ဂျပန်နယ်နိမိတ်အနီးမှာ တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်လုပ်မည်

နိုင်ငံအရှေ့ပိုင်းနှင့်အရှေ့မြောက်ပိုင်းတို့တွင် စစ်ရေးလေ့ကျင့်မှုများပိုမိုပြုလုပ်မည်ဟု တရုတ်အစိုးရက ပြောလိုက်ပါတယ်။ ဒေသတွင်းတင်းမာမှုများနောက်ခံရှိနေသော်လည်း တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက် ပြုလုပ်နေတာ ဖြစ်ပါတယ်။

တနင်္လာနေ့တွင် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကွင်ဟွမ်ဒေါင်ဆိပ်ကမ်းအလွန်မှ ဘိုဟိုင်ပင်လယ်တွင် ပထမဆုံးလေ့ကျင့်မှုများပြုလုပ်မည်ဟု ရေကြောင်းဘေးကင်းလုံခြုံရေးအာဏာပိုင်များကပြောပါတယ်။

ဒုတိယလေ့ကျင့်မှုများတွင် သဏ္ဍာန်လုပ်ဇာတ်တိုက်လေ့ကျင့်မှုများပါဝင်ပြီး ပင်လယ်ဝါတောင်ပိုင်းတွင် အင်္ဂါနေ့နှင့် လျန်ယန်ဂန်းမြို့တွင် ဗုဒ္ဓဟူးနေ့တို့တွင် သီးခြားစီပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်နေတဲ့ ဧရိယာတဝိုက်ကို မည်သည့် သင်္ဘောမှ ဖြတ်သန်းဝင်ရောက်ခွင့် ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပြီးခဲ့သည့်လတွင်လည်း အရှေ့ဘက်တွင် ဘိုဟိုင်ပင်လယ်မှပင်လယ်ဝါအထိနှင့် အငြင်းပွားရေပိုင်နက်များရှိရာ တောင်တရုတ်ပင်လယ်တို့အထိ သီးခြားလေ့ကျင့်ခန်းများပြုလုပ်မည်ဟု တရုတ်နိုင်ငံကကြေညာခဲ့ပါတယ်။

ယင်းကဲ့သို့ တရုတ်စစ်တပ်မှ စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းကို မကြုံဘူးကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page