ဘဏ်က ငွေထုတ်လာသူကို ဆိုင်ကယ်စီးလာသူ (၂) ဦးက လုယက်မှု ဖြစ်ပွား

ဘဏ်က ငွေထုတ်လာသူကို ဆိုင်ကယ်စီးလာသူ (၂) ဦးက လုယက်မှု ဖြစ်ပွား

၂၄.၁၁.၂၀၂၀ ရက် နံနက် ၁၁ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့မရဲစခန်းသို့ ဒေါ်အေးမင်းသန်း၊ (၅၂) နှစ်၊ တွဲဖက်ပါမောက္ခ (ဝါနိစ္စဗေဒဌာန)၊ သမဝါယမ သင်တန်းကျောင်း၊ သန်လျင်၊ အမှတ်(၄၈၃)၊ ဓမ္မသုခအတွင်းလမ်း၊ (၂ခရပ်ကွက်)၊ မင်္ဂလာဒုံမြို့နယ်နေသူသည်

မင်္ဂလာဒုံမြို့နယ် ၊(၂/ခ)ရပ်ကွက်၊ ခရေပင်လမ်းမဘေးရှိ ဧရာဝတီဘဏ်တွင် ငွေ (၅) သိန်းကျပ်အား ထုတ်ယူပြီး နေအိမ်သို့ ခရေပင်လမ်းအတိုင်း လမ်းလျှောက်ပြန်လာစဉ် ပန်းခြံကုန်းကျောင်းတိုက်အနီးတွင် တရားလို ကိုင်ဆောင်လာသော မိုးကာသား အပြာရောင် မိန်းမကိုင် ပိုက်ဆံအိတ်အား ဆိုင်ကယ်အမျိုးအစား (မသိ) အမည်မသိ အမျိုးသား နှစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်၏ နောက်မှ ထိုင်စီးလာသူ အမျိုးသားမှ

တရားလို၏ ပိုက်ဆံအိတ်အား ဆွဲယူပြီး မောင်းနှင်ထွက်ပြေးသွားသဖြင့် ၎င်းပိုက်ဆံအိတ်အတွင်း ထည့်ထားသော ၀၉-၉၇…….ဆင်းကတ်ပါ ဗီဗိုဝိုင်၃၀ အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း (၁) လုံး၊ ကာလတန်ဖိုးငွေ (၂၇၉၀၀၀)ကျပ်၊ ဧရာဝတီ ဘဏ်မှ ပြုလုပ်ထားသော ဒေါ်ရီဆွေအမည်ပါ ငွေစုစာအုပ်တစ်အုပ်၊ ဒေါ်ရီဆွေနှင့် ဒေါ်အေးမင်းသန်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား (၂) ခု၊ ငွေစက္ကူရောရာ (၃၀၀၀၀) ကျပ် ၊ဧရာဝတီဘဏ်မှထုတ်ယူလာသော ငါးထောင်ကျပ်တန်အရွက်တစ်ရာပါငွေစက္ကူတစ်အုပ်(၅၀၀၀၀၀)ကျပ်အား

ဆွဲယူသွားသူအမည်မသိ ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးအား အရေးယူ ပေးရန် ဒေါ်အေးမင်းသန်းမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ မင်္ဂလာဒုံမြို့မရဲစခန်းတွင် ၃၀.၁၁.၂၀၂၀ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ် အချိန်အမှုဖွင့်ပြီး အမှုစစ်ရဲအုပ်စိုးသက်အောင်မှတရားလိုနှင့် သက်သေများအား စစ်ဆေးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ ကျူးလွန်သူနှစ်ဦးအား အမြန်ဆုံး ဖမ်းဆီး စစ်ဆေးနိုင်ရေး

ခရေပင်လမ်းမကြီး ဘေးတွင် တပ်ဆင်ထားသော စီစီတီဗီ မှတ်တမ်းများအား လိုက်လံကြည့်ရှုပြီး နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page