ဘင်္ဂလားဒေ့ရှ် ရေတပ်နဲ့ လေတပ်ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်၊ လေယာဥ်များ မြန်မာနယ်စပ်အထိရောက်

ဘင်္ဂလားဒေ့ရှ်လေတပ်မတော်သည် ‘ADEX-2020-2’ အမည်ဖြင့် လေကြောင်းရန် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို တနင်္ဂနွေနေ့ ( စက်တင်ဘာ ၂၇-ရက် ) တွင် ဒါကာ၊ စစ်တကောင်း၊ ကော့ခ်ဘဇား၊ မောလ်ဗီဘဇား၊ တန်ဂေးလ်နှင့် ဘိုဂူရာခရိုင်များနှင့် မြန်မာ၊ အိန္ဒိယနယ်စပ်အနီးဝေဟင်များတွင် ပါဝင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်လေတပ်မတော်၏ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ စွမ်းရည်၊ထိရောက်မှုတို့ကို အကဲဖြတ်ရန်နှင့် အားနည်းချက်များကို ခွဲခြားသတ်မှတ်ရန် ယခုစစ်ရေးလေ့ကျင့်ခန်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လေကြောင်းရန်ကာကွယ်ရေးဆက်လက်တိုးတက်မှုအတွက် သင်ခန်းစာများ ရယူရန်ဖြစ်တယ်လို့ သိရပါတယ်။

လေ့ကျင့်ခန်း၏တစ်စိတ်တစ်ပိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ် လေတပ်မတော်မှ လေယာဉ်မှူးများသည် ကွဲပြားခြားနားသောဝေဟင်ပုံပြု ပျံသန်းခြင်းအမျိုးမျိုး၊ ရန်သူ့လေယာဉ်များအား ကြားဖြတ်ဟန့်တားခြင်းအပါအဝင် နည်းဗျူ ဟာမြောက်တိုက်ခိုက်ခြင်း၊ ရန်သူတိုက်ခိုက်နေသော ဧရိယာအား လေကြောင်းမှ စောင့်ကြည့်ခြင်း၊ လေကြောင်း အခြေစိုက်စခန်းများအားကာကွယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် အထူးစစ်ဆင်ရေး နည်းစနစ်များကို လေ့ကျင့်ခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မတော် ပြည်သူ့ဆက်ဆံရေးက သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါလေ့ကျင့်ခန်းတွင် ဘင်္ဂလားဒေ့ရှ်လေတပ်မတော်မှ တိုက်လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ရေဒါတင် လေယာဉ်အုပ်များနှင့် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ယူနစ်များပါဝင်သည်။ လေ့ကျင့်ခန်းအားလုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်လျှက်ရှိသည့်) ကျယ်ပြန်သောလေကြောင်းရန် ကာကွယ်ရေးသေတ်မှတ်နယ်နိမိတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ခြင်းဖြစ်ကြောင်း၊

ဤလေ့ကျင့်ခန်းသည် လေတပ်မတော်၏ လေကြောင်းရန် ကာကွယ်ရေးစွမ်းရည်အပေါ် ကန့်သတ်ချက်များအား ဖော်ထုတ်ရန် နှင့် အနာဂတ်တိုးတက်မှုအတွက် သင့်လျော်သောသင်ခန်းစာများကိုရေးဆွဲရန် အထောက်အကူ ပြုလိမ့်မည်ဖြစ်ကြောင်း၊ လေတပ်မတော်၏ လူအင်အားနှင့် စစ်ယန္တယားများအားလုံး ပါဝင်စေခြင်းဖြင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၏လေကြောင်းကာကွယ်ရေးစွမ်းရည်ကိုပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊

ယခုကဲ့သို့ စစ်ရေးလေ့ကျင့်ရာ၌ ပိုမိုထိရောက်စေရန်နှင့် သဏ္ဍာန်တူစေရန်အတွက် ဘင်္ဂလားဒေ့ရ်ှရေတပ်မတော်ကလည်း (တပ်ဆင်ထားသော) လေကြောင်းရန်ကာကွယ်ရေးလက်နက်များဖြင့် ပါဝင်လေ့ကျင့်သည်မှာ ထူးခြားချက်တစ်ရပ်ဖြစ်ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page