မဟာဗန္ဓုလပန်းခြံ ဝင်ပေါက်အားလုံးကို သော့ခတ်ထားပြီး မည်သူကိုမျှ ဝင်ခွင့်မပေးတော့
မဟာဗန္ဓုလပန်းခြံ ဝင်ပေါက်အားလုံးကို သော့ခတ်ထားပြီး မည်သူကိုမျှ ဝင်ခွင့်မပေးတော့
ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံကို ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းမှစတင်ပြီး ပိတ်ထားသည်ကို တွေ့ရမြင်ရသည်။
ပြီးခဲ့သည့် တန်ဆောင်တိုင် လပြည့်ရက်နောက်ပိုင်း မဟာဗန္ဓုလပန်းခြံတွင် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလာပြီးနောက်ပိုင်း ယခုလို ပိတ်ထားလိုက်ခြင်းဖြစ်သည်။
တန်ဆောင်မုန်း လပြည့်နေ့က စလိုက်သည့် လူစုလူဝေး ပြုလုပ်မှုများသည် လပြည့်နေ့ပြီး၍ တပတ်ကျော် ကြာသည့်တိုင်အောင် ဆက်လက် များပြားနေပြီး အစားအသောက် ရောင်းချသည့် ဆိုင်ခန်းများပါ တိုးချဲ့လာကြပြီး စျေးဆိုင်တန်း အနေအထားမျိုး ဖြစ်လာတာကို တွေ့ရပါတယ်။
ထိုကဲ့သို့ လူဦးရေ အများအပြား လာရောက် အပန်းဖြေကြသည်ကို မီဒီယာများ၊ လူမှုကွန်ယက် စာမျက်နှာများတွင် ဝေဖန်သူ အများအပြား ရှိခဲ့ပြီးနောက် ယနေ့မနက်တွင် ပန်းခြံဝင်ပေါက် အားလုံးကို သော့ခတ်ထားပြီး မည်သူကိုမျှ ဝင်ခွင့် မပေးတော့တာကို တွေ့ရပါတယ်။ စည်ပင်ဝန်ထမ်းများလည်း ရောက်ရှိနေပြီး စျေးဆိုင်ခန်းများ မဖွင့်လှစ်ရန် တားမြစ်လျက် ရှိကြောင်း သိရပါတယ်။