နယ်စပ်အနီး မြန်မာတပ်များ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီကို ဘင်္ဂလားဒေ့ရှ်တိုင်စာပို့

နယ်စပ်အနီး မြန်မာတပ်များ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီကို ဘင်္ဂလားဒေ့ရှ်တိုင်စာပို့

ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပို့တဲ့စာမှာ ​​နောက်ထပ် ကြီးကြီးမားမားနယ်မြေရှင်းလင်းစစ်ဆင်ရေးတွေ မြန်မာကလုပ်လာနိုင်တယ်လို့ သတိပေးထည့်သွင်းထားကြောင်းသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အမြန်ဆုံးအရေးယူဖို့ လိုအပ်ကြောင်း မြန်မာတပ်တွေပြန်လည်ရုပ်သိမ်းဖို့ လိုတယ် ဘင်္ဂါလီတွေအပေါ် မလိုလားအပ်တဲ့ပြဿနာတွေ ထပ်ထပ်ဖြစ်မလာအောင်တားဆီးမှဖြစ်မယ်။

မြန်မာတပ်က လုံခြုံရေးအတွက်စစ်ဆင်ရေး လုပ်တယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဘင်္ဂါလီတွေကို ပစ်မှတ်ထားလာနိုင်ပါတယ် ဒီလိုအဖြစ်တွေဖြစ်လာခဲ့ရင် မြန်မာနိုင်ငံသားတွေ ဘကုန်းကို ထပ်ပြီး စုပြုံရောက်လာမှာတွေ ဖြစ်လာလိမ့်မယ်လို့ ဖော်ပြထားပါတယ် နယ်စပ်ကို မြန်မာတပ်တွေ ရွှေ့ပြောင်းချထားလာတာကို အလွန်အမင်းစိုးရိမ်နေရပါတယ် နယူးယောက်ကုလရုံးက ဘကုန်းရဲ့အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က Aide Memoire စာရေးပြီး ကုလလုံခြုံရေးကောင်စီ UNSC president ထံကို စက်တင်ဘာလ ၁၅ရက်နေ့က အကူအညီတောင်းတိုင်ကြားလိုက်ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာရေတပ်က ထောက်ပံ့ရေးစစ်ရေယာဥ် ၄စီးဟာ အင်းဒင်ရွာရှေ့ကမ်းခြေအနီးမှာ ကျောက်ချခဲ့ပါတယ် ကျောက်ချပြီး စစ်သားတွေကို ဒေသခံ ငါးဖမ်းလှေအစီး၂၀ နဲ့ နတ်မြစ်တလျောက် နေရာချခဲ့တယ် စက်တင်ဘာလ ၁၁ ရက်နေ့မနက်မှာ မြန်မာစစ်တပ်က စစ်သည် ၁၀၀၀ လောက် တပ်တွေဖြန့်ခွဲခဲ့ပါတယ်

ဖြန့်ခွဲနေရာတွေထဲက နယ်စပ်မျဥ်း နဲ့အနီးဆုံးနေရာတွေဟာ ကညင်ချောင်း မင်္ဂလာကြီး ငခူရ တို့ဖြစ်တယ် စစ်တပ်တွေ လှုပ်ရှားနေတဲ့ လမ်းကြောင်းဟာ နိုင်ငံတကာနယ်စပ်မျဥ်းနဲ့ အနီးဆုံးနေရာမှာ ၂၀၀ မီတာ သာကွာဝေးပါတယ် မြေပြင်သတင်းများအရ တပ်တွေဟာ စက်တင်ဘာလ ၁၃ နဲ့ ၁၄ ရက်နေ့ ညသန်းကောင်တွေမှာ ဂွဆုံ ရေခပ်ချောင်း ရွာတွေကို ရှင်းလင်းရေး တွေ လုပ်ခဲ့တယ်လို့ aide memoire မှာဖော်ပြခဲ့ပါတယ်

ဘင်္ဂါလီ ၅ ယောက်နဲ့ မိန်းမ ၃ယောက်ကို ဖမ်းသွားတယ်လို့ ဖော်ပြထားပါတယ် ကော့ဘဇားကရတဲ့ သတင်းတွေအရ မြန်မာဖက်မှာ သေနတ်သံတွေ ထပ်နေအောင် ကြားရတယ်လို့ပြောပါတယ် မောင်တောဖက်မှာ ရှာဖွေရေးတွေ လုပ်နေတယ်လို့ ပြောနေကြပါတယ် နယ်စပ်မျဥ်းတလျောက်မှာ သေနတ်ပစ်ခတ်မှုတွေ ရုန်းရင်းဆန်ခတ်မှုတွေဟာ တည်ငြိမ်အေးချမ်းမှုကိုခြိမ်းခြောက်ပျက်ပြား စေပါတယ် လို့ aide memoire မှာဖော်ပြပါတယ်။

ဒါ့ကြောင့် ဘကုန်းဟာ မြန်မာတပ်တွေ ချက်ခြင်း ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုတယ်လို့ဆိုပါတယ် စက်တင်ဘာလ၁၄ရက်နေ့က နေပြည်တော်ကိုပေးပို့တဲ့စာထဲမှာ လည်း တပ်တွေရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပြီး နယ်စပ်မှာ အရပ်ဖက်နဲ့စစ်ဖက် လှုပ်ရှားမှုတိုင်းကို အပြန်အလှန် သတင်းဖလှယ်ဖို့ဆိုပြီးလည်း ဖော်ပြတောင်းဆိုခဲ့ပါတယ်။

ဘကုန်းက UNSC ကိုတင်တဲ့စာအကြောင်းဖြစ်ပါတယ် ARA ဆိုတဲ့အဖွဲသစ်တဖွဲ့ပေါ်လာတာကို ဘကုန်းက သိသိနဲ့ပူးပေါင်းရှင်းလင်းရေးလုပ်ရမှာကို သူက ဦးအောင်တိုင်ပြီး တပ်တွေပြန်ရုပ်သိမ်းခိုင်းနေတာပါ နောက်ထပ် မြန်မာနိုင်ငံသား ဒုက္ခသည်တွေဝင်လာတော့မယ်ဆိုပြီး ဇာတ်ညွှန်းအသစ်ရေးလိုက်ပါတယ် မြန်မာတို့ဟာ Narration အားကောင်းဖို့လိုနေပါပြီ

pi lon

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page