ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံနဲ့ ထားစရာ မရှိအောင် ချမ်းသာသွားတဲ့ ဘီလျံနာ သူဌေးကြီးများ

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံနဲ့ ထားစရာ မရှိအောင် ချမ်းသာသွားတဲ့ ဘီလျံနာ သူဌေးကြီးများ

စက်မှုဝန်ကြီးဌာနလက်အောက်မှာ စက်ရုံပေါင်း(၁၁၃)ရုံရှိတယ်။ ပုဂ္ဂလိကနဲ့ဖက်စပ်(၅၇)ရုံ/နိုင်ငံပိုင်(၅၆)ရုံရှိတယ်။ နေ့စဉ်အရှုံးပေါ်နေတဲ့စက်ရုံ (၂၂)ရုံရှိတယ် ။ စက်မှုဝန်ကြီးဌာနမှာ ဝန်ထမ်း ၃၉ဝဝဝ ကျော်ရှိတယ် ။ စက်ရုံဝန်ထမ်း ၁၀၀၀၀ ကျော်ဟာအလုပ်ရပ်ထားရတယ် ။

နှစ်စဉ် ဝန်ထမ်းလစာ ကျပ်(၅၀)ဘီလျံနဲ့ ပင်စင် လစာကျပ်(၂၅)ဘီလျံရှိတယ်။ ၂၀၁၉/၂၀ ဘဏ္ဌာနှစ်မှာ စက်မှုဝန်ကြီးဌာနက နိုင်ငံခြား အကြွေး ၁၄၈ ဘီလျံဆပ်ရမှာမို့ တစ်ရက် သန်း၄၀၀ အကြွေးဆပ်နေရတဲ့ သဘောဖြစ်တယ်။ အမှတ်(၁) မြင်းခြံသံမဏိစက်ရုံဟာ ရင်းနှီးမြုပ်နှံငွေကျပ် (၁၇၉၅၀၀.၅) သန်းရှိတယ်။ ၂၀၁၇/၁၈ ဘဏ္ဌာနှစ်မှာ ကျပ် (၂၅၀၉၀.၄၉၂) သန်း အရှုံးပေါ်ခဲ့တယ်။

မြင်းခြံသံမဏိစက်ရုံကို ၂၀၁၇ ခုနှစ် ဧပြီလမှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ ရပ်ဆိုင်းခဲ့တယ် ။ မြင်းခြံသံမဏိစက်ရုံကို မြင်းခြံမြို့အနီး ဆားခါးကျေးရွာရှိ မြေဧက ၅၇၄.၂ဧကပေါ်မှာ တည်ဆောက်ထားခဲ့တယ်။ ​ စစ်ထောက်ချုပ်ဒုဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး စက်မှု(၁)ဝန်ကြီး ဦးအောင်သောင်းတို့ရဲ့ ကြီးကြပ်မှုနဲ့ဆောက်လုပ်ခဲ့ခြင်း ဖြစ်တယ်။

၂၀၀၉ ခုနှစ်မှာ စတင်တည်ဆောက်တယ်။ ၂၀၁၂ ခုနှစ်မှာ စတင်ဖွင့်လှစ်နိုင်ခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာ လုပ်ငန်းရပ်နားခဲ့ရတယ်။ အမှတ်(၁၄)အကြီးစားစက်ရုံသာဂရဟာ ရင်းနှီးမြုပ်နှံငွေကျပ်(၁၂၉၆၉၅.၃၂)သန်းရှိတယ်။ ၂၀၁၇/၁၈ ဘဏ္ဌာနှစ်မှာကျပ်(၃၉၇၆.၃၄)သန်း အရှုံးပေါ်ခဲ့တယ်။

