တရုတ်တွင် လူ (၉) ဦး ကူးစက်ခံရသဖြင့် လူပေါင်း (၉) သန်းကို ၅ ရက်အတွင်း ကိုဗစ်စစ်မည်

တရုတ်တွင် လူ (၉) ဦး ကူးစက်ခံရသဖြင့် လူပေါင်း (၉) သန်းကို ၅ ရက်အတွင်း ကိုဗစ်စစ်မည်

တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းခြေမြို့ ကျင်းတောင်မှာ ကိုဗစ် ကူးစက်သူ ၉ ဦး တွေ့ရှိပြီးနောက် လူပေါင်း ၉ သန်းကို ရောဂါပိုးစစ်ဆေးမယ်လို့ အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံထဲ ဗိုင်းရပ်စ်ကူးစက်မှု အသစ်မ‌တွေ့ကြောင်း နှစ်လဆက်တိုက် ကြေညာခဲ့ပြီးနောက် အခု တခါ ပြန်တွေ့လာတာပါ။

တရုတ်အာဏာပိုင်တွေက ခရီးသွားလာမှုနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ထိန်းချုပ်ထားမှုကို ဖယ်ရှားလိုက်ပြီဖြစ်ပေမဲ့ အများပြည်သူ အဆောက်အဦတွေမှာ ခရီးသွားတွေကို ရောဂါကူးစက်တဲ့ လက္ခဏာ ရှိ မရှိ စောင့်ကြည့်နေပါတယ်။

ကျင်းတောင် ရင်ခေါင်း‌ရောဂါအထူးကု ဆေးရုံကြီးမှာ လူနာရှစ်ဦးနဲ့ မိသားစုဝင်တဦးတို့ကို ရောဂါစစ်ဆေးနေတယ်လို့ ကျန်းမာရေးကော်မရှင်က ကြေညာပါတယ်။ “တမြို့လုံးကို ငါးရက်အတွင်း စစ်ဆေးသွားမယ်” လို့ ဆိုရှယ်မီဒီယာမှာ ကြေညာသွားပါတယ်။

တရုတ်နိုင်ငံမှာ မနှစ် ဒီဇင်ဘာမှာ ကိုဗစ် စတင်ဖြစ်ပွားပြီးနောက် ကူးစက်သူ ၈၅,၅၇၈ ဦး၊ သေဆုံးသူ ၄,၆၃၄ ဦး ရှိခဲ့ပြီးမှ အခု ကိုဗစ် ကူးစက်သူ ၉ ဦး တိုးလာတာပါ။

ဒီ့အရင် နောက်ဆုံးတွေ့ရှိခဲ့တာကတော့ ပြီးခဲ့တဲ့ သြဂုတ် တရုတ်နိုင်ငံ အနောက်‌မြောက်ဘက်က ဝိဂါလူမျိုး အများစု နေထိုင်ရာ ရှင်ကျန်းဒေသ မြို့တော် Urumqi အူရွန်ချီမှာပါ။ ကူးစက်လူနာ လေးဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရောဂါကူးစက်မှု အားလုံးဟာ ပြည်မကြီးရဲ့ အပြင်ဘက်မှာလို့ ဆိုပြီး ဝူဟန်အပါအဝင် ကူးစက်မှု တွေ့ရှိတဲ့ ‌ ဒေသတွေက လူပေါင်း သန်း ၆၀ ကို ပြည်မကြီးထဲ ဝင်ခွင့်ကို ဧပြီကစပြီး ဖြတ်တောက်ခဲ့ပါတယ်။

အခု ကိုဗစ် ကူးစက်မှု တွေ့ရှိတဲ့ ကျင်းတောင် ပင်လယ်ဆိပ်ကမ်းမြို့ဟာ အိမ်သုံးလျှပ်စစ်ပစ္စည်း ကုမ္ပဏီ Haier လို ကုမ္ပဏီအများအပြား ရုံးစိုက်ရာဖြစ်ပြီး နာမည်ကြီး ကျင်းတောင် ဘီယာ ထုတ်လုပ်ရာ‌ဒေသလဲ ဖြစ်ပါတယ်။

လက်ရှိပြဌာန်းချက်အရ တရုတ်နိုင်ငံထဲ ဝင်ရောက်သူတိုင်း ကွာရန်တင်း တဦးတည်း သီးခြား ၁၄ ရက် နေထိုင်ရမှာပါဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page