မြန်မာသိ ဂျိမ်းစ်ဘွန်းမင်းသားကြီး ‌ရှောင်ကွန်နရီ ကွယ်လွန် ရှာပြီ

မြန်မာသိ ဂျိမ်းစ်ဘွန်းမင်းသားကြီး ‌ရှောင်ကွန်နရီ ကွယ်လွန် ရှာပြီ

ဂျိမ်းစ်ဘွန်းအဖြစ် ရုပ်ရှင်ပိတ်ကားကြီးပေါ်တွင် ၁၉၆၂ ခုနှစ်က ပထမဆုံးသရုပ်ဆောင်ခဲ့သည့် မင်းသားကြီး ရှောင်ကွန်နရီ ကွန်လွန်ရှာပြီဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်သည်။

ရှောင်ကွန်နရီသည် Dr. No ၊ From Russia With Love ၊ Goldfinger ၊ Thunderball ၊ You Only Live Twice နှင့် Diamonds Are Forever အမည်ရှိ ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ရှောင်ကွန်နရီကွယ်လွန်သည့်သတင်းကြားရ၍ ကြေကွဲဝမ်းနည်းမိကြောင်း၊ “ ကျုပ်နာမည် .. ဘွန်း၊ ဂျိမ်းစ်ဘွန်း “ဟူသော ရုပ်ရှင်သမိုင်းတွင် မေ့ဖျောက်မရနိုင်ဖွယ် စကားကို ပြောဆိုသရုပ်ဆောင်ခဲ့သူ မူရင်းဂျိမ်းစ်ဘွန်းအဖြစ် အစဉ်အမှတ်ရနေမည်ဖြစ်ကြောင်း ထုတ်လုပ်သူများဖြစ်သည့် မိုက်ကယ် ဂျီ ဝီလ်ဆန်နှင့် ဘာဘရာ ဘရိုကိုလီတို့က ပြောဆိုခဲ့သည်။

ဆွဲဆောင်မှုရှိပြီး သြဇာတက္ကိမကြီးသည့် လျှို့ဝှက်အေးဂျင့်ပုံရိပ်ကို သူက သတ္တိရှိသူ ဟာသဉာဏ်ရွှင်သူအဖြစ်ပါ ပုံဖော်ခြင်းဖြင့် ကမ္ဘာတွင် တော်လှန်ပြောင်းလဲမှုတစ်ခု ဖန်တီးခဲ့သည်။ ဂျိမ်းစ်ဘွန်း ရုပ်ရှင်များ အောင်မြင်ကျော်ကြားမှု အကြောင်းရင်းတွင် ရှောင်ကွန်နရီက ကြီးကျယ်သည့်ကဏ္ဍမှ ပါဝင်နေသည်မှာ အငြင်းပွားဖွယ်ရာမရှိသည့် အချက်ဖြစ်ပြီး ယင်းအတွက် သူ့ကို ထာဝရကျေးဇူးတင်ရှိနေမည် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page