မြန်မာနယ်စပ်အနီးတွင် ဘင်္ဂလားလေတပ်မှ ရဟတ်ယာဥ်တစီးပျက်ကျ၊ လူ ၄ ဦး သေဆုံး

မြန်မာနယ်စပ်အနီးတွင် ဘင်္ဂလားလေတပ်မှ ရဟတ်ယာဥ်တစီးပျက်ကျ၊ လူ ၄ ဦး သေဆုံး

လွန်ခဲ့သည့် စနေနေ့ ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရ်ှလေတပ်မတော် စစ်တကောင်းလေကြောင်းကာကွယ်စောင့်ရှောက်ရေးစခန်းမှ ရဟတ်ယာဉ်တစ်စီးသည် လေ့ကျင့်ပျံသန်းစဉ် စစ်တကောင်း အရှေ့တောင်ဘက် ၁၂၄-မိုင်ခန့်အကွာ ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်အနီး၌ ရုပ်မြင်သံကြား ထပ်ဆင့်အားမြှင့် တာဝါတိုင်နှင့် တိုက်မိ၍ ပျက်ကျခဲ့ကြောင်း ဘင်္ဂလားဒေ့ရ်ှမီဒီယာအချို့၏ ဖော်ပြချက်အရ သိရှိရပါတယ်။

Mi-17 ရယာဉ်ယာဉ်တွင် လိုက်ပါသွားသူ အုပ်မှူးလေသူရဲအပါဝင် စုစုပေါင်း ၄ ဦး သေဆုံးကြောင်း ဘင်္ဂလားဒေ့ရ်ှတပ်မတော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ( ISPR ) ၏ သတင်းထုတ်ပြန်ချက်၍ ဖော်ပြထားကြောင်း သိရှိရပါတယ်။

ယခုဖြစ်စဉ်အပါအဝင်ဆိုလျှင် ဘင်္ဂလားဒေ့ရ်ှ လေကြောင်းကာကွယ်စောင့်ရှောက်ရေးတပ်၏ စစ်တကောင်းနယ်မြေ၌ ၃ လ မပြည့်မီ ဒုတိယအကြိမ်မြောက် လေယာဉ် မတော်တဆမှုဖြစ်တယ်လို့ သိရပါတယ်။

မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ ရဟတ်ယာဉ်သည် စစ်တကောင်းတောင်ဘက် လေကြောင်းကာကွယ်စောင့်ရှောက်ရေးကွင်းမှ ပျံတက်လာပြီး ၄၅ မိနစ်ခန့်အကြာတွင် အမြင့်မှ ထိုးစိုက်ကျလာခြင်းဖြစ်ကြောင်း၊ တာဝါတိုင်နှင့် တိုက်မိ၍ မီးလောင်ပေါက်ကွဲပြီး အပိုင်းအစများအဖြစ် ပျက်စီးသွားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page