ပဲခူးဆေးရုံကြီးအနီးက စားသောက်ဆိုင်အချို့ ဆေးရုံကြီးဝန်ထမ်းများလာရောက် စားသောက်သည်ကို လက်မခံ

ပဲခူးဆေးရုံကြီးအနီးက စားသောက်ဆိုင်အချို့ ဆေးရုံကြီးဝန်ထမ်းများလာရောက် စားသောက်သည်ကို လက်မခံ

ပဲခူးဆေးရုံကြီးအနီးရှိ စားသောက်ကုန် ဆိုင်တစ်ချို့က ဆေးရုံကြီးမှ ဝန်ထမ်းများ လာရောက်စားသောက်ခြင်းကို ယနေ့မှစ၍ လက်မခံသည်များရှိနေကြောင်း သိရပါတယ်။

“ပဲခူးဆေးရုံပတ်ပတ်လည်ကဆိုင်တွေထဲက တချို့ ဆေးရုံထဲက သူနာပြု/ ၀န်ထမ်းငယ်လေးတွေ အခုနေ့ခင်း ထမင်းဟင်းထွက်၀ယ်တော့ အခြားစားသုံးသူတွေရှိပါလျှက်နဲ့ ရောင်းစရာ ဘာမှမရှိဖူးလို့ ဆိုင်ထဲမ၀င်အောင် ငြင်းလွှတ်လိုက်လို့ သူတို့ ချုံးပွဲချ ငိုနေရရှာတယ်” ဟု သကျနွယ်မှ ကိုဆံနီက ပြောပါတယ်။

“လူလိမ်လူနာ တယောက်ကြောင့် ဆရာ၀န်သူနာပြုတွေ Q ကုန်ရတာ။ ၀ိုင်း၀န်း ဖေးမအားပေးရမှာလေ ကြောက်ရင် ဆိုင်လာမထွက်ကြပါနဲ့ ဆိုင်လာထွက်ရင်လည်း အပြစ်ကင်းစင်သူတွေကို ထပ်မစော်ကားကြဖို့ ပြင်းပြင်းထန်ထန်လေး သတိ ပေးချင် ပါတယ် ။ မိသားစုတွေ မတော်တဆပိုးကူးရင် ကျန်းမာရေး၀န်ထမ်းတွေက အသက်စွန့်ကုသပေးနေတာ နားလည်ပါဗျာ အဲလောက် အတ္တမကြီးကြပါနဲ့ “ဟု ၎င်းကပြောပါတယ်။

ယမန်နေ့က ပိူးတွေ့လူနာဟု အတည်ပြု သတ်မှတ်လိုက်သော လူနာက ထိတွေ့မှု ရာဇဝင် လိမ်ခဲ့သောကြောင့် ပဲခူးဆေးရုံကြီးရှိ ဆရာဝန် ဆရာမများ ထိတွေ့မှုခဲ့ရာ Swab ယူရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပါတယ်။

အဆိုပါ ပိုးတွေ့ လူနာသည် ရန်ကုန်တိုင်း လှိုင်မြို့နယ်မှ ပြန်လာသူ ဖြစ်ပြီး သနပ်ပင်မြို့ စဥ့်အိုးဘိုရွာတွင် နေထိုင်သူဟုသိရပါတယ်။ ၎င်းနှင့် ထိတွေ့ခဲ့သည့် ပဲခူးဆေးရုံကြီးမှ ဆရာဝန် သူနာပြု ဆေးရုံဝန်ထမ်း စုစုပေါင်း ကနဦး စိစစ်မှုအရ (၂၃) ဦး ရှိပြီး FQ ထား၍ ယနေ့ swab ယူရတော့မည်ဖြစ်ကြောင်း သိရှိရပါတယ်။

ယင်းဖြစ်စဥ်အပေါ် အခြေခံ၍ ပဲခူးဆေးရုံကြီးအနီးရှိ စားသောက်ဆိုင်တစ်ချို့က ဆေးရုံကြီးမှ ဝန်ထမ်းများ လာရောက်စားသောက်ခြင်းကို လက်မခံသည်များရှိနေခြင်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page