ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးရဲ့ ဗိုက်ထဲက ပိုးဟပ် ဂျပန်ဆေးရုံ ရောက်သွားသောအခါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆင်းရဲသားမိသားစုက ဒီ လူဟာ အစိုးရ ဆေးရုံတရုံမှာ ဓာတ်မှန်ရိုက်ခဲ့တယ်။ ဆရာဝန်က ဓာတ်မှန်ကို ကြည့်ပီးတော့ အံ့အားသင့် ထိတ်လန့်တုန်လှုပ်သွားတယ်၊ ဆရာဝန်ရူဂျစ်ကပြောတယ်
“မင့်ဗိုက်ထဲမှာ ပိုးဟပ်တကောင်ဝင်နေတယ်၊ ဒီကောင် ရှင်နေတယ်ကွ” ဘင်္ဂလားဒေ့ရှ်မှာ ဒါကိုခွဲစိတ်ကုသဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒီလူဟာ သူ့မြေပေါင်တင်ထားတာလေးရောင်းချပီး ဆေးကုဖို့ ဂျပန်ကို ထွက်ခဲ့ပါတော့တယ်၊ ဂျပန်ဆရာဝန်က မှတ်တမ်းဟောင်းကို ဖတ်ရှုပီး အံ့အားသင့်ခဲ့တယ်၊ ပိုးဟပ်တော်တော်များများ ဗိုက်အပေါ်မှာ ရှင်နေကြတယ်၊ ဓာတ်မှန်ကို အစက ပြန်ရိုက်ပါတယ်၊ ပိုးဟပ်တွေပျောက်နေပါတယ်၊ ဒါနဲ့ ထပ်ရိုက်တယ် မတွေ့ပြန်ပါဘူး။
ဂျပန်ဆရာဝန်ဟာ အစစ အရာရာကို သေချာ လေ့လာဆန်းစစ်ပါတော့တယ်၊ ပီးတော့ သူ နားလည်သွားပါပြီ။
ပိုးဟပ်က ဒီ လူနာရဲ့ ဗိုက်ထဲက မဟုတ်ပါဘူး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အစိုးရဆေးရုံက (X-ray) အိပ်စ်ရေး စင်တွေမှာ အုံနဲ့ကျင်းဖွဲ့နေထိုင်နေကြတဲ့ ပိုးဟပ်တွေသာ ဖြစ်တယ်ဆိုတာ သူ ကောင်းကောင်း သဘောပေါက်သွားပါတော့တယ်။
Kyaw Kyaw Oo