လော့ဒေါင်းချထားတဲ့ ဗဟိုစည်ဆေးရုံမှ ကိုဗစ်လူနာ ၃၂ ဦး ထပ်တွေ့၊ ပုဂ္ဂလိက ဆေးရုံတခုမှာ အများဆုံးတွေ့ရခြင်းဖြစ်

လော့ဒေါင်းချထားတဲ့ ဗဟိုစည်ဆေးရုံမှ ကိုဗစ်လူနာ ၃၂ ဦး ထပ်တွေ့၊ ပုဂ္ဂလိက ဆေးရုံတခုမှာ အများဆုံးတွေ့ရခြင်းဖြစ်

လော့ဒေါင်း ချထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ဗဟိုစည်ဆေးရုံ၌ ကိုဗစ်အတည်ပြု လူနာ ၃၂ဦး ထပ်မံတွေ့ရှိရကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက ပြောပါတယ်။

ဗဟိုစည်ဆေးရုံတွင် နကဦး ကိုဗစ်အတည်ပြု လူနာ ၃ဦး တွေ့ရှိခဲ့ရသောကြောင့် ဆေးရုံတစ်ခုလုံးကို စက် တင်ဘာလ ၁၀ရက် ညနေပိုင်းက လော့ဒေါင်း ချ၍ လူနာများ ၊ လူနာစောင့်များ နှင့် ဆေးရုံဝန်ထမ်းများ အပြင်သို့ပေးမထွက်ဘဲ အသွားအလာကန့်သတ်ထားခဲ့ခြင်း ဖြစ်ပါတယ်။

“ဒီမနက်ပိုးတွေ့လူနာ စာရင်အရဆိုရင် ဗဟိုစည်ဆေးရုံက ၃၂ ဦး Positive တွေ့တာပေါ့။ အာလုံးက ဆေးရုံထဲမှာ လော့ဒေါင်း ချထားတဲ့သူတွေချည်းပဲ။ သိရသလောက် ၄၇ ဦး Swab(ဓာတ်ခွဲနမူနာ) ယူပြီး စစ်တာ ၃၂ ဦး တွေ့တာပေါ့နော်။ လောလောဆယ်က အထွေထွေဝန်ထမ်းတွေပေါ့နော်။ ထပ်ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ထပ်ပြီးတော့ ဒီနေ့ Swab ယူထားတာ ရှိသေးတယ်” ဟု ဦးကျော်ထွန်းက ပြောပါတယ်။

ဗဟိုစည်ဆေးရုံမှ ထပ်တိုး ပိုးတွေ့လူနာ ၃၂ ဦးတွင် လမ်းမတော်မြို့နယ်အတွင်း နေထိုင်သူ ၉ ဦးပါဝင်ပြီး ကျန်ကိုဗစ်အတည်ပြုလူနာများမှာ အခြားမြို့နယ်နေထိုင်သူများဖြစ်ကြောင်း နှင့် လမ်းမတော်မြို့နယ်တွင် ကိုဗစ်အတည် ပြုလူနာ ၄၅ဦး ရှိပြီဖြစ်ကြောင်း သိရပါတယ်။ လမ်းမတော်မြို့နယ်ရှိ ရွှေလမင်းဆေးရုံ၌လည်း ဝန်ထမ်းသုံးဦး ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရသောကြောင့် ဆေးရုံတစ်ခုလုံးကိုစက်တင်ဘာလ ၁၁ရက် နေ့လယ် ပိုင်းက လော့ဒေါင်း ချ၍ အသွားအလာကန့်သတ်ထားပြီး ဓာတ်ခွဲနမူနာ စစ်ဆေးမှုကိစ္စများ မသိရှိ ရသေးကြောင်း ယင်းကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page