နယူး‌ယောက်မြို့မှာ ရဲအရာရှိလုပ်နေတဲ့ တိဘက်လူမျိုး တရုတ်သူလျှိုကို အမေရိကန် ဖမ်းဆီး

“တရုပ်စပိုင်တွေ ဘယ်လောက်များသလဲ တွေးကြည့်”

အမေရိကန်အာဏာပိုင်တွေဟာ နယူးယောက်ရဲအဖြစ်အမှုထမ်းနေတဲ့ တိဘက်လူမျိုးတစ်ဦးကို သူလျှိုမှုနဲ့ တရားစွဲလိုက်ပါတယ် နယူးယောက်မှာနေထိုင်ကြတဲ့ တိဘက်လူမျိုးစု အသိုင်းအဝိုင်းရဲ့ သတင်းအချက်အလက်တွေကို တရုပ်အစိုးရဆီကို ပေးပို့နေမှုနဲ့ တရားစွဲဆိုလိုက်ပါတယ် နယူးယောက်မြို့ Queen Section မှာတာဝန်ကျတဲ့ အဲ့ဒီရဲဟာ တရုပ်ကောင်စစ်ရုံး ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာနေရသူဖြစ်တယ်လို့စွဲချက်လွှာအရသိရပါတယ်

အသက် ၃၃ နှစ်အရွယ်ရှိသူဖြစ်ပြီး ၂၀၁၈ ကနေ ၂၀၂၀ အတွင်းမှာ တိဘက်အသိုင်းအဝိုင်းရဲ့ လှုပ်ရှားမှုတွေ လုပ်ကိုင်နေထိုင်နေမှုတွေ သတင်းရနိုင်တဲ့အလားအလာရှိတဲ့နေရာတွေကို စုဆောင်းပေးခဲ့တယ်လို့ တိဘက်မိသားစုတွေထဲမှာရှိတဲ့သူ့ရဲ့ အဆက်အသွယ်တွေဆီကတဆင့် သိရတယ်

သူဟာ အမေရိကန်အရန်တပ်ဖွဲ့မှာလည်း အရာရှိဖြစ်ပါတယ် သူဟာ တရုပ်ကောင်စစ်ရုံးကဝန်ထမ်းအဖွဲ့တွေကို နယူးယောက်ရဲတပ်ဖွဲ့ရဲ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ရဖို့လည်းခွင့်ပြုခဲ့တယ် လို့စွဲချက်မှာပါပါတယ် တရုပ်အာဏာပိုင်တွေဟာ ဒီလိုလုပ်ပေးတဲ့အတွက် သူ့ကို ဒေါ်လာသောင်းပေါင်းများစွာပေးခဲ့တယ်လို့ လည်းစွပ်စွဲထားပါတယ်

တရုပ်မှာမွေးတယ် နိုင်ငံရေးခိုလှုံခွင့်နဲ့အမေရိကရောက်တယ် (သူဟာတိဘက်လူမျိုးဖြစ်လို့ တရုပ်အစိုးရက နှိပ်စက်တာခံရတယ် လို့ဆိုပြီး ခိုလှုံခွင့်ရခဲ့တယ်) ပြန်စစ်ဆေးတဲ့အခါ သူ့ရဲ့မိဘနှစ်ဦးစလုံးဟာ တရုပ်ကွန်မြူနစ်ပါတီဝင်တွေဖြစ်နေကြတယ်

သူလျှိုမှုကို စစ်ဆေးပြီးတရားရုံးက အတည်ပြုချက်အမိန့်ချရင် တရုပ်ကွန်မြူနစ်ပါတီဟာ တိဘက်ကသဘောထားကွဲလွဲသူ အမြင်မတူသူတွေကို တိဘက်မှာတင်မကဘဲ တကမ္ဘာလုံးမှာလိုက် ဖိနှိပ်နေတယ် ဆိုတာသက်သေပြနေတာဖြစ်လာ လိမ့်မယ် လို့ International Campaign for Tibet အဖွဲ့ကပြောလိုက်ပါတယ်

၁၉၁၂ ကနေ ၁၉၅၀ အထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ခွင့်ပြုခဲ့ရာကနေ ၁၉၅၁ မှာတရုပ်ကွန်မြူနစ်ပါတီက ပြန်ရုပ်သိမ်းခဲ့ပြီး ချုပ်ကိုင်ခဲ့ပါတယ် တိဘက်ခေါင်းဆောင် ဒလိုင်းလားမားဟာ ထွက်ပြေးနေရတာ ၁၉၅၉ ခုနှစ်ကတည်းကဖြစ်ပါတယ်

တရုပ်တွေဘယ်မြို့မှာ ဘယ်နှစ်ယောက်ရှိနေကြသလဲ

pi lon

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page