ချေးငွေ (၂) လစာ ရပြီးနောက် အစိုးရဝန်ထမ်းတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်
ချေးငွေ (၂) လစာ ရပြီးနောက် အစိုးရဝန်ထမ်းတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်
ချေးငွေ ငါးသိန်းခွဲရပြီ.. ဝက်သားတုတ်ထိုးကို အချောင်းရေမတွက်ပဲ အဝသွားစားမယ်.. ဒင်းစမ်းကို အခုရေ မကြည့်ပဲ အဝကြိတ်မယ်..
တစ်ခါမှ မထည့်ဖူးတဲ့ ဖုန်း bill တစ်သောင်းထည့်ပစ်မယ်.. Ruby ဝယ်နေကျဆိုင်မှာ ခပ်ချေချေနဲ့ Mevius တစ်ဗူးပေးလို့သွားပြောမယ်.. ဆေးရုံအပေါက်ဝက အသီးသည်ဆီကနေ ငှက်ပျောသီး တစ်ထောင်ဖိုး ခြောက်လုံးဝယ်ဝယ်စားနေရာကနေ တစ်ဖီးလုံးဆို ဘယ်လောက်ကျလဲ အနူးလို့ သွားမေးမယ်..
တစ်ဖက်ပဲ ကြားရတော့တဲ့ ear phone လေး ရာသက်ပန်အနား ပေးလိုက်တော့မယ်.. တစ်ပွဲတစ်သောင်းခွဲဆိုလို့ မစားနိုင်သေးတဲ့ ပင်လယ်စာမာလာ ရှမ်းကောဆိုတဲ့ဟာ သွားစားမယ်.. Mercy မှာ စတော်ဘယ်ရီနဲ့ ထောပတ် နှစ်ခွက်မှာသောက်မယ်.. မနက်စာကို အီကြာကွေးနှစ်ချောင်း မှာစားမယ်..
ကုန်နေတဲ့ ရေချိုးဆပ်ပြာရည်လေးဝယ်နိုင်တော့မယ်.. ခြစ်ကပ်ညှစ်သုံးနေတဲ့ မျက်နှာသစ်ဗူးလေး အသစ်ဝယ်ရမယ်.. အခန်းလေးမှိုစော်နံနေတာ air fresher လေး ဝယ်ဖြန်းမယ်.. underwear လေးတွေလဲ ဟောင်းနေပြီ အသစ်ဝယ်ရမယ်..
တော်တော်စုတ်နေပြီဖြစ်တဲ့ ဘောကန်ဖိနပ်လေးလဲ အသစ် ဝယ်နိုင်တော့မယ်.. ဘယ်တော့မှ ပြန်မဆပ်ရတော့အတိုင်း အရမ်းတွေ ပျော်နေပြီ.. အစိုးရ ကျေးဇူး ငါးမူးဖိုးမှ ရှူစရာမရှိဘူးလို့ ပြောလို့မရတော့တာတော့ ဝမ်းနည်းတယ်..
Kaung Thu Naing