ဗဟိုစည်ဆေးရုံမှ နောက်ထပ်ကူးစက်လူနာ (၁၉) ဦးတွေ့ရှိ၊ သူနာပြု အကူတဦး သေဆုံးဟုဆို

ဗဗဟိုစည်ဆေးရုံမှ နောက်ထပ်ကူးစက်လူနာ (၁၉) ဦးတွေ့ရှိ၊ သူနာပြု အကူတဦး သေဆုံးဟုဆို

လော့ဒေါင်း ချထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ဗဟိုစည်ဆေးရုံတွင် ကျန်းမာရေး ဝန်ထမ်းအများစု အပါအဝင် ကိုဗစ်အတည်ပြု လူနာ ၁၉ ဦး ထပ်မံတွေ့ရှိရကြောင်း နှင့် သူနာပြုအကူတစ်ဦးမှာလည်း သေဆုံးမှုရှိခဲ့ကြောင်း လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။ စက်တင်ဘာလ ၁ဝရက် ညနေပိုင်းက လော့ဒေါင်း ချထားခဲ့သည့် ဗဟိုစည်ဆေးရုံတွင် စက်တင်ဘာ ၁၆ရက်က အထွေထွေဝန်ထမ်း ၃၂ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ခဲ့ရပြီး နောက်ထပ်ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခဲ့ရာ၌ ဝန်ထမ်း ၁၉ဦး ရောဂါပိုးထပ်မံတွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်။

”ဆရာဝန်တစ်ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ ပိုးတွေ့တာပါ။ ရောဂါပိုးရှိတဲ့သူတွေ့နဲ့ ထိတွေ့မှုရှိတဲ့ သူ တွေလည်း အထက်အဆင့်အဆင့် ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့ အညီ ဆက်လက်ဆောင်ရွက်နေပါတယ် ။(ဗဟိုစည်ကကိုဗစ်အတည်ပြုလူနာသူနာပြုတစ်ယောက်ဆုံးသွားတယ်ဆိုတာ ဟုတ်ပါသလား ခင်ဗျ။ သိပါရစေ) ဆုံးသွားတဲ့တစ်ယောက်က ဗဟိုစည်ဆေးရုံထဲမှာ ဆုံးတာမဟုတ်ဘူးခင်ဗျ ။အချိန် ပိုင်းဝန်ထမ်း ပေါ့ သူနာပြု အကူလို့ပြောတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဆုံးသွားတယ်လို့ သတင်းရတယ်” ဟု ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။

အဆိုပါသေဆုံး သူနာပြုအကူအမျိုးသမီးမှာ အသက် ၂၃နှစ်အရွယ်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး ၊ ပန်းတနော်မြို့နယ်မှဖြစ်ကြောင်း ၊ ဗဟိုစည်ဆေးရုံးတစ်ခုလုံးကို လော့ဒေါင်း ချရာတွင် မပါဝင်ခဲ့ကြောင်း လည်း သိရပါတယ်။ ဗဟိုစည်ဆေးရုံတွင် ကနဦး ကိုဗစ်အတည်ပြု လူနာ ၃ဦး တွေ့ရှိခဲ့ရသောကြောင့် ဆေးရုံတစ်ခုလုံးကို စက် တင်ဘာလ ၁ဝရက် ညနေပိုင်းက လော့ဒေါင်း ချ၍ လူနာများ ၊ လူနာစောင့်များ နှင့် ဆေးရုံအတွင်းရှိ ဝန် ထမ်း အားလုံးကို အသွားအလာကန့်သတ်ထားကာ ဓာတ်ခွဲနမူနာများ ရယူ၍ စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် ဝန်ထမ်းအများအပြား ပိုးတွေ့ရှိရခြင်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page