သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်မြေကို ဘာလို့ မဝယ်သင့်တာလဲ

အိမ်ခြံမြေ မှာရင်းနှီးမြုပ်နှံကြမည့် သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရွေ့ပြောင်းရလို့ အိမ်ခြံမြေနှင့်ပတ်သက်ပြီး ဝယ်ယူကြမည့် အဝယ်တော်တွေကို သတိထားဆင်ခြင်မိတတ်စေရန် အကြောင်းအရာတစ်ခုကို ဒီကနေ့မှာ ပြောပြပေးသွားချင်ပါတယ်။

တကယ်လို့ လူကြီးမင်းက အိမ်ခြံမြေကို ဝယ်ဖို့ရှိတယ်၊ ဒါပေမယ့် လူကြီးမင်းဝယ်ယူမယ့်အိမ်ခြံမြေက အမွေဆိုင်ဖြစ်နေတာမျိုး၊ အမွေဆိုင်လည်းဖြစ်နေသည့်အပြင် ဝယ်ယူမယ့် ပစ္စည်းရဲ့ စာရွက်စာတမ်းက ဂရန်မြေဖြစ်ပြီး သက်တမ်းကုန်ဆုံးနေတာဆိုရင်တော့ မဝယ်ယူသင့်ပါဘူး။

တစ်ချို့ မိသားစုမောင်နှမများက အမွေပစ္စည်းခွဲဝေယူလိုတာနဲ့ သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်မြေကို ရောင်းဖို့ရန်ကြိုးစားကြပါတယ်။

ဥပမာတစ်ခုပေးရရင် – တစ်ချိန်က ဖြစ်ခဲ့တဲ့ အမွေဆိုင်ရာအမှု့ကိစ္စများနှင့် စပ်လျဉ်းပြီး ပြောပြလိုပါတယ်။

ဖခင်ဖြစ်သူက သမီးတစ်ယောက်ကို မိမိ၏ နာမ်မည်ဂရန်အမည်ပေါက်ရာကနေ သမီးဖြစ်သူ၏ နာမည်အမည်ပေါက်ဖြင့် နှစ်(၃၀) ဂရန် လွဲပြောင်းခဲ့ပါတယ်။ ကာလကြာမြင့်လာတဲ့အခါမှာ ဖခင်ဖြစ်သူကသေဆုံးသွားပြီး သမီးဖြစ်သူနာမည်ဖြင့် အမည်ပေါက်ခဲ့သောဂရန်မြေမှာလည်း သက်တမ်းကုန်ဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်အခါမှာ ညီအကိုမောင်နှမများက အမွေခွဲ​ဝေပေးစေလိုမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ထိုအမှုမှာ –

(၁) ဂရန်သက်တမ်းကုန်ဆုံးနေသောမြေဖြစ်၍ အစိုးရပိုင်မြေအဖြစ်တည်ရှိသွားပါတယ်။

(၂) ဂရန်သက်တမ်းကုန်ဆုံးနေသောမြေကို အမွေပစ္စည်းအဖြစ် အမွေပုံစီမံခန့်ခွဲပေးစေလိုမှုဖြင့် စွဲဆို၍ မရတော့ပါ။

(၃)အစိုးရပိုင်မြေအဖြစ် တည်ရှိနေသည့်ကာလအတွင်းတွင် အခြားတစ်စုံတစ်ဦးအားလည်း လွဲပြောင်းရောင်းချပိုင်ခွင့်လည်း မရှိတော့ပါ။

အကယ်၍ လူကြီးမင်းတို့အနေနှင့် သေချာစွာမစုံစမ်းမစစ်ဆေးခဲ့မိပဲ မှားယွင်းစွာဖြင့် စရံချခဲ့မိပါက မှောင်မိုက်သောလမ်းကို လျှောက်နေရပါအုံးမယ်။

Yuzanarland

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page