ကားစျေးတွေ ရှိသင့်တာထက် အဆမတန်တက်ခြင်း နောက်ကွယ်က အကြောင်းအရင်း

ပြောကြည်မယ်နော် နဲနဲတော့စပ်လိမ့်မယ် အနာရှိမှပါ..

ကားဈေးတွေကောင်းချက်က လန်ထွက်နေတာဘဲ.. သေသေချာချာလိုက်ကြည်တော့မှ တွေ့ရတာ ကားမကောင်းလို့ အရောင်မလှလို့ ဂျိုဂျက်ဖြစ်နေလို့ ရောင်းမထွက်တဲ့ ကားတွေက Online ပေါ်မှာ ဟိုကားက 450 ခေါ်နေပြီး ငါကားက သူထက် model မြင့်တယ်.. ငါကားဆို 500 လောက်ခေါ်လို့ရပြီး အဲလိုအဲလိုနဲ့ သူ့ထက်ငါအပြိုင်‌ ဈေးခေါ်လာလိုက်ကြတာ အခုတော့ online ပေါ်မှာ ဈေးတွေကြည့်ကြည့်ပြီး အိမ်စီးပြီးပြန်ရောင်းမယ့်သူကလည်း ဈေးတွေပြိုင်ခေါ်လိုက်ကြတာ သူ့ဆီကလည်းကိုယ်ကဝယ်မရ ကိုယ်ဆီကကားလဲပြန်ရောင်းမရဖြစ်ပြီး အကုန် ရပ်ကုန်ရော ဒီကြားထဲ အစုအဖွဲ့နဲ့ ကား showroom တွေ သူထက်ငါအပြိုင်ဖွင့်ကြ ကားတွေဝယ်စုကြ အစုအဖွဲ့ဖြစ်လို showroom ငှားရန်ခနဲ့ ပေါက်ဈေးထက် သိန်း 50 ပိုခေါ်ကြ ပြီးဟိတ်ဟန် တွေလုပ်ပြီး online ပေါ်မှာ တရား‌ခံတွေကျနေတာပဲ ကားကိုနောက်ခံထားပြီးကားရှေ့မှာ လက်ကိုမိုးပေါ်ထောင်တဲ့သူနဲ့ လက်လေးတွေပိုက်ပြီးတစ်မျိုး ပုံတွေရိုက်ရိုက်ပြီးတင် SOLD OUT ပါတယ်တဲ့..

အော်နောက်နေ့ကြတော့နောက် showroom တစ်ခုကအဲ့ကားကိုဘဲ လက်လေးနဲကားကိုခေါက်ခေါ်ပြပြီး ဒီနေ့မှရောက်တာပါ ကားအသန့်ကြီးပါ ဦးသူကိုရောင်းပေးတယ် ဘော်ဘော်တွေကိုပြန်ပေးဖို့ ဈေးမလွတ်လို့ အိမ်စီးသမားကိုပဲရောင်းပေးပါမယ်လိုပြောပြန်ရော.. အော် တယ်မလွယ်ပါလား ကားပွဲစားတန်ကို ကားဝယ်ဖို့လာတဲ့ မိသားစုလိုက်က ဈေးလွတ်တယ်ကားလေးတစ်စီးလောက်ဝယ်ချင်တယ်လို့ ဆိုပြန်ရော.. ဘာလုပ်ဖို့လဲမေးတော့ စီးပြီးပြန်ရောင်းရင် မြတ်အောင်လို့တဲ့.. အော်ကြည့် မဂ်လာတောင်ညွန့်မြို့နယ် တာမွေမြို့နယ် သုဝဏ သဏန်ကျွန်းမြို့ အာလုံးကားဝယ်ရောင်းတွေဖြစ်ကုန်ကြပါပြီဗျာ..

ကားဝယ်ရောင်းဘဝကနေ ကားပွဲစားဘဝကိုကူပြောင်းရင်ကောင်းမလားလို့ စိတ်ကူးနေမိပါတော့သည်..

Soe Than (ကန်တော်ရိပ်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page