ပူတင်ကတော့ ဘယ်လာရုစ်သမ္မတကို ထပ်မြှောက်ပေးလိုက်ပြန်ပါပြီ (ဒေါ်လာ သန်း ၁၅၀၀ ထောက်ပံ့ခဲ့)
ပူတင်ကတော့ ဘယ်လာရုစ်သမ္မတကို ထပ်မြှောက်ပေးလိုက်ပြန်ပါပြီ (ဒေါ်လာ သန်း ၁၅၀၀ ထောက်ပံ့ခဲ့)
ရာထူးကနုတ်ထွက်ပေးရေး ဆန္ဒပြပွဲတွေနဲ့ အကြီးအကျယ်ရင်ဆိုင်နေရတဲ့ ဘယ်လာရုစ် သမ္မတ လူကာရှင်ကို ကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲ ချေးငွေ ထောက်ပံပေးတဲ့အပြင် နိုင်ငံရေးအရလည်း ထောက်ခံအားပေးသွားမယ်လို့ ရုရှားသမ္မတ ပူတင်က ပြောလိုက်ပါတယ်။
တနင်္လာနေ့မှာပြုလုပ်တဲ့ ပင်လယ်နက်ကမ်းခြေရှိ ဆိုချီမြို့က ဟိုတယ်တခုမှာ သမ္မတ ၂ ဦးတွေ့ဆုံစဉ် ပူတင်က အဲဒီလိုပြောလိုက်တာဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ ဘယ်လာရုစ်ကို ၂၆ နှစ်တာ အုပ်ချုပ်လာတဲ့ သမ္မတ လူကာရှင်ကို ရာထူးကနုတ်ထွက်ပေးဖို့ သိန်းနဲ့ချီရှိတဲ့ လူထုက သတင်း ၆ ပတ်ကြာ ဆက်တိုက်ဆန္ဒပြနေစဉ် ဖြစ်ပေါ်လာတဲ့ တွေ့ဆုံမှုလည်း ဖြစ် ပါတယ်။
ဒီချေးငွေ ဒေါ်လာ တစ်ဘီလီယံခွဲဟာ ရုရှားနဲ့ ဘယ်လာရုစ် အိမ်နီးချင်း နှစ်နိုင်ငံ ညီညွတ်ရေး စာချုပ်အောက်ကနေ ထောက်ပံ့တာဖြစ်တယ်လို့ သမ္မတပူတင်ကပြောပါတယ်။ “ဘယ်လာရုစ်ဟာ ကျနော်တို့ရဲ့ အနီးကပ်ဆုံး မဟာမိတ်ဖြစ်ပါတယ်။ မဟာမိတ်ကို သံသယကင်းစွာနဲ့ ထောက်ပံ့ပေးဖို့ တာဝန်ရှိပါတယ်” လို့ သမ္မတပူတင်က ဆွေးနွေးပွဲအတွင်း ပြောခဲ့ပါတယ်။
သမ္မတ လူကာရှင်ကိုကတော့ ဆန္ဒပြသူတွေနဲ့ အနောက်အုပ်စုဟာ မငြိမ်သက်မှုကို အတိုင်း အတာတခုအထိသာ လုပ်နိုင်တဲ့အတွက် သည်းခံခွင့်လွှတ်ဖို့ပြင်ထားတယ် ဆိုပြီးပြောပါတယ်။ “ဘယ်လာရုစ်က အဖြစ်အပျက်တွေကို ဘုရားသခင်က တားမြစ်ထားပါတယ်။ ဒါပေမယ့် သေချာတာကတော့ မျဉ်းနီကို ဘယ်သူမှ ကျော်ခွင့်မရှိပါဘူး” လို့ လူကာရှင်ကိုက ဆန္ဒပြသူတွေကို သတိပေးလိုက်ပါတယ်။
သမ္မတပူတင်ကတော့ ဘယ်လာရုစ်ရဲ့အကျပ်အတည်းကို ဘယ်လာရုစ်နိုင်ငံသားတွေကိုယ်တိုင် ဖြေရှင်းစေချင်ပြီး နိုင်ငံခြားက ဝင်ရောက်စွက်ဖက်တာမျိုး မဖြစ်စေချင်ဘူးလို့ ပြော ပါတယ်။