ ဖြစ်ပါတယ်။

Bobby Soxer ရဲ့ ချစ်သူအသစ်က သူမရဲ့ နာမည်ကို ပုခုံးနှစ်ဖက်မှာ တက်တူးထိုးထားတဲ့ပုံမှာလည်း ထိုးကာစ ဖြစ်နေတာကြောင့် ချစ်သူ သက်တမ်း သိပ်မကြာသေးဘူးလို့လည်း ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။

တခုခုဆို သီချင်းလေးနဲ့ မျက်ရည်ချူတတ်တဲ့ လွှမ်းပိုင် တယောက်ကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး အသည်းကွဲ အလွမ်းသီချင်းတွေ ဆိုဦးမှာလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page