ပေါက်ဖော်တို့ရဲ့ ကြွေးမြီထောင်ချောက်အတွင်း သက်ဆင်းရတော့မယ့် နောက်ထပ် အာဖရိကနိုင်ငံတခု

တရုတ်ဟာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ဆက်သွယ်ရေးစက်ရုံတည်ဆောက်ဖို့အတွက် ဟွာဝေးကုမ္ပဏီကနေတစ်ဆင့် တွန်းအားပေးနိုင်ဖို့ စီစဉ်နေတဲ့လုပ်ငန်းစဉ်မှာ ထုံးစံအတိုင်း ကြွေးမြီထောင်ချောက်ကို အသုံးချနေပါတယ်။

တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးဟာ ကွန်ဂိုမှာ သုတသနနဲ့ ဈေးကွက်ရှာဖွေရေးစင်တာတစ်ခု တည်ဆောက်ဖို့ ကြိုးစားနေတာ အချိန်ကာလတစ်ခုကြာနေပါပြီ။ တည်ဆောက်ခွင့်အဆိုပြုလွှာကို ကွန်ဂိုသမ္မတ ဒဲနစ် ဆက်ဆော ငုဆို ဆီ တင်သွင်းပြီးသားဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ စီမံကိန်းကို ခွင့်ပြုတဲ့ ဆုံးဖြတ်ချက်ကတော့ မထွက်လာသေးပါဘူး။ ဒီစီမံကိန်းရဲ့အဓိကပွိုင့်တစ်ခုက ဟွာဝေးအောက်ကနေပြီး ကွန်ဂိုရဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသမှာ စောင့်ကြည့်ရေးစခန်းတည်ဆောက်ဖို့ ခွင့်ပြုချက်ကိုပါ ကျွဲကူးရေပါ တောင်းထားတာဖြစ်ပါတယ်။

ဒါဟာ အကြောင်းရှိပါတယ်။ ဟွာဝေကို သုံးပြီး တောင်အတ္တလန်တိတ်ဒေသတစ်ခုလုံးကို လွှမ်းခြုံမိုးလို့ အိန္ဒိယသမုဒ္ဒရာကိုချဉ်းကပ်လာတဲ့ အမေရိကန် ဒါမှမဟုတ် သူ့ရဲ့ ရန်သူတော်သင်္ဘောတွေ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ဖြစ်ပါတယ်။ ဒေသတွင်းမှာ အသာစီးရနေတဲ့ တရုတ်ဟာ သူ့ကိုစိန်ခေါ်လာတာတွေ လုပ်နိုင်တာတွေနဲ့ပတ်သက်ပြီး စောင့်ကြည့်ရေးမှာ ခွင့်ပြုချက်ရအောင် ဂါဘွန်မှာ အကြီးအကျယ်လော်ဘီလုပ်လို့နေပါတယ်။

အာဖရိကတိုက်ထဲက ပြင်သစ်စကားပြောနိုင်ငံတွေမှာ ဒီစီမံကိန်းတွေအကောင်အထည်ဖော်ပြီး သူလျှိုလုပ်တာတွေ၊ ဖမ်းဆီးတာတွေ ဖြစ်လာနိုင်တာမို့ ပြင်သစ်ရဲ့ သြဇာအခြေတည်ရှိမှုကိုလည်း စိန်ခေါ်လာတာဖြစ်တဲ့အတွက် ပြင်သစ်တို့ဟာလည်း အတော်လေးသတိထားနေတဲ့ အနေထားပါ။

ဟွာဝေးကုမ္ပဏီရဲ့ သံသယဖြစ်စရာ ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟာ ကွန်ဂိုရဲ့ ဝေးလံခေါင်ဖျားဒေသ ဆက်သွယ်ရေးတိုးတက်မှုဆိုတဲ့ ခေါင်းစဉ်အောက်က သူလျှိုလုပ်တဲ့ စောင့်ကြည့်ရေး စခန်းတွေနဲ့ပတ်သက်ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက ကွန်ဂိုသမ္မတနဲ့ တွေ့တဲ့အခါမှာ သတိပေးစကား ဆိုခဲ့ပါတယ်။ ကွန်ဂိုသမ္မတကတော့ ဟွာဝေးရဲ့ စီမံကိန်းရည်မှန်းချက်တွေကို သတိမပြုမိကြောင်းနဲ့ အခုလိုစိုးရိမ်ချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းပါ့မယ်လို့ ကတိပြုစကားပြန်ခဲ့ပါတယ်။

တဘက်မှာလည်း ၂၀၁၉ခုနှစ် ဇွန်လ စာရင်းတွေအရဆိုရင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ တရုတ်ကိုပေးဖို့ရှိနေတဲ့ အကြွေးက အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ တင်နေတာမို့ ဖိအားတွေအကြီးကြီးရှိနေပါတယ်။ အဲဒီတော့ ဟွာဝေးစီမံကိန်းကို ခွင့်ပြုလာနိုင်တဲ့အနေအထားဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ ကမ္ဘာတစ်ဝှမ်း စောင့်ကြည့်ရေးစခန်း စီမံကန်းတွေအပေါ် အပျက်သဘောဆောင်တဲ့ ဝါဒဖြန့်ချိမှုတွေကို တန်ပြန်နိုင်ဖို့ တရုတ်ဟာ အမေရိကန် အခြေစိုက် အကြံပေးကုမ္ပဏီ Cornerstone ကိုငှားပြီး ဟွာဝေးအဆိုပြုချက်အောင်တဲ့ဆုံးဖြတ်ချက်ဖြစ်လာအောင်လည်း လုပ်ဆောင်နေပါတယ်။

အဲဒါကြောင့် အခုလိုအစီအမံတွေနဲ့ ဝိုင်းပတ်ထားတာမို့ တရုတ်ဟာ အာဖရိကမှာလည်း ကြွေးမြီထောင်ချောက်မူဝါဒနဲ့ အနိုင်ထပ်ရဦးမှာဖြစ်ပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကတော့ သူ့ရဲ့ နောက်ဆုံးသားကောင်ဖြစ်လာမှာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page