လော့ဒေါင်းကာလမှာ အခွင့်ထူးခံ ဖြစ်နေတဲ့ ဗိုလ်တထောင်က ဆရာကြီးအဖွဲ့
ကျွန်တော် ဗိုလ်တထောင်မြို့နယ်ကပါ။ ကပ်ရောဂါ ဒီလောက် အခြေအနေဆိုးရွားနေတဲ့ အချိန် ကျွန်တော့်တိုက်အောက်မှာ တောင်းစားတဲ့သူ ပုံမှန် ၅ ဦးထက်မနည်းရှိနေပါတယ်။
နေ့တိုင်း mask မတပ်ကြပါ. နေ့တိုင်း ထိုတောင်းစားသူ ၄၊ ၅ ယောက်ပုံမှန်ရှိနေပါတယ် (ဆိုလိုသည်မှာလူမပြောင်းသွားပါ. လူအသစ်များတော့ထပ်ပါလာပါတယ်) အလုပ်သွားတဲ့ အချိန် စျေးသွားတဲ့အချိန် မဖြစ်မနေ အောက်ဆင်းတဲ့အချိန် ကိုယ့်အိမ်အပေါက်ဝ ကိုယ်ထွက်တာတောင် ဘေးဖယ် ပေးဖို့ ပြောရပါတယ်။
လှေကားအဝဖြင့်လည်း ၆ဆပအကွာ ရှိမနေပါ ဒါမဖြစ်သင့်ပါ. နေရာတကာ လိုက်လံ တောင်းရမ်းသောသူများဖြစ်သဖြင့် သူတို့ဆီ ပိုးမရှိနေဘူးလို့ အာမမခံနိုင်ပါ.
Mask လည်း မတပ် ပုံမှန်လက်ဆေးဖို့ဝေးရော အခြေအနေပါ. တိုက်ရှိ အခြားသူများလည်း အင်မတန် စိတ်အနှာင့်အယှက် ဖြစ်နေရပါတယ် ခုလို အချိန်မှာ. ဖယ်ပေးဖို့ ပြောရင်လည်း ပြန်တောင်ရန်လုပ်ပါသေးတယ် ခဗျာ. တိုင်လို့ရတဲ့ နေရာ ရှိရင်လည်း ပြောပြပြီး အကြံပေးကြပါခဗျာ ၊
Linhtet Ag