ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြန်မာတပ်ဖွဲ့ဝင် ၂၅၀၀ ကျော် စစ်ဆင်ရေးပုံစံ လှုပ်ရှားနေဟုဆို
ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြန်မာတပ်ဖွဲ့ဝင် ၂၅၀၀ ကျော် စစ်ဆင်ရေးပုံစံ လှုပ်ရှားနေဟုဆို
စနေနေ့မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်နှင့်ချင်းပြည်နယ်များတွင် မြန်မာနိုင်ငံက တပ်ဖွဲ့ဝင် ၂၅၀၀ ကျော်ကို ထပ်မံနေရာယူထားတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်က အကြမ်းဖက်နှိမ်နင်းရေးကို အကြောင်းပြပြီး တပ်ဖွဲ့ဝင်များနှင့်လက်နက်များ ရုတ်တရက်ဖြန့်ကျက်နေရာချနေခြင်း ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးအေ ဂျင်စီတစ်ခုကပြောပါတယ်။
ရခိုင်ပြည်နယ် လုံခြုံရေးနှင့်ပတ်သက်၍ သောကြာနေ့နှင့် စနေနေ့တို့တွင် နေပြည်တော်၌ ဗိုလ်ချုပ်ကြီးတစ်ယောက် ဦးဆောင်ပြီး အစည်းအဝေး ၂ ခုပြုလုပ်ခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်များက ပြောပါတယ်။
တစ်ချိန်တည်းတွင် နိုင်ခွန်ချာရီနှင့်ဘန်ဒါပန်တို့တွင်နေထိုင်ကြသည့်ဘင်္ဂါလီများက ယာဉ်များလှုပ်ရှားနေ သည်ကို သတိပြုမိနေတယ်လို့လည်း ပြောပါတယ်။