အမှတ်(၅) အထည်စက်ရုံပခုက္ကူဟာ ရင်းနှီးမြုပ်နှံငွေကျပ် (၇၇၂၀.၁၁၆) သန်းရှိတယ်။ ၂၀၁၇/၁၈ ဘဏ္ဌာနှစ်မှာ (၂၈၇၀.၁၂) သန်းအရှုံး ပေါ်ခဲ့တယ်။ စက်မှုဝန်ကြီးဌာန တစ်ခုတည်းရဲ့ နိုင်ငံတော်ဘတ်ဂျက်အရှုံးပြငွေဟာ… ၂၀၁၅/၁၆ မှာကျပ်သန်းပေါင်း ၈၉၄၇၁ ၂၀၁၆/၁၇ မှာာကျပ်သန်းပေါင်း ၉၄၈၅၀ ၂၀၁၇/၁၈ မှာ ကျပ်သန်းပေါင်း ၆၆၂၆၆ အရှုံးပေါ်ခဲ့တယ်။

သတိပညာနဲ့ ဆင်ခြင်လိုက်တဲ့အခါ… သူတို့မိသားစုတွေက ဘီလျံနာသူဌေးကြီးတွေ ဖြစ်ကုန်ပြီး တိုင်းပြည်ကတော့ အကြွေးဗလဝနဲ့ ဆင်းရဲကျန်ခဲ့တယ်…။ သားသမီးတွေကတော့ ဘာမှမလုပ်လိုက်ရပဲ ဘီလျံနာသူဌေးကြီးတွေ ဘဏ်သူဌေးကြီး‌‌တွေ ဖြစ်သွားကြပေမယ့် တိုင်းပြည်ကတော့ အကြွေးဗလဝနဲ့ကျန်ခဲ့တယ်။

အဲ့သလိုလူ‌တွေက အမျိုးဘာသာသာသနာဆိုတဲ့ မျက်နှာဖုံးတပ်ပြီး ခေါင်းဆောင်လုပ် စိတ်ကြိုက်ခိုးချင်တိုင်း ခိုးပေမယ့် ဘုန်းကြီးတွေက ကံကိုပုံချပြီး သူတို့ကိုကာဗာပေးထားကြတယ်။ တည်ဆဲတရားဥပဒေကလည်းငုတ်တုပ် ပြည်သူလူထုက ဘာမှလုပ်မရလေတော့ သွားရော….ပေါ့….ဒီမြေ သေသော်မှတည့် ‌‌အော် ကောင်း၏….

ဗုဒ္ဓဘာသာဗမာလူမျိုးတွေဖြစ်ပါလျက် (မိုက်တာမဟုတ်ဘူး…မိုက်တယ်လို့မခေါ်ဘူး) အတော့်ကို စိတ်ဓာတ် ယုတ်မာတဲ့သူတွေသာ ဖြစ်တယ်။ ဒီလောက်မတရားလုပ်တာ ထင်ရှားနေပါလျက်… သာသနာကို မပျောက်အောင်ထိန်းသိမ်းသူတွေ သာသနာပြုသူတော်ကောင်းကြီးတွေပါလို့ ထောက်ခံပြောဆိုနေတဲ့ ဘုန်းကြီးတွေဟာ ဗုဒ္ဓဓမ္မအပေါ် သစ္စာဖောက်တာဖြစ်လို့ ပိုပြီးယုတ်မာသူတွေဖြစ်တယ်…။

ပြည်သူလူထုတွေရဲ့ကျန်းမာရေး/ပညာရေး စီးပွားရေး/ကုသိုလ်ရေးအားလုံးကိုခိုးယူသွားတဲ့ ဒီလိုလူယုတ်မာတွေ…အနာဂတ်အမိမြေမှာ အများပိုင်ပစ္စည်းဥစ္စာသယံဇာတတွေကို သူတို့စိတ်ထင်တိုင်းခိုးယူလို့မရအောင် ပြတ်ပြတ်သားသားတားဆီးကာကွယ်ဖို့ရာ မြန်မာနိုင်ငံသူ/သားတိုင်းတာဝန်ရှိပါတယ်……

လူယုတ်မာတို့ဘေး ထာဝရ ကင်းဝေးပါစေ

အရှင်တေဇနိယ(မန်းတောင်ခြေ)
(ကိုးကား) (၂၇ – ၈ -၂၀၁၉ )ဦးဘိုကြည်(မြင်းခြံ)၏ လွှတ်တော်သို့တင်ပြချက်အစီရင်ခံစာ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page