ဗဟိုစည်ဆေးရုံရဲ့ အသိပေးနောက်ကျမှုကြောင့် ယနေ့ည လမ်းမတော်မြို့နယ် အခြေအနေ

ဗဟိုစည်ဆေးရုံရဲ့ အသိပေးနောက်ကျမှုကြောင့် ယနေ့ည လမ်းမတော်မြို့နယ် အခြေအနေ

ဗဟိုစည်ဆေးရုံရဲ့ ကောင်းမှုကျေးဇူးမေတ္တာတော်တွေကြောင့် လမ်းမတော်မှာ ဒီည ၉ နာရီကျော်ကစပြီး လမ်းတွေအစုံနီးပါးဆိုသလောက် ၅လမ်း ၆လမ်း ၈လမ်း ၉လမ်း ၁၄လမ်း ဝါးတန်းလမ်း (လက်ရှိ သိထားသလောက်လမ်းတွေပါ) လူနာတင်ကား ၈ စီးနဲ့ Positive လူနာထိတွေ့မှုကြောင့် Q ဝင်ဖို့ လိုက်ခေါ်နေတဲ့ မြင်ကွင်းပါ

သူတို့ရဲ့ အတ္တဆိုးကျိုးတွေရဲ့ ရလဒ်က လမ်းမတော်မြို့နယ်က ပြည်သူတွေ အားလုံးရင်စီးခံပြီး ကြောက်လန့်နေရရှာပါပြီ လမ်းမတော်မြို့နယ်လေးက ကျဉ်းပါတယ်။ အခုဆို ဗဟိုစည်ဆေးရုံကြောင့် ကိုဗစ်လူနာပေါင်း ၈၀ တောင်ကျော်သွားပါပြီ။ သူတို့သာ ဆေးရုံက သူတို့ဝန်ထမ်းတွေမှာ ပိုးစတွေ့တာသိတဲ့နေ့ထဲက မဖုံးကွယ်ထားခဲ့ပဲ တာဝန်သိစိတ် နဲ့ လော့ဒေါင်း လုပ်ပေးခဲ့ရင် အခြေနေတွေ ဒီလောက်ဆိုးရွားလာမှာ မဟုတ်ဘူး ၊

ခုတေ့ာ အထူးကုဆေးရုံကြီးဖြစ်နေပြီး လူတွေရဲ့ကျန်းမာရေးနဲ့ အသက်တွေကိုမှအားမနာပဲ ၂ ရက်တိတိ ဖုံးကွယ်ပြီး ဆက်ဖွင့်ထားခဲ့တယ် ၊ ဒါတောင် သူများဖော်လိုက်လို့ပေါ်သွားပြီး လော့ဒေါင်း လုပ်လိုက်ရတာနော် သူတို့ရဲ့ အသိစိတ်ကြောင့်လုပ်ပေးခဲ့တာလုံးဝမဟုတ်ပါ

ဗဟိုစည်ရဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ သူဋ္ဌေးရဲ့ လူသားမဆန်တဲ့ စိတ်ဓာတ်နဲ့လုပ်ရက်ကို လုံးဝရှုံ့ချပါတယ်။ ပြီးတေ့ာ အင်မတန်ရွံရှာ စက်ဆုပ်မိပါတယ်။ တကယ်ပါ ကိုယ့်မိဘ မိသားစုအတွက် တကယ်စိတ်ပူနေရတဲ့ ရင်ထဲက ပူလောင်မှုတွေကြောင့်မျက်ရည်ပါ ကျရတယ်။

ᴍᴀʏ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page