ဆိုင်ကလုန်းမုန်တိုင်း ‘ဘူရီဗီ’ ရဲ့ နောက်ဆုံးရ အခြေအနေ

ဆိုင်ကလုန်းမုန်တိုင်း ‘ဘူရီဗီ’ ရဲ့ နောက်ဆုံးရ အခြေအနေ (၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ ရက်) (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ မန်နာ ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဘူရီဗီ” သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပမ်ဘန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅)မိုင်ခန့်နှင့် ကန်ညာကူမာရီမြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၁၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဘူရီဗီ” သည် မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၉.၂)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၇၉.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်း ဖြစ်ပါတယ်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဘူရီဗီ”သည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရေွ့လျားပြီး၊ အိန္ဒိယနိုင်ငံ တမီးလ်နာဒူး ကမ်းခြေတောင်ပိုင်းကို ပမ်ဘန်မြို့နှင့် ကန်ညာကူမာရီမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည် ဟု ခန့်မှန်းရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page