ကမ္ဘာဖျက် နျူကလီးယား ဒုံးကျည် ၂၀၀ ကျော် တရုတ်ပိုင်ဆိုင်ထားဟုဆို

တရုတ်နိုင်ငံသည် ယခုလက်ရှိအချိန်တွင် နျူကလီးယားဒုံးကျည် ၂၀၀ ကျော် ပိုင်ဆိုင်ထားပြီး လာမည့် ဆယ့်စုနှစ်အတွင်း နှစ်ဆအထိရှိလာမည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့က ပင်တဂွန် ထုတ်ပြန်သည့် တရုတ်တပ်မတော်၏ အလားအလာများဆိုင်ရာ နှစ်စဉ် အစီရင်ခံစာတွင် တရုတ် နျူကလီးယားတပ်ဖွဲ့၏အင်အားကို ပထမဆုံးအကြိမ် ခန့်မှန်းလိုက်ခြင်း ဖြစ်ပါတယ်။

အမေရိကန်၏ ဂျပန်အခြေစိုက်စခန်းများမှ စုံစမ်းရရှိသည့်ကိန်းဂဏန်းများအရ နျူကလီးယားထိပ်ဖူးများ သယ်ဆောင်နိုင်သော တာလတ်ဒုံးကျည်များ နှင့် ခရုဇ်ဒုံးကျည်များကို တရုတ်နိုင်ငံက ပိုင်ဆိုင်ထားရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်များအရ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့၏ စစ်ရေးအရ လက်နက်လျော့ချမည့် သဘောတူညီချက်သည် လာမည့်နှစ်ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည်ဖြစ်ပြီး အသစ်ချုပ်ဆိုမည့် စာချုပ်တွင် ပူးပေါင်းပါဝင်ရန် အမေရိကန်ပြည်ထောင်စုမှ တရုတ်နိုင်ငံအား တောင်းဆိုထားသည်။ နျူကလီးယားစွမ်းရည်ကို ကန့်သတ်မည့် အဆိုပါစာချုပ်တွင် ပူးပေါင်းပါဝင်မည်မဟုတ်ဟု တရုတ်နိုင်ငံက ရိုးတိုး ရိပ်တိပ်ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ နျူကလီးယားဒုံးကျည်အရေအတွက်ကို ခန့်မှန်းခြင်းသာဖြစ်ပြီး အရေအတွက် အတိအကျသိရန် ခက်ခဲမည်ဟု တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ချဒ်ဆာရာဂီရာက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံသည်ရေငုပ်သင်္ဘောများနှင့် လေကြောင်းမှ ပစ်လွှတ်သည့် နျူကလီးယားဒုံးကျည်များ ထုတ်လုပ်ခဲ့ပြီး တိုက်ချင်းပစ်ဒုံးကျည်များကို ဖြည့်တင်းခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံ၏ စစ်ရေးအင်အားတိုးချဲ့မှုကို ဆက်လက်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page