စပိန်လုပ် ကမ္ဘာ့အဆင့်မီ ရထားကြီးတွေ စီးရတော့မယ့် မြန်မာနိုင်ငံသားများ (အားလုံးပဲ ဝမ်းသာစရာပါ)

စပိန်လုပ် ကမ္ဘာ့အဆင့်မီ ရထားကြီးတွေ စီးရတော့မယ့် မြန်မာနိုင်ငံသားများ (အားလုံးပဲ ဝမ်းသာစရာပါ)

ဂျပန်ရထားတွေနဲ့တင် တင်းမတိမ်ကြနဲ့အုံး။ ပြည်သူ့အစိုးရဟာ စပိန်လုပ်ရထားတွေကို မစ်ဆူဘီရှီအကူအညီနဲ့ ၁၈၀ တွဲတောင်မှာထားပြီးပါပြီ။ တွဲပေါင်း ၁၈၀ နော်၊

အမေရိကန်ဒေါ်လာ ၄၀၉ သန်းဖိုးကုန်ကျမယ့် ဒီရထားတွေဟာ တစ်စီးလျှင် ဒေါ်လာ ၂.၃ သန်းကျသင့်ပါလိမ့်မည်။ စပိန်ကုမ္ပဏီ CAF ဟာ ၁၉၁၇ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ရထားကုမ္ပဏီဖြစ်ပြီး၊ နိုင်ငံတကာကို ရထားတင်ပို့ရောင်းချတဲ့ နာမည်ကြီးကုမ္ပဏီ တစ်ခုပဲ ဖြစ်ပါတယ်။

ရန်ကုန်-မန္တလေးရထားလမ်းမှာသုံးဖို့အတွက် စုစုပေါင်း ၂၀၄ တွဲမှာထားတဲ့ ကုန်ကျစရိတ်အားလုံးကို ဂျပန်ချေးငွေနဲ့ မှာယူခဲ့တာပဲဖြစ်ပါတယ်။ ဂျပန်တွေဟာ သူတို့ဆီက ၂၄ တွဲပဲမှာပြီး၊ စပိန်ဆီက ၁၈၀ တွဲမှာလို့ စိတ်မဆိုးတဲ့အပြင်၊ ကူညီခဲ့ကြတာဟာ မိတ်ဆွေကောင်းလက္ခဏာပါပဲ။

ပြည်သူတစ်ယောက်အနေနဲ့ ပိုကျေနပ်စရာကောင်းတာကဖြင့် တရုတ်ရထားတွဲအသစ်တွေ ထပ်မဝယ်တော့တာပဲ ဖြစ်ပါတယ်။

Tin Win / ခင်မိုးပြေး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page