နှစ်ပေါင်း (၇၀) ကျော်အတွင်း ပထမဆုံးကြိမ်အဖြစ် နိုင်ငံပြင်ပပစ်မှတ်များကို ဂျပန်စစ်တပ် တိုက်ခိုက်ခွင့်ရတော့မည်

ဒုတိယကမ္ဘာစစ်ပြီးနောက် ပထမဆုံးကြိမ်အဖြစ် နိုင်ငံပြင်ပ ပစ်မှတ်များကို ဂျပန်စစ်တပ် တိုက်ခိုက်ခွင့်ရတော့မည်

တရုတ်နှင့် အာရှအခြားနေရာများရှိ ကုန်းမြေပစ်မှတ်များကို ဂျပန်စစ်တပ်အား တိုက်ခိုက်ခွင့်ပြုသည့် မူဝါဒတစ်ခု အသက်ဝင်စေရန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နုတ်ထွက်ကြောင်း မထုတ်ပြန်မီ လများစွာအလိုကတည်းက ကြိုးပမ်းခဲ့ကြောင်း ဂျပန်အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်(LDP) မှ အမတ်တစ်ဦးက စက်တင်ဘာ ၁၁ ရက်တွင် ပြောဆိုခဲ့ပါတယ်။

ဂျပန်ကာကွယ်ရေးတပ်သည် လေကြောင်းနှင့် ရေကြောင်းမှ ကျူးကျော်လာသူများကို တိုက်ခိုက်ရန်လည်း စီစဉ်နေပြီဖြစ်သည်။ ပြည်ပရှိ ကုန်းမြေပစ်မှတ်များကို တိုက်ခိုက်ခွင့်ပေးလိုက်မှုကြောင့် ဂျပန်သည် ခရုဇ်ဒုံးကျည်များကဲ့သို့ တာဝေးပစ်ဒုံးကျည်များကို ဝယ်ယူရန် လိုအပ်လာမည်ဖြစ်ပါတယ်။

အာဘေးအစိုးရ၏မူဝါဒကို လာမည့်အစိုးရသစ်က လက်ခံကျင့်သုံးမည်ဆိုပါက ဒုတိယကမ္ဘာစစ်ပြီးနောက် ထားရှိခဲ့သည့် ဂျပန်၏စစ်ရေးရပ်တည်ချက် အကြီးအကျယ်ပြောင်းလဲသွားမည်ဖြစ်ပါတယ်။

ပိုင်ဆိုင်မှုအငြင်းပွားနေသည့် အရှေ့တရုတ်ပင်လယ်ကျွမ်းစုများအနီး၌ တရုတ်က စစ်ရေးအရ လှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဂျပန်အစိုးရ စိုးရိမ်နေသည်။ “ဒီလို မူဝါဒပြောင်းတာရဲ့ အဓိကအကြောင်းအရင်းက တရုတ်ပါပဲ၊ တရုတ်ကြောင့်ပဲ လုံခြုံရေးအရ ရွေးချယ်မှုတွေ လုပ်နေတာပါ”ဟု LDP မှ အမတ် မာဆာဟီဆာ ဆာတိုကပြောဆိုခဲ့သည်။ ဆာတိုသည် ဒုတိယကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဂျပန်၏ စစ်ရေးရပ်တည်ချက်ပြောင်းလဲမှုကို အတိုက်အခံများက ဆန့်ကျင်ဖွယ်မရှိသလို ဝန်ကြီးချုပ်သစ်ကလည်း ပြောင်းလဲပစ်ဖွယ်မရှိကြောင်း LDP ၏ ယာယီအထွေထွေအတွင်းရေးမှူး တိုမိုမီ အီနာဒါက ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန် ရှစ်နှစ်တာကာလအတွင်း အာဘေးသည် ဂျပန်၏စစ်လွန် ဖွဲ့စည်းပုံအခြေခံဥပဒေရှိ ငြိမ်းချမ်းရေးလိုလားသော ပုဒ်မ ၉ ကို ပြင်ဆင်ဖြည့်စွက်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ချေ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page