ကမ်းခြေမှာ ရေဆော့နေတဲ့ အချိန် သတိထားနိုင်ဖို့၊ ရေခူမျိုးစိတ် သတ္တဝါတမျိုး

ကမ်းခြေမှာ ရေဆော့နေတဲ့ အချိန် သတိထားနိုင်ဖို့ပါ..

နာမည်က ရေဒန်း လို့ခေါ်တယ်.. စိမ်းပြာရောင် အရောင်အသွေးနဲ့ အလယ်မှာ အဝိုင်းပုံစံ တစ်လက်မဝန်းကျင်ကိုယ်ထည်ရှိတယ်.. ဘေးပါတ်လည်ကို အမျှင်တွေနဲ့ ကာထားပြီး ရေပေါ်မှာ ပေါ်ပြီးမျောနေတတ်တဲ့ ရေခူ အုပ်စုဝင် မျိုးစိတ်တွေပါ..

ရေငံမှာနေတတ်တဲ့ သတ္တဝါတွေ ကမ်းစပ်ကရေထဲမှာ ရံဖန်ရံခါ တွေ့ရတတ်ပြီး အရေပြားနဲ့ထိမိတာနဲ့ ပူကနဲ ဖြစ်ပြီးမီးလောင်သလို အရည်ကြည်ဖှုတွေ ထလာမယ်.. အရမ်းကို နာကျင်စေပါတယ်..

ကမ်းခြေသွားလည်တတ်တဲ့သူများ ဂရုစိုက်ဖို့ ပြောချင်တာပါ..

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page