တရုတ်နဲ့ အမေရိကန် စစ်ဖြစ်ခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေ

တရုတ်နဲ့ အမေရိကန် စစ်ဖြစ်ခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေ

အိန္ဒိယနဲ့လဲ စစ်ပြင်ထားတယ် ထိုင်ဝမ်လဲသိမ်းမယ် ဟောင်ကောင်လဲ သူ့အလိုကျထိန်းချုပ်မယ် လုပ်နေတာ ပေါက်တဲ့နဖူးမထူးပဲလုပ်နေတဲ့ပုံပါပဲ။ ဗိုင်းရပ်စ်ကြောင့် တရုတ်က အလုပ်တွေထွက်ကြတဲ့အခါ တရုတ်မှာအလုပ်လက်မဲ့ဦးရေတွေ တိုးလာပြီး ဆန်ပြုတ်ပြန်သောက်ရမယ့် ကိန်းစိုက်လာတော့မယ် လူဦးရေ သန်း ၁၅၀၀ကို အခုပုံစံနဲ့ ထိန်းထားဖို့ရာ မလွယ်ပြန်ဘူး

ထရန့်က သူ့ဘယ်ပုံဘယ်နည်း လုပ်မလဲ စောင့်နေတာထက် သူ့ဘက်အရင် ဖန်တီးထားတာ သူပြင်တဲ့စစ်ပွဲဖြစ်လာရင် ခံရတာထက် သက်သာမယ်တွေးထားသလိုပါပဲ။ စစ်ဖြစ်လို့သေ လူလျော့လဲသူအမြတ်ပါပဲ။ မွတ်နိုင်ငံတွေကို ပတ်ချုပ်ထားပြီး ဝီဂါအရေးဖုံးဖိထားပေမယ့် တရုတ်မရှုနိုင်မကယ်နိုင်ဖြစ်လာရင် သန်း၁၀၀ကျော် ရှန်ကျန်းပြည်နယ်က ထကြွလာမှာပါ၊ ဒီအခါ လူသတ်ပွဲတွေ ကျင်ဖင့်လုပ်ပါလိမ့်မယ်။

တိဗက်ကလဲ တရုတ်လက်အောက်ကမဟုတ်ဘူး ရှုန်းထွက်လာအုံးမှာပါ အခြေအနေအရပ်ရပ်ပြန်သုံးသပ်ရင် ကျင်ဖင့် အများအာရုံစိုက်မယ့်ပွဲတစ်ပွဲ လုပ်ကိုလုပ်ရပါမယ်။ သူ့သြဇာခံ နိုင်ငံငယ်တွေတော့ ဒုက္ခရောက်ပါလိမ့်မယ် သူ့ဒုက္ခထဲဆွဲခေါ်မှာပါ မွတ်တွေကတရုတ်အကြွေးနဲ့မကင်းပေမယ့် ပထဝီအနေအထားအရ ခပ်ခွာခွာနေလို့ရပါတယ်

မြန်မာ လာအို တို့လို နိုင်ငံတွေကတော့မလွယ်လောက်ပါဘူး အခု ထိုင်ဝမ်ကို ကျိန်းနေပြန်ပြီ ပတ်ရမ်းနေတာပါ။ ကိုယ့်နိုင်ငံက လက်နက်ကိုင်က တရုတ်သြဇာခံနေတော့ အထိနာနိုင်ပါတယ် သူတို့ချည်းပဲဆိုပြသနာမရှိပေမယ့် နိုင်ငံပါထိလာရင်မလွယ်ပါဘူး

အားကြီးသူချင်း ခတ်ကြတာမှာ ကြားနေတာကောင်းပေမယ့် အတူသေဖို့လက်တွဲခေါ်မယ့် တရုတ်နောက် လိုက်ပါစရာမလိုပါဘူး သူ့ဘက်မပါရင် ယုတ်မာဖို့လဲ အဆင်သင့်ပါ။ အခုချိန်တရုတ်သြဇာခံတွေ အာဏာရှိသူအဆင့်မှာ မရှိသင့်တော့ပါဘူး။ သံတမန်ရေးပါးနပ်စွာနဲ့ မျှကစားတတ်တဲ့ လူထုခေါင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံ ကသာနိုင်ငံကိုအကောင်းဆုံး ဦးဆောင်သွားနိုင်မှာပါ လို့

မုဆိုးလက်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page